Thursday, December 18, 2025

သီပေါမြို့နယ်၌ အွန်လိုင်းလိမ်လည်လောင်းကစားမှုလုပ်ကိုင်သူ တရုတ်နိုင်ငံသား(၅)ဦး၊ မြန်မာနိုင်ငံသူ(၁)...

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ သီပေါမြို့နယ်၊ ပန်စင် ကျေးရွာအနီး၌ အွန်လိုင်းလိမ်လည်လောင်းကစားမှုလုပ်ကိုင်သူ တရုတ်နိုင်ငံသား(၅)ဦး၊ မြန်မာနိုင်ငံသူ(၁) ဦး၊ SSPP/SSA တပ်ဖွဲ့ဝင်(၃)ဦးတို့အား ဆက်စပ်ပစ္စည်းများနှင့်အတူ ယနေ့ ဒီဇင်ဘာ...

မြန်မာနိုင်ငံအပေါ်အကျိုးသက်ရောက်မှုမရှိသည့် လေဖိအားနည်းရပ်ဝန်းတစ်ခု ဘင်္ဂလားပင်လယ်အော်၌ ဒီဇင်ဘာ...

မြန်မာနိုင်ငံအပေါ်အကျိုးသက်ရောက်မှုမရှိသည့် လေဖိအားနည်းရပ်ဝန်းတစ်ခု ဘင်္ဂလားပင်လယ်အော်၌ ဒီဇင်ဘာ ၂၂ ရက်တွင်ဖြစ်ပေါ်နိုင်သည်ဟု မိုးလေဝသမြန်မာ (ရန်ကုန်ဌာနခွဲ) ၏ ယနေ့ ဒီဇင်ဘာ ၁၇ ရက်ထုတ်ပြန်ချက်အရ...

မြန်မာနိုင်ငံတော်ယာယီသမ္မတထံ အယ်လ်ဂျီးရီးယားနိုင်ငံသံအမတ်ကြီး သံအမတ်ခန့်အပ်လွှာပေးအပ်

ကုန်သွယ်ရေး၊ စီးပွားရေးနှင့် ခရီးသွားလုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရန်ဆွေးနွေး မြန်မာနိုင်ငံတော် ယာယီသမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ထံ မြန်မာနိုင်ငံဆိုင်ရာ အယ်လ်ဂျီးရီးယားနိုင်ငံသံအမတ်ကြီးက ၎င်း၏ သံအမတ်ခန့်အပ်လွှာကိုပေးအပ်ခဲ့ကြောင်း...

လယ်ယာလုပ်ငန်းဝန်ဆောင်မှုလုပ်နေသော ကုမ္ပဏီတစ်ခု စတော့ဈေးကွက်သို့ စတင်ဝင်ရောက်လာ

ရန်ကုန်စတော့အိတ်ချိန်းဈေးကွက်တွင် ရှယ်ယာတင်ရောင်းနေသော ကုမ္ပဏီ(၇)ခုခန့်ရှိရာတွင် စွမ်းအင်၊ ဘဏ်၊ ကုန်စည်ပို့​ဆောင်​ရေး၊ နည်းပညာ ကုမ္ပဏီကြီးများ ပါဝင်ပြီး လယ်ယာနှင့် ပတ်သက်သည့် ကုမ္ပဏီက ယနေ့တွင်...
HomeNewsLocal Newsနယ်စပ်မှ တင်ပို့သည့် ပို့ကုန်အချို့ကို...

နယ်စပ်မှ တင်ပို့သည့် ပို့ကုန်အချို့ကို ဘတ် သို့မဟုတ် ယွမ်‌ငွေဖြင့် ပေးချေခွင့်ပြု၊ ဝင်ငွေ၏ ၆၅ ရာခိုင်နှုန်းကို ဗဟိုဘဏ် သတ်မှတ်နှုန်းဖြင့် လဲလှယ်ရမည်

နယ်စပ်ဂိတ်များမှတဆင့် ပြည်ပသို့ပို့ကုန် တင်ပို့သူများအနေဖြင့်  ရရှိသည့် ပို့ကုန်ရငွေကို ဘတ်နှင့် ယွမ်တို့ဖြင့် ပြန်လည်ပေးချေနိုင်ပြီး ၆၅ ရာခိုင်နှုန်းကို ဗဟိုဘဏ်မှ သတ်မှတ်ဈေးနှုန်းဖြင့် မြန်မာကျပ်ငွေသို့ လဲလှယ်ရမည်ဟု သိရသည်။

