Saturday, August 8, 2026

မြန်မာနိုင်ငံအနေဖြင့် နိုင်ငံသားများ၏ အခွင့်အရေးများနစ်နာဆုံးရှုံးမှုမရှိစေရေး ဥပဒေနှင့်အညီကာကွယ်စောင့်ရှောက်ပေးသွားမည်ဟု...

မြန်မာနိုင်ငံအနေဖြင့် နိုင်ငံသားများ၏ အခွင့်အရေးများနစ်နာဆုံးရှုံးမှုမရှိစေရေး ဥပဒေနှင့်အညီကာကွယ်စောင့်ရှောက်ပေးသွားမည်ဟု နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ကပြောကြားသည်။ နိုင်ငံတော်သမ္မတ က ယနေ့ သြဂုတ် ၇ ရက်နံနက်ပိုင်းတွင် မြန်မာသံရုံး၊...

မြန်မာနိုင်ငံ၏ နိုင်ငံရေး၊ စီးပွားရေးနှင့် နိုင်ငံ့အကျိုးစီး...

မြန်မာနိုင်ငံ၏ နိုင်ငံရေး၊ စီးပွားရေးနှင့် နိုင်ငံ့အကျိုးစီး ပွားတိုးတက်လာစေရေး နိုင်ငံ့ဝန်ထမ်းကောင်းပီသစွာဆောင်ရွက်ပြီး နိုင်ငံ့ဂုဏ်မြှင့်တင်ရန် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် က ယနေ့ သြဂုတ် ၇...

မြန်မာ-ထိုင်းနှစ်နိုင်ငံလွှတ်တော်နှစ်ရပ်ကြား ဥပဒေပြုရေးဆိုင်ရာများတွင် အတွေ့အကြုံများအပြန်အလှန်ဖ လှယ်လိုဟု...

မြန်မာ-ထိုင်းနှစ်နိုင်ငံလွှတ်တော်နှစ်ရပ်ကြား၌ ကောင်း မွန်သည့်ပူးပေါင်းဆောင်ရွက်မှုများကို ဖော်ဆောင်သွားမည်ဖြစ်ကာ ဥပဒေပြုရေးဆိုင်ရာများတွင် အတွေ့အ ကြုံများအပြန်အလှန်ဖလှယ်လိုဟု ထိုင်းအမျိုးသားလွှတ်တော် ယာယီဥက္ကဋ္ဌ မစ္စတာ မုံခွန်း ဆူရာဆာဂျာ ကဆွေးနွေးပြောဆိုသည်။ ထိုင်းနိုင်ငံ၌...

စာသင်ကျောင်းများနှင့် ဆေးရုံများကို ရေပြန်လည်ကျဆင်းချိန်၌ အမြန်ပြန်လည်ဖွင့်လှစ်နိုင်ရေးကြိုတင်ပြင်ဆင်ရန်...

ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်ရှိ ငဝန်ရေကာတာ တာဘောင်ကျိုးကျမှုကြောင့် မြို့နယ်အတွင်း၌ ရေကြီးရေလျှံမှုများဖြစ်ပေါ်နေသဖြင့် အခြေခံပညာစာသင် ကျောင်းများနှင့် ဆေးရုံများကို ယာယီပိတ်ထားရကြောင်း သိရသည်။ ထို့ကြောင့် ရေများပြန်လည်ကျဆင်းသွားချိန်၌ ယာယီပိတ်ထားရသော...
HomeNewsLocal Newsနယ်စပ်ကုန်သွယ်ရေးစခန်းမှရသည့် ကုန်သွယ်ငွေ ယခင်ကာလတူ...

