Friday, June 6, 2025

ပြည်တွင်း စက်သုံးဆီဈေးနှုန်းများ ကျရိပ်ပြနေ

ရန်ကုန်အထိုင် စက်သုံးဆီဈေးနှုန်းများ ကျရိပ်ပြနေကြောင်း စက်သုံးဆီ တင်သွင်းသိုလှောင် ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေး ကော်မတီက ထုတ်ပြန်ထားသည့် ရည်ညွှန်းဈေးနှုန်းအရ သိရသည်။ ယခုတစ်ပါတ်အတွက် ရန်ကုန်အထိုင် စက်သုံးဆီဈေးနှုန်းများမှာ ၉၂...

ဘေရွတ်တောင်ပိုင်း ဆင်ခြေဖုံးဒေသတွေကို အစ္စရေးက ၁၇...

လက်ဘနွန်နိုင်ငံရဲ့ မြို့တော်ဘေရွတ်ရဲ့ တောင်ပိုင်းဆင်ခြေဖုံးဒေသတွေကို အစ္စရေးကာကွယ်ရေးတပ်ဖွဲ့ (IDF) က ၁၇ ကြိမ်ထက်မနည်း ဗုံးကြဲတို-က်ခို-က်ခဲ့တယ်လို့ Al Jazeera သတင်းဌာနက ဖော်ပြပါတယ်။ အဆိုပါသတင်းအရ...

အမေရိကန်နိုင်ငံသားတွေကို ဗီဇာထုတ်ပေးခြင်း ဆိုင်းငံ့ကြောင်း ချဒ်နိုင်ငံက...

ချဒ်နိုင်ငံသားတွေ အမေရိကန်ကို လာရောက်လည်ပတ်ခွင့် ပိ-တ်ပင်တဲ့ ထရမ့်အစိုးရရဲ့ ဆုံးဖြတ်ချက်ကို တုံ့ပြန်တဲ့အနေနဲ့ အမေရိကန်နိုင်ငံသားတွေကို ဗီဇာထုတ်ပေးခြင်း ဆိုင်းငံ့မယ်လို့ ချဒ်သမ္မတ မာဟာမက် အီဒရစ်...

ILO ဆုံးဖြတ်ချက်နှင့် ပက်သက်၍ နိုင်ငံတကာအသိုက်အဝန်းနှင့်...

ကမ္ဘာ့အလုပ်သမားများအဖွဲ့ချုပ် (ILO)၏ ၁၁၃ ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာ ညီလာခံ ကျင်းပနေစဉ်ကာလအတွင်း ယမန်နေ့ ( ဂျွန် ၅)က မြန်မာနိုင်ငံနှင့်...
HomeInternationalနန်စီ ပေလိုစီ အာရှခရီးစဉ်စတင်၊...

နန်စီ ပေလိုစီ အာရှခရီးစဉ်စတင်၊ ထိုင်ဝမ်အကြောင်း ‌မပြောသေး

နန်စီ ပေလိုစီ အာရှခရီးစဉ်စတင်၊ ထိုင်ဝမ်အကြောင်း ‌မပြောသေး

ပေကျင်း၊ ဇူလိုင် ၃၁ ရက်

အမေရိကန် အောက်လွှတ်တော်ဥက္ကဌ နန်စီပေလိုစီသည် ၎င်း၏ လေးနိုင်ငံအာရှခရီးစဉ်အား ဇူလိုင်လ ၃၁ ရက် တနင်္ဂနွေနေ့တွင် စတင်ခဲ့ကြောင်း ၎င်း၏ရုံးက ထုတ်ပြန်ကြေငြာခဲ့သည်။ သို့သော် တရုတ်နှင့် အမေရိကကြား လတ်တလော တင်းမာမှုများ မြင့်မားနေသည့် ထိုင်ဝမ် ခရီးစဉ်နှင့် ပတ်သက်၍မူ ထုတ်ဖော်ပြောဆိုခြင်း မရှိခဲ့ပေ။

လွှတ်တော်ဥက္ကဌ နန်စီပေလိုစီသည် ကွန်ဂရက်လွှတ်တော် ကိုယ်စားလှယ်အဖွဲ့ကို ဦးဆောင်ကာ အင်ဒို-ပစိဖိတ်ဒေသများသို့ ခရီးဆက်နေကြောင်းနှင့် ၎င်းခရီးစဉ်တွင် အာရှလေးနိုင်ငံဖြစ်သည့် စင်္ကာပူ၊ မလေးရှား၊ တောင်ကိုရီးယားနှင့် ဂျပန်တို့လည်း ပါဝင်ကြောင်း ၎င်းရုံး၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ခရီးစဉ်တွင် ပါဝင်မည့် နိုင်ငံများကို ဖော်ပြထားသော်လည်း အခြားနိုင်ငံများသို့ ဝင်ရောက်လည်ပတ်သွားခြင်း ရှိ၊ မရှိကိုမူ ပြောကြားထားခြင်း မရှိချေ။

