Sunday, May 31, 2026

မြန်မာ-အိန္ဒိယနှစ်နိုင်ငံကြား ပူးပေါင်းဆောင်ရွက်နိုင်သည့်နယ်ပယ်များကို တတ်နိုင်သည့်ဘက်မှ အင်တိုက်...

မြန်မာ-အိန္ဒိယနှစ်နိုင်ငံကြား ပူးပေါင်းဆောင်ရွက်နိုင်သည့်နယ်ပယ်များကို တတ်နိုင်သည့်ဘက်မှ အင်တိုက် အားတိုက်ပါဝင်ဆောင်ရွက်ရန် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ယနေ့ မေ ၃၀ ရက်တွင် အိန္ဒိယနိုင်ငံဆိုင်ရာ သံရုံး၊...

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် မြန်မာ-အိန္ဒိယနှစ်နိုင်ငံစီးပွားရေးဆွေးနွေးပွဲတက်ရောက်

အိန္ဒိယနိုင်ငံ၊ နယူးဒေလီမြို့တွင်ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ယနေ့ မေ ၃၁ ရက်က Taj Mahal ဟိုတယ်တွင်ကျင်းပသည့် မြန်မာ- အိန္ဒိယနှစ်နိုင်ငံစီးပွားရေးဆွေးနွေးပွဲကိုတက်ရောက်ခဲ့သည်။ ထိုသို့...

သာကေတမြို့နယ်ရှိ ဇိနမာန်အောင်စေတီတော်မြတ်ကြီးကို ရတနာစိန်ဖူးတော်၊ ငှက်မြတ်နားတော်တင်လှူပူဇော်

ရန်ကုန်တိုင်း၊ သာကေတမြို့နယ်ရှိ ဇိနမာန်အောင်စေတီတော်မြတ်ကြီးကို မေ ၃၀ ရက်နံနက်ပိုင်းက ရတနာစိန်ဖူးတော်၊ ငှက်မြတ်နားတော်တင်လှူပူဇော်ရာ နိုင်ငံတော်သံဃမဟာနာယကဥက္ကဋ္ဌ၊ သန်လျင်မင်းကျောင်းဆရာတော်ကြီးအမှူးပြုသည့် ဆရာတော်၊ သံဃာတော်များကြွရောက်တော်မူခဲ့ကြသည်။ ထို့ပြင် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်...

ကရင်ပြည်နယ် အသေးစား၊ အငယ်စားနှင့် အလတ်စား...

ဒေသတွင်းထုတ်ကုန်များ၏ အရည်အသွေးမြင့်မားစေရန်နှင့် ဈေးကွက်ကျယ်ပြန့်စေရန် ချိတ်ဆက်ပေးခြင်းကို ဆောင်ရွက်ပေးနိုင်ရန်အတွက် ကရင်ပြည်နယ် အသေးစား၊ အငယ်စားနှင့် အလတ်စား MSME ထုတ်ကုန်ပြပွဲနှင့်ဈေးရောင်းပွဲတော်ကို မေ ၃၀...
HomeNewsLocal Newsနိုင်ငံခြားငွေလဲနှုန်းများ အဆမတန် မြင့်တက်လာ၍...

နိုင်ငံခြားငွေလဲနှုန်းများ အဆမတန် မြင့်တက်လာ၍ ငွေလဲကောင်တာအချို့ အရောင်းရပ်နားထား

ယမန်နေ့ ဩဂုတ်လ (၁၀) ရက်မှစတင်ပြီး ပြည်တွင်းငွေလဲဈေးကွက်တွင် ငွေလဲဈေးနှုန်းများ မငြိမ်မသက်ဖြစ်ပေါ်နေကာ ဈေးနှုန်းအဆမတန်မြင့်တက်မှုများကြောင့် ငွေလဲကောင်တာအချို့ အရောင်းရပ်နားထားကြောင်း သိရသည်။

စင်ကာပူထိပ်သီးဘဏ် United Oversea Bank (UOB) က မြန်မာပြည်အခြေစိုက် ဘဏ်လုပ်ငန်းများနှင့် ဆက်နွယ်ပတ်သက်နေမှုကို ဖြတ်တောက်ရန် ပြင်ဆင်နေကြောင်းအသိပေးပြီးနောက်ပိုင်း ပြည်တွင်းရှိ နိုင်ငံခြားငွေလဲ‌​စျေးကွက်တွင် ငွေကြေးဈေးလှယ်နှုန်း အဆမတန်မြင့်တက်လာခဲ့ခြင်းဖြစ်သည်။

