Friday, June 20, 2025

အီရန်ကို တို-က်မတို-က် နှစ်ပတ်အတွင်း ဆုံးဖြတ်မည်

တေရန်၏ နျူကလီးယားအစီအစဉ်များနှင့် ပတ်သက်ပြီး စေ့စပ်ညှိနှိုင်းမှုများကို အသစ်တဖန်ပြန်စနိုင်ရေးအတွက် အခွင့်အရေးပေးသည့်အနေဖြင့် အစ္စရေးနှင့် အီရန်ပဋိပက္ခတွင် အမေရိကန်စစ်တပ်က တို-က်ရို-က်ပါဝင်မည်လားဆိုသည်ကို နှစ်ပတ်အတွင်း သူဆုံးဖြတ်သွားမည်ဖြစ်ကြောင်း အမေရိကန်သမ္မတ...

အာဏာသိမ်းနိုင်သည်ဟု စိုးရိမ်လာကြပြီးနောက် စည်းလုံးညီညွတ်ကြရန် ထိုင်းစစ်တပ်...

စစ်တပ်ကအာဏာသိမ်းနိုင်ခြေနှင့် ပတ်သက်၍ သုံးသပ်ပြောဆိုနေကြစဉ် ဒီမိုကရေစီနှင့် နိုင်ငံတော် အချုပ်အခြာအာဏာအတွက် ၎င်း၏ကတိကဝတ်ကို ထိုင်းစစ်တပ် အကြီးအကဲက ထပ်လေ-ာင်းအတည်ပြုခဲ့ပြီး ထိုင်းနိုင်ငံသားများအနေဖြင့် စည်းလုံးညီညွတ်ကြရန် တို-က်တွန်းလိုက်သည်။ နိုင်ငံတော်...

ကားကြီးတစ်စီးဖြ-တ်မောင်းစဥ် နမ့်ကော်တံတားကျိုးကျခဲ့

ရှမ်းပြည်နယ်၊ မိုင်းလုံ-ကျောက်မဲသွားကားလမ်းပေါ်ရှိ နမ့်ကော်တံတားသည် ယနေ့ ဇွန် ၂၀ ရက် နံနက်ပိုင်းက ကားကြီးတစ်စီးဖြတ်သန်းမောင်းနှင်စဥ် ကျိုးကျသွားခဲ့ကြောင်း သိရသည်။ အဆိုပါ နမ့်ကော်တံတားသည် ယခင်ကပင်...

ပုဂ္ဂလိကလုံခြုံရေးဝန်ထမ်း(၁၀)ဦးအထက် ခန့်အပ်လိုပါက ခွင့်ပြုမိန့် လျှောက်ထားရမည်

လုပ်ငန်းရှင်များအနေဖြင့် ပုဂ္ဂလိကလုံခြုံရေးဝန်ထမ်း (၁၀) ဦးအထက် ခန့်အပ်လိုပါက ခွင့်ပြုမိန့် လျှောက်ထားရမည်ဖြစ်ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနမှ သိရသည်။ ပုဂ္ဂလိက လုံခြုံရေးဝန်ဆောင်မှုဆိုင်ရာ ကြီးကြပ်ကွပ်ကဲရေး ဗဟိုကော်မတီအစည်းအဝေး အမှတ်စဉ်...
HomeNewsLocal Newsနန်နင်းမြို့ရှိ ဆေးရုံမှ ဒုတိယအကြိမ်...

နန်နင်းမြို့ရှိ ဆေးရုံမှ ဒုတိယအကြိမ် လှူဒါန်းသော ဆေးပစ္စည်းများကို မြန်မာကောင်စစ်ဝန်ချုပ်က လက်ခံခဲ့ပြီး ငလျင်ဘေးသင့်ပြည်သူများထံ ဒုတိယအကြိမ် ဆက်လက်ပေးပို့

မြန်မာ့ငလျင်ဘေးသင့်ပြည်သူများအတွက် တရုတ်နိုင်ငံ၊ နန်နင်းမြို့ရှိ ဆေးရုံမှ ဒုတိယအကြိမ် လှူဒါန်းသော ယွမ် (၂၁၃, ၁၉၈) တန်ဖိုးရှိ ဆေးပစ္စည်းများကို နန်နင်းမြို့၊ မြန်မာကောင်စစ်ဝန်ချုပ်က လက်ခံခဲ့ပြီး ဒုတိယအကြိမ်အဖြစ် ငလျင်ဘေးသင့်ဒေသများသို့ ဆက်လက်ပေးပို့ခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန ထုတ်ပြန်ချက်အရ သိရသည်။