နိုင်ငံခြားသုံးငွေ ကြီးကြပ်ရေးကော်မတီ၏ (၆၆/ ၂၀၂၂) အစည်းအဝေး ဆုံးဖြတ်ချက်အရ ယင်းသို့ ဆုံးဖြတ်ခဲ့ခြင်းဖြစ်ပြီး ဒေါ်လာဖြင့် ငွေပေးချေမှု ပြုလုပ်ရန် အခက်အခဲရှိသည့် ပြည်ပပို့ကုန်အချို့ကို ယင်းကဲ့သို့ တရုတ်ယွမ် သို့မဟုတ် ထိုင်းဘတ်ငွေတို့ဖြင့် တစ်ခုခုဖြင့် ပေးချေရန် ခွင့်ပြုခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ ပို့ကုန်များထဲတွင် ပဲမျိုးစုံ (ပဲတီစိမ်း၊ မတ်ပဲ၊ ကု လားပဲ၊ပဲစဉ်းငုံ)၊ ဆီထွက်သီးနှံ(မြေပဲ၊နှမ်း)၊ ပြောင်း၊ ရော် ဘာ၊ ရေထွက်ပစ္စည်း (ငါးမျိုးစုံ၊ ပုဇွန်၊ ဂဏန်း၊ ငါး ရှဉ့်)၊ တိရစ္ဆာန်နဲ့ တိရစ္ဆာန်ထွက်ပစ္စည်း (ကျွဲ၊ နွား၊ ဆိတ်အရှင်၊ သားရေ၊ အေးခဲအသား၊ အသားခြောက်) စသည့် ကုန်ပ စ္စည်းများ ပါဝင်ပြီး ယင်း ကုန်ပစ္စည်းများ၏ ပို့ကုန်ရငွေထဲမှ ၆၅ ရာခိုင်နှုန်းကို ဗဟိုဘဏ်မှတဆင့် ကျပ်ငွေဖြင့် ပြန်လည် လဲလှယ်ရမည်ဖြစ်သည်။

ထိုင်း – မြန်မာနယ်စပ်နှင့် တရုတ်နိုင်ငံသို့ အများဆုံးတင်ပို့နေသည့် အဆိုပါ ကုန်ပစ္စည်းများ၏ ပို့ကုန်ရငွေကို ဘတ်ငွေ သို့မဟုတ် ယွမ်ငွေဖြင့် ပြန်လည် လဲလှယ်ရောင်းချမည်ဆိုပါက လိုင်စင်လျှောက်ထားရန်လိုအပ်ပြီး ဗဟိုဘဏ် သတ်မှတ်နှုန်းအတိုင်း ဗဟိုဘဏ်သို့ ပြန်လည်ရောင်း ချပေးရမည် ဖြစ် သည်။

ယခင်က ပြည်ပပို့ကုန်သမားများအနေဖြင့် ကန်ဒေါ်လာဖြင့် ရရှိသည့် ပို့ကုန်ရငွေ၏ ၆၅ ရာခိုင်နှုန်းကိုသာ ပြန် လည်လဲလှည်ရန် ဗဟိုဘဏ်က ညွှန်ကြားထားခြင်းဖြစ်ပြီး လက်ရှိတွင် အဆိုပါ မူဝါဒအတိုင်း ဘတ်နှင့် ယွမ်ဖြင့် ရရှိသည့် ပို့ကုန်ရငွေ၏ ၆၅ ရာခိုင်နှုန်းကိုပါ  လဲလှယ်ရန် ညွှန်ကြားခြင်း ဖြစ်သည်။

အဆိုပါ ပို့ကုန်ရငွေထဲမှ ကျန်ရှိသည့် ၃၅ ရာခိုင်နှုန်းကို ကိုယ်တိုင်အသုံးပြုခြင်း ၊ AD လိုင်စင်ရဘဏ်များသို့ ရောင်းချခြင်းနှင့် AD ဘဏ်မဟုတ်သည့် အခြားသူများထံ ရောင်းချခြင်းများကို လွတ်လပ်စွာ ဆောင်ရွက်နိုင်ကြောင်းလည်း ဗဟိုဘဏ်က ထုတ်ပြန်ထားခြင်း ဖြစ်သ ည်။

ယင်းသို့ လုပ်ဆောင်ရာတွင်လည်း ပို့ကုန်ရငွေ ဝင်ရောက်သည့်နေ့မှ ရက် (၃၀) အတွင်း ဆောင်ရွက်ရမည်ဖြစ်ပြီး ရက်(၃၀) ပြည့်၍ ကျန်ရှိနေသည့်ငွေများကို AD လိုင်စင်ရဘဏ်များမှတဆင့် ပြန်လည်ရောင်းချရမည်ဟု ညွှန်ကြားထားခြင်း ဖြစ်သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

သီပေါမြို့နယ်၌ အွန်လိုင်းလိမ်လည်လောင်းကစားမှုလုပ်ကိုင်သူ တရုတ်နိုင်ငံသား(၅)ဦး၊ မြန်မာနိုင်ငံသူ(၁) ဦး၊ SSPP/SSA တပ်ဖွဲ့ဝင်(၃)ဦးတို့အား ဆက်စပ်ပစ္စည်းများနှင့်အတူဖမ်းမိ

