ရှမ်းပြည်နယ် အရှေ့ပိုင်းမှာ မိုးဆက်တိုက်ရွာသွန်းပြီး နမ့်ကျန်းချောင်း ရေကြီးရေလျှံမှုဖြစ်ပွားသဖြင့် ဇွန်လ၂၇ ရက်ညနေပိုင်းကစပြီ မိုင်းဆတ် -တာချီလိတ် ကားလမ်းပိတ်မှု ဖြစ်ပွားနေကြောင်း သိရသည်။
” မိုင်းဆတ်-တာချီလိတ်ကားလမ်းအနီးက နမ့်ကျန်းချောင်းရေကြီးတော့ အသွားအလာများရပ်ဆိုင်းထားရတယ် ” လို့ ဒေသခံတစ်ဦး ကပြောသည်။
ပြီးခဲ့သည့် ဇွန်လ ၂၆ ရက်က မိုးသည်းထန်းစွာ ရွာသွန်းပြီး တောင်ကျရေများကျဆင်းလာပြီး ကားလမ်းပေါ်ရေရောက်ရှိသလို ရေနှင့်ပါလာသည်ပစ္စည်းများကြောင့် ကားလမ်းသွားလာရန်အခက်ခဲများ ဖြစ်ပေါ်နေခြင်းလည်းဖြစ်ကြောင်း သိရသည်။
၂၀၂၄ ခုနှစ်က မိုင်းဆတ်တွင် ရေကြီးစဥ်လည်း နမ့်ခုတ်ချောင်းတံတားကျိုးသဖြင့် ကုန်စည်စီးဆင်းမှုများ တစ်လကျော်ပြတ်တောက်ခဲ့မှု ဖြစ်ပွားခဲ့သည်။