နယ်စပ်ကုန်သွယ်ရေးစခန်းမှရသည့် ကုန်သွယ်ငွေ ယခင်ကာလတူ သန်း၁၀၀၀ကျော်လျှော့ကျ

နယ်စပ်ကုန်သွယ်ရေးစခန်းမှရသည့် ကုန်သွယ်ငွေ ယခင်ကာလတူ သန်း၁၀၀၀ကျော်လျှော့ကျ

၂၀၂၁ခုနှစ် နောက်ဆုံး၃လအတွင်း(အောက်တိုဘာ၊နိုဝင်ဘာ၊ဒီဇင်ဘာ) မြန်မာ-တရုတ်၊မြန်မာ-ထိုင်း၊မြန်မာ-အိန္ဒိယနှင့် မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်ကုန်သွယ်ရေးစခန်းအသီးသီးမှ ကုန်သွယ်မှုရငွေမှာ အမေရိကန်ဒေါ်လာသန်းပေါင်း ၁၅၇၅.၄၃၄သန်း ဖြစ်သည်ဟု နစကစီးပွားရေးနှင့်ကူးသန်းရောင်စဝယ်ရေးဝန်ကြီးဌာနက စာရင်းထုတ်ပြန်လိုက်ပြီး ပို့ကုန်မှ ရငွေမှာ အမေရိကန်ဒေါ်လာ ၁၁၀၂.၉ ၈၇သန်း၊သွင်းကုန်မှ ရငွေမှာအမေရိကန်ဒေါ်လာ ၄၇၂.၄၄၇ သန်း ဖြစ်သည်ဟု ထုတ်ပြန်ချက်ကဆိုသည်။

၃လတာအတွင်း နယ်စပ်ကုန်သွယ်မှုမှ ရရှိသည့် အမေရိကန်ဒေါ်လာသန်း၁၅၀၀ကျော်ထဲတွင် မြန်မာ-ထိုင်းနယ်စပ်ကုန်သွယ်ရေးစခန်းများမှ ရသည့် အမေရိကန်ဒေါ်လာအရေအတွက်က ၁၂၁၀.၈၄၆သန်းရှိကာ နယ်စပ်ကုန်သွယ်ရေးစခန်းများထဲ အများဆုံးဖြစ်ခဲ့ပြီး တရုတ်နိုင်ငံနှင့် ကုန်သွယ်မှုက အမေရိကန်ဒေါ်လာ သန်း ၃၄၉.၇၆၁၊မြန်မာ-ဘင်္ဂလားဒေ့ရှ် ကုန်သွယ်မှုက အမေရိကန်ဒေါ်လာ ၁၀.၇၈၄သန်း၊မြန်မာ-အိန္ဒိယကုန်သွယ်မှုက အမေရိကန်ဒေါ်လာ၄.၀၄၃သန်း ဖြစ်သည်ဟု တွေ့ရှိရသည်။

ယခု ၂၀၂၁ခုနှစ် နောက်ဆုံး ၃လတာစာရင်းအား ယခင်နှစ် နောက်ဆုံး ၃လတာစာရင်းနှင့် နှိုင်းယှဉ်လျှင် အမေရိကန်ဒေါ်လာ သန်းပေါင်း ၁၀၆၃.၁၁၄ လျှော့နည်းနေသည်ကိုတွေ့ရသည်။

နယ်စပ်ကုန်သွယ်ရေးစခန်းအားလုံးထဲ ကုန်သွယ်မှုအများဆုံး ကျဆင်းသွားသည်မှာ တရုတ်-မြန်မာကုန်သွယ်ရေးစခန်းများဖြစ်ပြီး ၂၀၂၀ နောက်ဆုံး ၃လတာကထက် ၂၀၂၁ နောက်ဆုံး၃လတာကာလက ၄ပုံ ၃ပုံခန့် ကျဆင်းလျှော့နည်းသွားသည်ဟု နစကစီးပွားကူးသန်းဝန်ကြီးဌာနကဖော်ပြသည်။

တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေးစခန်းများထဲ မူဆယ်ဂိတ်က ၂၀၂၀နောက်ဆုံး၃လတာထက် ၂၀၂၁ နောက်ဆုံး၃လတာက ပိုကျသွားသည်ကို စာရင်းအရသိရသည်။