မတ်လ (၂၈)ရက်က မြန်မာနိုင်ငံ၌ အင်အား ၇.၇ အဆင့်ရှိ အင်အားပြင်းငလျင် လှုပ်ခတ်ခဲ့ရာ ငလျင်ဘေးသင့်ပြည်သူများအတွက် The first Affiliated Hospital of Guangxi Medical University မှ ဒုတိယအကြိမ် လှူဒါန်းခဲ့ခြင်းဖြစ်ရာ မြန်မာကောင်စစ်ဝန်ချုပ်က အဆိုပါ ဆေးရုံ၌ ဧပြီ (၂၂)ရက်တွင် လက်ခံရယူခဲ့ပြီး ကျေးဇူးတင်မှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ ဆေးဝါးပစ္စည်းများအပြင် မြန်မာကောင်စစ်ဝန်ချုပ်ရုံးမှ လက်ခံရရှိထားသော Guangxi International Zhuang Medicine Hospital၊ Shandong Puze Health Indust ry Group Co., Ltd နှင့် Linyi Puze Huihai Health Technology Co., Ltd တို့မှ လှူဒါန်းသော ဆေးပစ္စည်းများ ပါဝင်သည်။

ထို့ပြင် Guangxi Liuyao Group Co., Ltd နှင့် နန်နင်းအကောက်ခွန်ဌာနမှ လှူဒါန်းသော ဆေးဝါးများနှင့် Shanglin Yingfu Agricultural and Sideline Products Co., Ltd. မှ လှူဒါန်းသော အမျိုးသမီးသုံးပစ္စည်းများ၊ စုစုပေါင်း လှူဒါန်းပစ္စည်း (၄.၉) တန်ကို မြန်မာကောင်စစ်ဝန်ချုပ်ရုံး၏ စီစဉ်ပေးမှုဖြင့် ဧပြီ (၂၄)ရက်တွင် နန်နင်းမြို့မှ ရန်ကုန်မြို့သို့ ပြေးဆွဲသည့် ကုန်တင်လေကြောင်းအမှတ် – UB8504 ဖြင့် ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

အဆိုပါ လှူဒါန်းပစ္စည်းများကို ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ နိုင်ငံခြားရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူများက လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ညွှန်ကြားရေးမှူး ဦးသန်းစိုးထံသို့ ဧပြီ (၂၅)ရက်တွင် ဆက်လက် လွှဲပြောင်းပေးအပ်ခဲ့ပြီး သက်ဆိုင်ရာ ငလျင်ဘေးသင့် ဒေသများရှိ ပြည်သူများထံ အမြန်ဆုံး ဖြန့်ဝေပေးပို့လှူဒါန်းသွားမည်ဖြစ်ကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

အီရန်ကို တို-က်မတို-က် နှစ်ပတ်အတွင်း ဆုံးဖြတ်မည်

တေရန်၏ နျူကလီးယားအစီအစဉ်များနှင့် ပတ်သက်ပြီး စေ့စပ်ညှိနှိုင်းမှုများကို အသစ်တဖန်ပြန်စနိုင်ရေးအတွက် အခွင့်အရေးပေးသည့်အနေဖြင့် အစ္စရေးနှင့် အီရန်ပဋိပက္ခတွင် အမေရိကန်စစ်တပ်က တို-က်ရို-က်ပါဝင်မည်လားဆိုသည်ကို နှစ်ပတ်အတွင်း သူဆုံးဖြတ်သွားမည်ဖြစ်ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က ကြာသပတေးနေ့တွင် ပြောကြားခဲ့သည်။ အစ္စရေးနှင့် အီရန်တို့ အပြန်အလှန် တို-က်ခို-က်နေခဲ့သည်မှာ ၇ ရက်မြောက်နေ့သို့ ရောက်ရှိခဲ့ပြီဖြစ်သည်။ အမေရိက၏ ဘန်ကာဖျက်ဗုံးများမှအပ ကျန်လက်နက်များသည် တိုးမပေါက်ဟု ကျယ်ကျယ်ပြန့်ပြန့် ရှိသည်ဟု ယူဆထားသော တောင်တစ်လုံး၏အောက်တွင် တည်ဆောက်ထားသည့် ဖော်ဒိုးယူရေနီယံသန့်စင်စက်ရုံကို တို-က်ခို-က်ခြင်းဖြင့် အီရန်ကို စတင်တို-က်ခို-က်မည်လားဆိုသည်ကို ထရမ့်ပ်က ချိန်ဆလျက်ရှိသည်။ သူ၏ သတင်းထုတ်ပြန်ချက်ကို...