“အခုက ငွေလဲနှုန်းက ဆက်တိုက်မြင့်လာတာ။ လောလောဆယ်တော့ အရောင်းရပ်ထားတယ်။ ဈေးနည်းနည်းပြန်ငြိမ်ရင်တော့ ပြန်ဖွင့်မှာပါ “ဟု ရန်ကုန်အခြေစိုက် ငွေလဲကောင်တာတစ်ခုမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ယနေ့ ဩဂုတ်လ (၁၁) ရက် နေ့လယ်ပိုင်း ငွေလဲနှုန်းများမှာ အမေရိကန်ဒေါ်လာ တစ်ဒေါ်လာ ၃၆၀၀ ကျပ်၊ ထိုင်းတစ်ဘတ်လျှင် ၁၀၀ ကျပ်၊ တရုတ်ယွမ်ငွေ တစ်ယွမ်လျှင် ၄၈၉ ကျပ်၊ မလေးရှားရင်းဂစ် တစ်ရင်းဂစ်လျှင် ၇၆၅ ကျပ်နှင့် ဂျပန်တစ်ယန်းလျှင် ၂၄.၂၄ ကျပ်တို့ အသီးသီးရှိနေကြောင်း ပြင်ပငွေလဲလှယ်ရေးစျေးကွက်မှ သိရသည်။

ထို့ပြင် ဒေါ်လာဈေးအဆမတန် မြင့်တက်လာမှုကြောင့် ပြည်တွင်းစက်သုံးဆီဈေးနှုန်းလည်း မြင့်တက်လာခဲ့သလို ရွှေဈေးနှုန်းမှာလည်း အကယ်ဒမီ မီးလင်းရွှေတစ်ကျပ်သားလျှင် ၃၇၂၀၀၀၀ အထိ စံချိန်တင်မြင့်တက်ခဲ့ကြောင်း သိရသည်။

ယင်းအပြင် ငွေကြေးလှယ်နှုန်းများမှာ နေ့စဥ်မြင့်တက်လာခဲ့ရာမှ ဩဂုတ် ၁၀ ရက်တွင် သိသိသာသာ ပိုမိုမြင့်တက်လာခဲ့ပြီး ငွေလဲကောင်တာများပင် အရောင်းအဝယ်ရပ်ထားရကာ နယ်စပ်ကုန်သွယ်ရေးဂိတ်များ၌လည်း အကန့်အသတ်ဖြင့်သာ အရောင်းအဝယ်ပြုလုပ်ခဲ့ကြကြောင်း နယ်စပ်ကုန်သည်များ၏ ပြောပြချက်အရ သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

မြန်မာ-အိန္ဒိယနှစ်နိုင်ငံကြား ပူးပေါင်းဆောင်ရွက်နိုင်သည့်နယ်ပယ်များကို တတ်နိုင်သည့်ဘက်မှ အင်တိုက် အားတိုက်ပါဝင်ဆောင်ရွက်ရန် နိုင်ငံတော်သမ္မတမှာကြား