မူဆယ်အခြေစိုက်နယ်စပ်ကုန်သည်တစ်ဦးက “အကြောင်းက ၂၀၂၁ ဧပြီမှာ တရုတ်က မန့်ဝိန်းဂိတ်ကို ကိုဗစ်ကိစ္စနဲ့ ယာယီပိတ်လိုက်တယ်။ကျင့်စန်းကျော့ဂိတ်ကိုတော့ ၂၀၂၁ ဇူလိုင် ၈ရက်မှာ ပိတ်လိုက်တယ်။အခြေအနေ ကောင်းချိန်ဆို ဒီဂိတ်တွေက တစ်နေ့ကို ကားအဝင်အထွက်က အစီး၄၀၀၀န်းကျင်ရှိတာ တွက်ကြည့်လိုက်ရင် အတော်လေးမြင်နိုင်မယ်။နောက်တော့ တရုတ်က နိုဝင်ဘာ ၂၆ရက်နဲ့ ဒီဇင်ဘာ ၁ရက်နေ့တွေမှာ ပိတ်ထားတဲ့ ဂိတ်တွေကို ပြန်ဖွင့်လိုက်တယ်။မူဝါဒတွေက ပြောင်းနေတော့ အဝင်အထွက်က အရင်လောက်မများတော့ဘူး။နောက်ပြီး အခုအချိန်မှာ ဆိုရင် ကျင့်စန်းကျော့ဂိတ်ကနေ တရုတ်ဝမ်တိန်ကို ကားခကို ယွမ်၃သောင်းခွဲ မြန်မာငွေ သိန်း၁၀၀ကျော်ဈေးပေါက်နေတယ်။ဘယ်လောက်မှဝေးတာမဟုတ်ဘူးနော်။ဒီလိုတွေ ဖြစ်နေတော့ အရင်ထက်စာရင် ကုန်သွယ်မှုက ထိုးဆင်းသွားတယ်”ဟု ပြောပြသည်။

Zaw Gyi

နယ္စပ္ကုန္သြယ္ေရးစခန္းမွရသည့္ ကုန္သြယ္ေငြ ယခင္ကာလတူ သန္း၁၀၀၀ေက်ာ္ေလွ်ာ့က်

၂၀၂၁ခုႏွစ္ ေနာက္ဆုံး၃လအတြင္း(ေအာက္တိုဘာ၊ႏိုဝင္ဘာ၊ဒီဇင္ဘာ) ျမန္မာ-တ႐ုတ္၊ျမန္မာ-ထိုင္း၊ျမန္မာ-အိႏၵိယႏွင့္ ျမန္မာ-ဘဂၤလားေဒ့ရွ္ နယ္စပ္ကုန္သြယ္ေရးစခန္းအသီးသီးမွ ကုန္သြယ္မႈရေငြမွာ အေမရိကန္ေဒၚလာသန္းေပါင္း ၁၅၇၅.၄၃၄သန္း ျဖစ္သည္ဟု နစကစီးပြားေရးႏွင့္ကူးသန္းေရာင္စဝယ္ေရးဝန္ႀကီးဌာနက စာရင္းထုတ္ျပန္လိုက္ၿပီး ပို႔ကုန္မွ ရေငြမွာ အေမရိကန္ေဒၚလာ ၁၁၀၂.၉ ၈၇သန္း၊သြင္းကုန္မွ ရေငြမွာအေမရိကန္ေဒၚလာ ၄၇၂.၄၄၇ သန္း ျဖစ္သည္ဟု ထုတ္ျပန္ခ်က္ကဆိုသည္။

၃လတာအတြင္း နယ္စပ္ကုန္သြယ္မႈမွ ရရွိသည့္ အေမရိကန္ေဒၚလာသန္း၁၅၀၀ေက်ာ္ထဲတြင္ ျမန္မာ-ထိုင္းနယ္စပ္ကုန္သြယ္ေရးစခန္းမ်ားမွ ရသည့္ အေမရိကန္ေဒၚလာအေရအတြက္က ၁၂၁၀.၈၄၆သန္းရွိကာ နယ္စပ္ကုန္သြယ္ေရးစခန္းမ်ားထဲ အမ်ားဆုံးျဖစ္ခဲ့ၿပီး တ႐ုတ္ႏိုင္ငံႏွင့္ ကုန္သြယ္မႈက အေမရိကန္ေဒၚလာ သန္း ၃၄၉.၇၆၁၊ျမန္မာ-ဘဂၤလားေဒ့ရွ္ ကုန္သြယ္မႈက အေမရိကန္ေဒၚလာ ၁၀.၇၈၄သန္း၊ျမန္မာ-အိႏၵိယကုန္သြယ္မႈက အေမရိကန္ေဒၚလာ၄.၀၄၃သန္း ျဖစ္သည္ဟု ေတြ႕ရွိရသည္။