အာဏာသိမ်းနိုင်သည်ဟု စိုးရိမ်လာကြပြီးနောက် စည်းလုံးညီညွတ်ကြရန် ထိုင်းစစ်တပ် တောင်းဆို

စစ်တပ်ကအာဏာသိမ်းနိုင်ခြေနှင့် ပတ်သက်၍ သုံးသပ်ပြောဆိုနေကြစဉ် ဒီမိုကရေစီနှင့် နိုင်ငံတော် အချုပ်အခြာအာဏာအတွက် ၎င်း၏ကတိကဝတ်ကို ထိုင်းစစ်တပ် အကြီးအကဲက ထပ်လေ-ာင်းအတည်ပြုခဲ့ပြီး ထိုင်းနိုင်ငံသားများအနေဖြင့် စည်းလုံးညီညွတ်ကြရန် တို-က်တွန်းလိုက်သည်။ နိုင်ငံတော် လုံခြုံရေးနှင့် ပတ်သက်၍ ကြာသပတေးနေ့တွင် ဘန်ကောက်ရှိ ထိုင်းဘုရင့်တပ်မတော်ဌာနချုပ်၌ စစ်တပ်ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဝင်ထိုင်း ဆူဗာရီးက ထုတ်ပြန်ကြေညာခဲ့ခြင်းဖြစ်သည်။ အွန်လိုင်းနှင့် မီဒီယာများ၌ အများက ထင်မြင်ယူဆချက်များနှင့် သတင်းအချက်အလက်များ ပျံ့နှံ့နေမှုကြောင့် ယင်းကဲ့သို့ သတင်းထုတ်ပြန်ခဲ့ရခြင်းဖြစ်သည်ဟု ၎င်းက ပြောဆိုသည်။ ထိုင်းနိုင်ငံတွင် ဆက်လက်ဖြစ်ပေါ်နေသော အခြေအနေများအပေါ် စိုးရိမ်မိသည်ဟု စစ်တပ်အကြီးအကဲ ဗိုလ်ချုပ်ကြီး Pana Klaewplodthuk က...

ကားကြီးတစ်စီးဖြ-တ်မောင်းစဥ် နမ့်ကော်တံတားကျိုးကျခဲ့

ရှမ်းပြည်နယ်၊ မိုင်းလုံ-ကျောက်မဲသွားကားလမ်းပေါ်ရှိ နမ့်ကော်တံတားသည် ယနေ့ ဇွန် ၂၀ ရက် နံနက်ပိုင်းက ကားကြီးတစ်စီးဖြတ်သန်းမောင်းနှင်စဥ် ကျိုးကျသွားခဲ့ကြောင်း သိရသည်။ အဆိုပါ နမ့်ကော်တံတားသည် ယခင်ကပင် ယိုင်နဲ့နေခဲ့သဖြင့် ကားလေးများနှင့် ဆိုင်ကယ်များသာ ဖြတ်သန်းသွားလာနေခဲ့ရာမှ ယနေ့နံနက်ပိုင်းတွင် ကားကြီးဖြတ်သန်းမောင်းနှင်ခဲ့သဖြင့် ကျိုးကျခဲ့ရခြင်းဖြစ်ပြီး ကားမောင်းသူမှာ ထိခို-က်ဒဏ်ရာ(အနည်းငယ်)သာရရှိခဲ့ကြောင်း သိရသည်။ " လတ်တလောကတော့ အရင်ကရှိထားတဲ့အတိုင်း တံတားရှောင်ကွင်းလမ်းကဘဲသွားနေရတယ်။ အဲဒီ ရှောင်ကွင်းလမ်းက အရင်ထဲကကားကြီးတွေသွားဖို့လုပ်ပေးထားတာပါ။ လမ်းကမိုးရွာတာနဲ့ကားကြီးတွေသွားတာနဲ့ဆိုတော့ ရွှံ့တွေများတယ်။ ကားလေးတွေကတော့ဖြ-တ်သွားဖို့မလွယ်ဘူး"ဟု ဒေသခံတစ်ဦးက ပြောသည်။ လက်ရှိအချိန်၌ နမ့်ကော်တံတားကျိုးကျသွားသဖြင့် ကုန်စည်စီးဆင်းမှုအချို့ပြ-တ်တောက်လျက်ရှိ၍ တာဝန်ရှိသူများက အမြန်ဆုံးပြန်လည်ပြင်ဆင်နိုင်ရန်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071