ထိုင်းနိုင်ငံအတွင်း နေထိုင်ကြသည့် မြန်မာနိုင်ငံသားများအနေဖြင့် နိုင်ငံကူးလက်မှတ်များအား ကိုယ်တိုင်ဖြစ်စေ၊ မသမာသူများကဖြစ်စေ ပြင်ဆင်ခြင်း၊ အတုပြုလုပ်ထားခြင်းအား စိစစ်တွေ့ရှိပါက နိုင်ငံကူးလက်မှတ်ကို ချက်ချင်းပယ်ဖျ-က်ရုံသာမက သက်ဆိုင်ရာနိုင်ငံ၏ ဥပဒေအရအရေးယူခြင်းခံရမည်ဖြစ်ကြောင်း ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးက အသိပေးထုတ်ပြန်ထားသည်။
လက်ရှိ အချိန်တွင် ထိုင်း-မြန်မာ နှစ်နိုင်ငံနိုင်ငံ အာဏာပိုင်များပူးပေါင်း၍ နိုင်ငံကူးလက်မှတ် အတုပြုလုပ်ခြင်း၊ ပြင်ဆင်ထားခြင်းတို့အား နည်းပညာမြင့် စက်များဖြင့် စိစစ်လျက်ရှိလျက်ရှိပြီး ပျေ-ာက်ဆုံးခဲ့ပါက ပြည်ထဲရေးဝန်ကြီး ဌာန၏ စိစစ်ခွင့်ပြုချက်ဖြင့်သာ နိုင်ငံကူးလက်မှတ်အသစ်ပြန်ထုတ်ပေးနိုင်ကြောင်း အသိပေးချက်တွင်ဖော်ပြထားသည်။
ထို့ကြောင့် နိုင်ငံကူးလက်မှတ်ပါ အချက်အလက်များကို ပြောင်းလဲခြင်း၊ ပြင်ဆင်ခြင်း၊ ချွတ်ယွင်းအောင်ပြုလုပ်ခြင်း၊ စာမျက်နှာများအား စု-တ်ဖြဲခြင်း၊ မသက်ဆိုင်သူများက တံဆိပ်ခေါင်းများကပ်ခြင်း၊ အခြားအမှတ်အသားများဖြည့်စွက်ခြင်းများ မပြုလုပ်ရန်နှင့် စိစစ်တွေ့ရှိပါက ကိုင်ဆောင်သူနှင့် ပြုလုပ်ပေးသူတို့အား ဥပဒေအရ အရေးယူမည်ဖြစ်ကာ နိုင်ငံကူးလက်မှတ်ပယ်ဖျက်ခြင်းအား ချက်ချင်း ပြုလုပ်သွားမည်ဖြစ်ကြောင်း ဆိုသည်။
နိုင်ငံကူးလက်မှတ်နှင့်ပတ်သက်၍ အခက်အခဲတစ်စုံတရာရှိပါက မြန်မာသံရုံးနှင့် မြန်မာကောင်စစ်ဝန်ရုံး၊ ချင်းမိုင်မြို့တို့တွင် လူကိုယ်တိုင် လာရောက်ဆက်သွယ်ဆောင်ရွက်နိုင်ကြောင်း အသိပေးထားသည်။