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ သီပေါမြို့နယ်၊ ပန်စင် ကျေးရွာအနီး၌ အွန်လိုင်းလိမ်လည်လောင်းကစားမှုလုပ်ကိုင်သူ တရုတ်နိုင်ငံသား(၅)ဦး၊ မြန်မာနိုင်ငံသူ(၁) ဦး၊ SSPP/SSA တပ်ဖွဲ့ဝင်(၃)ဦးတို့အား ဆက်စပ်ပစ္စည်းများနှင့်အတူ ယနေ့ ဒီဇင်ဘာ ၁၇ ရက်နံနက်ပိုင်းက ဖမ်း ဆီးရမိခဲ့ကြောင်း သိရသည်။ လုံခြုံရေးအဖွဲ့ဝင်များမှ ပန်စင်ကျေးရွာအနီး၌ အွန်လိုင်းလိမ်လည်လောင်းကစားမှုလုပ်ကိုင်နေကြောင်း သ တင်းအရ ရှာဖွေစစ်ဆေးမှုများပြုလုပ်ရာ လက်နက် ကိုင်(၂)ဦးက လုံခြုံရေးအဖွဲ့ဝင်များအား စတင်ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် ပြန်လည်ပစ်ခတ်ခဲ့ပြီးနောက် ၎င်းတို့ စတင်ပစ်ခတ်သည့်နေရာအားဝင်ရောက်ရှင်းလင်းခဲ့ရာ SSPP/SSA တပ်ဖွဲ့ဝင်(၃)ဦးအား AK-47 (၁)လက်၊ M-22 (၁)လက်၊ MK-12 (၁)လက်၊ ပွိုင့်-၂၂...

မြန်မာနိုင်ငံအပေါ်အကျိုးသက်ရောက်မှုမရှိသည့် လေဖိအားနည်းရပ်ဝန်းတစ်ခု ဘင်္ဂလားပင်လယ်အော်၌ ဒီဇင်ဘာ ၂၂ ရက်တွင်ဖြစ်ပေါ်နိုင်

မြန်မာနိုင်ငံအပေါ်အကျိုးသက်ရောက်မှုမရှိသည့် လေဖိအားနည်းရပ်ဝန်းတစ်ခု ဘင်္ဂလားပင်လယ်အော်၌ ဒီဇင်ဘာ ၂၂ ရက်တွင်ဖြစ်ပေါ်နိုင်သည်ဟု မိုးလေဝသမြန်မာ (ရန်ကုန်ဌာနခွဲ) ၏ ယနေ့ ဒီဇင်ဘာ ၁၇ ရက်ထုတ်ပြန်ချက်အရ သိရသည်။ ဘင်္ဂလားပင်လယ်အော် (တောင်ပိုင်း) တွင် ဒီဇင်ဘာ ၂၀ ရက်၌ လေဖိအားနည်းဆဲလ်တစ်ခုဖြစ်ပေါ်လာနိုင်ပြီး ယင်းလေဖိအားနည်းဆဲလ်သည် အနောက်ဘက်သို့ရွေ့လျားကာ ဒီဇင်ဘာ ၂၂ ရက်တွင် လေဖိအားနည်းရပ်ဝန်းအဖြစ်ပိုမိုအားကောင်းလာနိုင်ကြောင်း သိရသည်။ အဆိုပါ လေဖိအားနည်းရပ်ဝန်း၏အရှိန်သည် မြန်မာ့ပင်လယ်ပြင်နှင့် မြန်မာနိုင်ငံအပေါ် အကျိုးသက် ရောက်မှုမရှိနိုင်ဟုလည်း မိုးလေဝသမြန်မာ (ရန်ကုန်ဌာနခွဲ) ၏ ထုတ်ပြန်ချက်အရ သိရသည်။

မြန်မာနိုင်ငံတော်ယာယီသမ္မတထံ အယ်လ်ဂျီးရီးယားနိုင်ငံသံအမတ်ကြီး သံအမတ်ခန့်အပ်လွှာပေးအပ်

ကုန်သွယ်ရေး၊ စီးပွားရေးနှင့် ခရီးသွားလုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရန်ဆွေးနွေး မြန်မာနိုင်ငံတော် ယာယီသမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ထံ မြန်မာနိုင်ငံဆိုင်ရာ အယ်လ်ဂျီးရီးယားနိုင်ငံသံအမတ်ကြီးက ၎င်း၏ သံအမတ်ခန့်အပ်လွှာကိုပေးအပ်ခဲ့ကြောင်း သိရသည်။ မြန်မာနိုင်ငံတော် ယာယီသမ္မတမှ အယ်လ်ဂျီးရီးယားနိုင်ငံသံအမတ်ကြီး သံအမတ်ခန့်အပ်လွှာအား ယနေ့ ဒီဇင်ဘာ ၁၇ ရက်နံနက်ပိုင်းက နေပြည်တော်ရှိ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီရုံး သံတမန်ဆောင်ဧည့်ခန်းမ၌ လက်ခံရယူခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ထို့နောက် မြန်မာနိုင်ငံတော် ယာယီသမ္မတနှင့် အယ်လ်ဂျီးရီးယားနိုင်ငံသံအမတ်ကြီးတို့သည် နှစ်နိုင်ငံကြား ခိုင်မာပြီးရှည်လျားသည့် သံတမန်ဆက်ဆံရေးရှိမှု၊ ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများဆက်လက်တိုးမြှင့်ဆောင်ရွက်မည့်အခြေအနေများကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။ ထို့ပြင် နှစ်နိုင်ငံကြားကုန်သွယ်ရေး၊ စီးပွားရေးနှင့်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071