အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာသံရုံး နယူးဒေလီမြို့၌ လာမည့် ဒီဇင်ဘာ ၂၈ ရက််မှစတင်ကာ အပိုင်းလိုက်ကျင်းပမည့် လွတ်လပ်၍တရားမျှတသောပါတီစုံဒီမိုကရေစီမထွေထွေရွေးကောက်ပွဲအတွက် အိန္ဒိယနိုင်ငံတွင်ရောက်ရှိနေသော မြန်မာနိုင်ငံသားများ ကြိုတင်ဆန္ဒမဲပေးနိုင်သည့်ရက်ကိုအသိပေးထုတ်ပြန်ခဲ့သည်။
ကြိုတင်ဆန္ဒမဲပေးနိုင်ရန် မဲရုံများအား ဒီဇင်ဘာ ၄ ရက်မှ ဒီဇင်ဘာ ၆ ရက်အထိ မြန်မာသံရုံး နယူးဒေလီမြို့၌ နေ့စဥ် နံနက် ၉ နာရီခွဲမှ ညနေ ၄ နာရီခွဲအထိ ဖွင့်လှစ်ပေးသွားမည်ဖြစ်ကာ ပုံစံ(၁၅)ပေးပို့ထားသည့် ကြိုတင်ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများ၏ အမည်စာရင်းကိုလည်း အချိန်မီထုတ်ပြန်ကြေညာပေးသွားမည်ဖြစ်သည်။
ထို့ကြောင့် ကြိုတင်ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများအနေဖြင့် မဲပေးရန်လာရောက်ရာ၌ သက်တမ်းရှိ မြန်မာနိုင်ငံကူးလက်မှတ်(မူရင်း)နှင့် မှတ်ပုံတင်မူရင်း(သို့)မိတ္တူတို့ကို မဖြစ်မနေယူဆောင်လာရမည်ဟု အသိပေးခဲ့သည်။