အဆိုပါခရီးစဉ်၌ ပေလိုစီသည် အင်ဒို-ပစိဖိတ်ဒေသအတွင်း အပြန်အလှန် လုံခြုံရေးထားရှိခြင်း၊ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုနှင့် ဒီမိုကရေစီ အုပ်ချုပ်ရေး တို့အပေါ် အဓိကထားလုပ်ဆောင်သွားမည်ဟု ၎င်း၏ ရုံးကဆိုသည်။

ပေလိုစီ သည် တနင်္လာနေ့တွင် စင်ကာပူနိုင်ငံသို့ နှစ်ရက်ကြာလာရောက်လည်ပတ်ရန် မျှော်လင့်ထားကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနကို ကိုးကား၍ CNA သတင်းဌာနက ဖော်ပြထားသည်။

စင်ကာပူနိုင်ငံရှိ အမေရိကန်ကုန်သည်ကြီးများအသင်းသည် တနင်္လာနေ့ နေ့လယ်ပိုင်းတွင် နန်စီပေလိုစီနှင့် လွှတ်တော်ကိုယ်စားလှယ်များအတွက် ဧည့်ခံပွဲကျင်းပရန် စီစဉ်ထားကြောင်း ၎င်း၏ ဝဘ်ဆိုက်တွင် ရေးသားထားသည်။

အမေရိကန်နိုင်ငံမှ အရာရှိများ ထိုင်ဝမ်ကျွန်းသို့ လာရောက်လည်ပတ်ခြင်းသည် ထိုင်ဝမ်အား တရုတ်ပြည်ထောင်စုမှ ခွဲထွက်ကာ ကိုယ်ပိုင်လွတ်လပ်ရေးရ နိုင်ငံ အဖြစ် ကြေငြာရန် တွန်းအားပေးမှုတအဖြစ် တရုတ်နိုင်ငံက ရှုမြင်နေခြင်းဖြစ်သည်။

ဝါရှင်တန်သည် ထိုင်ဝမ်နှင့် တရားဝင် သံတမန်ဆက်ဆံရေးမရှိသော်လည်း ၎င်း၏ ခုကာကွယ်ရေးရေးအတွက် အကူအညီပေးရန် ဥပဒေအရ သဘောတူညီမှု ပြုလုပ်ထားသည်။

တရုတ်သမ္မတ ရှီသည် ပြီးခဲ့သည့်အပတ် အမေရိကန်သမ္မတ ဘိုင်ဒင်နှင့် ဖုန်း‌ေပြာရာတွင် ပေလိုစီ၏ ထိုင်ဝမ်ခရီးစဉ်နှင့် ပတ်သက်၍ သတိပေးခဲ့သည်။

အမေရိကန်စစ်တပ်က ပေလိုစီ ထိုင်ဝမ်သို့ သွားရောက်လည်ပတ်မည့် အစီအစဉ်သည် ယခုအချိန်တွင် ကောင်းမွန်သည့် အကြံအစည်မဟုတ်ဟု ယုံကြည်နေကြောင်း ဘိုင်ဒင်က သတင်းထောက်များကို ပြီးခဲ့သည့် ဗုဒ္ဓဟူးနေ့တွင် ပြောကြားခဲ့သည်။

Source: Reuters

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ပြည်တွင်း စက်သုံးဆီဈေးနှုန်းများ ကျရိပ်ပြနေ

ရန်ကုန်အထိုင် စက်သုံးဆီဈေးနှုန်းများ ကျရိပ်ပြနေကြောင်း စက်သုံးဆီ တင်သွင်းသိုလှောင် ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေး ကော်မတီက ထုတ်ပြန်ထားသည့် ရည်ညွှန်းဈေးနှုန်းအရ သိရသည်။ ယခုတစ်ပါတ်အတွက် ရန်ကုန်အထိုင် စက်သုံးဆီဈေးနှုန်းများမှာ ၉၂ တစ်လီတာ (၂,၆၇၉)ကျပ်၊ ၉၅ တစ်လီတာ (၂,၇၂၇) ကျပ်၊ ရိုးရိုးဒီဇယ်က တစ်လီတာ (၂,၂၂၇) ကျပ်၊ ပရီမီယံဒီဇယ်က တစ်လီတာ (၂,၇၈၂) ကျပ်ဖြစ်ကြောင်း သိရသည်။ ပြီးခဲ့သည့်တစ်ပါတ်တွင် ရန်ကုန်အထိုင် စက်သုံးဆီဈေးနှုန်းများမှာ ၉၂ တစ်လီတာ (၂,၈၅၅)ကျပ်၊ ၉၅ တစ်လီတာ (၂,၉၁၀) ကျပ်၊ ရိုးရိုးဒီဇယ်က တစ်လီတာ...