ယခု ၂၀၂၁ခုႏွစ္ ေနာက္ဆုံး ၃လတာစာရင္းအား ယခင္ႏွစ္ ေနာက္ဆုံး ၃လတာစာရင္းႏွင့္ ႏႈိင္းယွဥ္လွ်င္ အေမရိကန္ေဒၚလာ သန္းေပါင္း ၁၀၆၃.၁၁၄ ေလွ်ာ့နည္းေနသည္ကိုေတြ႕ရသည္။

နယ္စပ္ကုန္သြယ္ေရးစခန္းအားလုံးထဲ ကုန္သြယ္မႈအမ်ားဆုံး က်ဆင္းသြားသည္မွာ တ႐ုတ္-ျမန္မာကုန္သြယ္ေရးစခန္းမ်ားျဖစ္ၿပီး ၂၀၂၀ ေနာက္ဆုံး ၃လတာကထက္ ၂၀၂၁ ေနာက္ဆုံး၃လတာကာလက ၄ပုံ ၃ပုံခန႔္ က်ဆင္းေလွ်ာ့နည္းသြားသည္ဟု နစကစီးပြားကူးသန္းဝန္ႀကီးဌာနကေဖာ္ျပသည္။

တ႐ုတ္-ျမန္မာ နယ္စပ္ကုန္သြယ္ေရးစခန္းမ်ားထဲ မူဆယ္ဂိတ္က ၂၀၂၀ေနာက္ဆုံး၃လတာထက္ ၂၀၂၁ ေနာက္ဆုံး၃လတာက ပိုက်သြားသည္ကို စာရင္းအရသိရသည္။

မူဆယ္အေျခစိုက္နယ္စပ္ကုန္သည္တစ္ဦးက “အေၾကာင္းက ၂၀၂၁ ဧၿပီမွာ တ႐ုတ္က မန႔္ဝိန္းဂိတ္ကို ကိုဗစ္ကိစၥနဲ႔ ယာယီပိတ္လိုက္တယ္။က်င့္စန္းေက်ာ့ဂိတ္ကိုေတာ့ ၂၀၂၁ ဇူလိုင္ ၈ရက္မွာ ပိတ္လိုက္တယ္။အေျခအေန ေကာင္းခ်ိန္ဆို ဒီဂိတ္ေတြက တစ္ေန႔ကို ကားအဝင္အထြက္က အစီး၄၀၀၀န္းက်င္ရွိတာ တြက္ၾကည့္လိုက္ရင္ အေတာ္ေလးျမင္ႏိုင္မယ္။ေနာက္ေတာ့ တ႐ုတ္က ႏိုဝင္ဘာ ၂၆ရက္နဲ႔ ဒီဇင္ဘာ ၁ရက္ေန႔ေတြမွာ ပိတ္ထားတဲ့ ဂိတ္ေတြကို ျပန္ဖြင့္လိုက္တယ္။မူဝါဒေတြက ေျပာင္းေနေတာ့ အဝင္အထြက္က အရင္ေလာက္မမ်ားေတာ့ဘူး။ေနာက္ၿပီး အခုအခ်ိန္မွာ ဆိုရင္ က်င့္စန္းေက်ာ့ဂိတ္ကေန တ႐ုတ္ဝမ္တိန္ကို ကားခကို ယြမ္၃ေသာင္းခြဲ ျမန္မာေငြ သိန္း၁၀၀ေက်ာ္ေဈးေပါက္ေနတယ္။ဘယ္ေလာက္မွေဝးတာမဟုတ္ဘူးေနာ္။ဒီလိုေတြ ျဖစ္ေနေတာ့ အရင္ထက္စာရင္ ကုန္သြယ္မႈက ထိုးဆင္းသြားတယ္”ဟု ေျပာျပသည္။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ယနေ့ မင်္ဂလာတောင်ညွှန့် နေအိမ်တိုက်ခန်းမီးလောင်မှုဖြစ်စဥ်၌ မွေးကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီးခိုးမွှန်၍ ဆေးရုံပို့ခဲ့ရ