မြန်မာ-အိန္ဒိယနှစ်နိုင်ငံကြား ပူးပေါင်းဆောင်ရွက်နိုင်သည့်နယ်ပယ်များကို တတ်နိုင်သည့်ဘက်မှ အင်တိုက် အားတိုက်ပါဝင်ဆောင်ရွက်ရန် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ယနေ့ မေ ၃၀ ရက်တွင် အိန္ဒိယနိုင်ငံဆိုင်ရာ သံရုံး၊ စစ်သံရုံး မိသားစုများ၊ ပညာတော်သင် သင်တန်းသားများအား အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာသံရုံး၌တွေ့ဆုံစဥ် မှာကြားခဲ့ခြင်းဖြစ်သည်။ ပြည်ပနိုင်ငံတွင်ရောက်ရှိနေချိန်အတွင်းရရှိသည့် အားလပ်ချိန်များတွင် အင်္ဂလိပ်စာနှင့် ကွန်ပျူတာနည်းပညာ ပိုင်းဆိုင်ရာများကို တစ်ဦးချင်းလေ့လာရန်လိုအပ်ကာ နောင်တစ်ချိန်တွင် တိုင်းပြည်အတွက်စွမ်းဆောင်နိုင်သူများဖြစ်ရန်မျှော်လင့်သည်ဟု ပြောသည်။ ထို့ပြင် မြန်မာ-အိန္ဒိယနှစ်နိုင်ငံကြား ပူးပေါင်းဆောင်ရွက်နိုင်သည့်နယ်ပယ်များကို တတ်နိုင်သည့်ဘက်မှ အင်တိုက် အားတိုက် ပါဝင်ဆောင်ရွက်စေလိုကာ မြန်မာနိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် အိန္ဒိယနိုင်ငံတွင်တာဝန်ထမ်းဆောင်လျက်ရှိသည့် သံရုံး၊ စစ်သံရုံးမိသားစုများအနေဖြင့် တတ်နိုင်သည့်ဘက်မှဝိုင်းဝန်းဆောင်ရွက်ရန်၊...

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် မြန်မာ-အိန္ဒိယနှစ်နိုင်ငံစီးပွားရေးဆွေးနွေးပွဲတက်ရောက်

အိန္ဒိယနိုင်ငံ၊ နယူးဒေလီမြို့တွင်ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ယနေ့ မေ ၃၁ ရက်က Taj Mahal ဟိုတယ်တွင်ကျင်းပသည့် မြန်မာ- အိန္ဒိယနှစ်နိုင်ငံစီးပွားရေးဆွေးနွေးပွဲကိုတက်ရောက်ခဲ့သည်။ ထိုသို့ တက်ရောက်ပြီးနောက် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က မိန့်ခွန်းပြောကြားကာ တက်ရောက်လာသူများမှ မေးခွန်းမေးမြန်းမှုများကို ပြန်လည်ဖြေကြားပြီး မြန်မာ-အိန္ဒိယနှစ်နိုင်ငံစီးပွားရေးဆွေးနွေးပွဲတက်ရောက်သူများနှင့်အတူ နေ့လယ်စာသုံးဆောင်ခဲ့သည်။

သာကေတမြို့နယ်ရှိ ဇိနမာန်အောင်စေတီတော်မြတ်ကြီးကို ရတနာစိန်ဖူးတော်၊ ငှက်မြတ်နားတော်တင်လှူပူဇော်

ရန်ကုန်တိုင်း၊ သာကေတမြို့နယ်ရှိ ဇိနမာန်အောင်စေတီတော်မြတ်ကြီးကို မေ ၃၀ ရက်နံနက်ပိုင်းက ရတနာစိန်ဖူးတော်၊ ငှက်မြတ်နားတော်တင်လှူပူဇော်ရာ နိုင်ငံတော်သံဃမဟာနာယကဥက္ကဋ္ဌ၊ သန်လျင်မင်းကျောင်းဆရာတော်ကြီးအမှူးပြုသည့် ဆရာတော်၊ သံဃာတော်များကြွရောက်တော်မူခဲ့ကြသည်။ ထို့ပြင် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ဥက္ကဋ္ဌ ဦးဋ္ဌေးအောင်နှင့် တာဝန်ရှိသူများ၊ အလှူရှင်များတက်ရောက်ကြည်ညိုပြီး ရတနာစိန်ဖူးတော်နှင့် ငှက်မြတ်နားတော်တို့ကို စေတီတော်မြတ်ကြီးအား လက်ယာရစ်ပင့်ဆောင်၍ မင်္ဂလာရထားပျံဖြင့်တင်လှူကာ စေတီတော်အထွတ်တွင် တပ်ဆင်ပူဇော်ခဲ့ကြသည်။ ထို့နောင် သန်လျင်မင်းကျောင်းဆရာတော်ကြီးအမှူးပြုသည့် ဆရာတော်၊ သံဃာတော်များက စေတီတော်မြတ်ကြီးအား ဗုဒ္ဓါဘိသေက အနေကဇာတင်တော်မူခဲ့ကြသည်။ Photo- Ko Aung Myint

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071