ဘေရွတ်တောင်ပိုင်း ဆင်ခြေဖုံးဒေသတွေကို အစ္စရေးက ၁၇ ကြိမ်ထက်မနည်း ဗုံးကြဲတို-က်ခို-က်

လက်ဘနွန်နိုင်ငံရဲ့ မြို့တော်ဘေရွတ်ရဲ့ တောင်ပိုင်းဆင်ခြေဖုံးဒေသတွေကို အစ္စရေးကာကွယ်ရေးတပ်ဖွဲ့ (IDF) က ၁၇ ကြိမ်ထက်မနည်း ဗုံးကြဲတို-က်ခို-က်ခဲ့တယ်လို့ Al Jazeera သတင်းဌာနက ဖော်ပြပါတယ်။ အဆိုပါသတင်းအရ မြို့တော်ရဲ့ တောင်ဘက်အစွန်ရပ်ကွက်တွေကို တို-က်လေယာဉ်တွေနဲ့ ဒရုန်းတွေက တို-က်ခို-က်ခဲ့တာ ဖြစ်ပါတယ်။ လက်ဘနွန် LBCI ရုပ်သံဌာနကတော့ အစ္စရေးဟာတို-က်ရို-က်ပ-စ်ခ-တ်မှု ၆ ကြိမ်နဲ့ သတိပေးပစ်ခတ်မှု ၁၀ ကြိမ်ပြုလုပ်ခဲ့ပြီး ကျန်ရှိတဲ့ ပစ်ခတ်မှုတစ်ခုကတော့ ပေါ-က်ကွဲမှုမဖြစ်ခဲ့ဘူးလို့ ပြောကြားခဲ့ပါတယ်။ ဒီနေ့အစောပိုင်းမှာ IDF က သူတို့ရဲ့တို-က်ခို-က်မှုတွေဟာ ဘေရွတ်တောင်ပိုင်းဆင်ခြေဖုံး Dahieh မှာရှိတဲ့ ဟစ်ဇဘိုလာ လေကြောင်းယူနစ်...

အမေရိကန်နိုင်ငံသားတွေကို ဗီဇာထုတ်ပေးခြင်း ဆိုင်းငံ့ကြောင်း ချဒ်နိုင်ငံက ကြေညာ

ချဒ်နိုင်ငံသားတွေ အမေရိကန်ကို လာရောက်လည်ပတ်ခွင့် ပိ-တ်ပင်တဲ့ ထရမ့်အစိုးရရဲ့ ဆုံးဖြတ်ချက်ကို တုံ့ပြန်တဲ့အနေနဲ့ အမေရိကန်နိုင်ငံသားတွေကို ဗီဇာထုတ်ပေးခြင်း ဆိုင်းငံ့မယ်လို့ ချဒ်သမ္မတ မာဟာမက် အီဒရစ် ဒီဘီက ကြာသပတေးနေ့မှာ ကြေညာခဲ့ပါတယ်။ “အပြန်အလှန်ဆက်ဆံရေး နိယာမတွေနဲ့အညီ” အမေရိကန်နိုင်ငံသားတွေကို ဗီဇာဆိုင်းငံ့ဖို့ သူ့အစိုးရကို ညွှန်ကြားထားကြောင်း ဖေ့စ်ဘွတ်ခ်ပို့စ်တစ်ခုမှာ ချဒ်သမ္မတက ပြောကြားခဲ့တာဖြစ်ပါတယ်။ "ချဒ်မှာ ပေးစရာလေယာဉ်တွေ မရှိဘူး၊ ပေးစရာဒေါ်လာဘီလီယံချီ မရှိဘူး၊ ဒါပေမဲ့ ချဒ်မှာ သူ့ရဲ့ ဂုဏ်သိက္ခာနဲ့ ဂုဏ်ယူမှုတွေ ရှိပါတယ်"လို့ ချဒ်သမ္မတဒီဘီက ပြောကြားခဲ့ပြီး၊ အဲဒီလိုပြောကြားမှုဟာ ကာတာနိုင်ငံ အုပ်ချုပ်သူမိသားစုက...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071