ရန်ကုန်တိုင်း၊ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်ရှိ နေအိမ်တိုက်ခန်းတစ်ခု၏ ဒုတိယထပ်တွင် ဖေဖော်ဝါရီ ၁၅ ရက်(ယနေ့)မွန်းလွဲပိုင်းက Level 1 အဆင့်မီးလောင်မှုဖြစ်စဥ်တွင် မွေး ကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီုးခိုးမွှန်သွား၍ ဆေးရုံသို့ပို့ဆောင်ပေးခဲ့ရကြောင်း သိရသည်။ ယနေ့မွန်းလွဲ ၂ နာရီ ၅၀ မိနစ်ခန့်က မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်၊ (၁၂၂)လမ်း ၏ နေအိမ်တိုက်ခန်းတစ်ခု၏ဒုတိယထပ်ရှိ လျှပ်စစ်ပစ္စည်းဆိုင်မှ မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ် သည်။ မီးလောင်မှုအား တာမွေမြို့နယ်မီးသတ်စခန်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်မီးသတ်စခန်းတို့မှတပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းများက Level 1 အဆင့်ဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြသဖြင့် နေ့လည်...

ကောလင်းနှင့် ဘုတလင်တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂)ပါးနှင့် ကလေးငယ်(၂)ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ကောလင်းနှင့် ဘုတလင်မြို့တို့တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂) ပါးနှင့် ကလေး(၂) ဦး ထိမှန်ဒဏ်ရာရရှိခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီ (၁၃) ရက် မွန်းတည့်ပိုင်းက လက်နက်ကိုင်အဖွဲ့ဝင်များမှ ခေါပြင်ချောင်း တံတားအနီးမှ ကောလင်းမြို့၊ ကောလင်းမြို့အတွင်းသို့ ဗုံးပစ်လောင်ချာများဖြင့် ပစ်ခတ်ခဲ့သည့်အတွက် ကောလင်းမြို့၊ ကျော်ဇေယျာရပ်ကွက်ရှိ သုနန္ဒာရာမ ဘုန်းတော်ကြီးကျောင်းအတွင်းရှိ သာသနာရေးဝန်ကြီးဌာန၊ အမှတ်(၂)ဘုန်းတော်ကြီးသင်ပညာရေးကျောင်းစာသင်ဆောင်ပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။ ထိုသို့ ပေါက်ကွဲမှုကြောင့် စာသင်ဆောင်အတွင်း စာသင်ကြားနေသည့် ကိုရင်ရှင်အာသဖ(၁၄)နှစ်၊ ဝါတော်(၂)ဝါ၊ မောင်ဇင်ဝဏ္ဏဖြိုး(၁၃)နှစ်နှင့်မောင်ဝေလင်းအောင်...

ပုဂ္ဂလိကဆေးရုံအသစ်များ လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေဟု ကျန်းမာရေးဝန်ကြီးပြော

မြန်မာနိုင်ငံတွင်း ယခုဖေဖော်ဝါရီလအထိ ပုဂ္ဂလိကဆေးရုံပေါင်း ၂၇၀ ကိုလိုင်စင်ချထားကာ ဖွင့်ခွင့်ပြုထားပြီး ထပ်မံဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် ပုဂ္ဂလိကဆေးရုံအသစ်တွေကို လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေကြောင်း ကျန်းမာရေးဝန်ကြီးဒေါက်တာသက်ခိုင်ဝင်းက ပြောကြားခဲ့သည်။ ပုဂ္ဂလိက ကျန်းမာရေးကဏ္ဍဖွံဖြိုးတိုးတက်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနတွင် ပြုလုပ်သည့် အစည်းအဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းတွေကို တည်ဆဲဥပဒေ/နည်းဥပဒေများနဲ့အညီ စဉ်ဆက်မပြတ် ကြပ်မတ်နေပြီး လိုင်စင်အသစ်လျှောက်ထားသည့် အမှုတွဲတွေကို အမြန်ဆုံးလုပ်ငန်းလိုင်စင် ခွင့်ပြုနိုင်ရန် နေပြည်တော် အပါအဝင် တိုင်းဒေသကြီးအလိုက်တာဝန်ပေးထားသည့် ကျန်းမာရေးဌာနရှိ အထူးအဖွဲ့တွေက ကွင်းဆင်းစစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း၊ ယင်းကြောင့် ဆေးရုံသစ်ဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် လုပ်ငန်းရှင်တွေက လိုအပ်ချက်တွေကို အဆင်သင့်ပြင်ဆင်ဆောင်ရွက်ရန်လိုကြောင်း ၎င်းကဆိုသည်။ ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းများ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071