မိုးသည်း၍ ရေကြီးရေလျှံမှု ဖြစ်ပွားခဲ့သည့် မကွေး၊ နတ်မောက်မြို့ပေါ်နှင့် ကျေးရွာအချို့တွင် ရေကြီးမှုကြောင့် နေအိမ်နှစ်လုံးနှင့် မိသားစု (၆)ဦး မျောပါဆုံးရှုံးခဲ့သည်ဟု သိရသည်။
ရေကြီးရေလျှံမှုသည် စက်တင်ဘာလ (၂၇) ရက်ညပိုင်းနှင့် ယမန်နေ့ စက်တင်ဘာလ (၂၈) ရက်က စတင်ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။
“မကြုံခဲ့ဖူးပါဘူး၊ မယ်ဇလီပင်ကျေးရွာက နေအိမ် (၂)လုံး နှင့် မိသားစုတစ်စု (၆)ဦး ရေစီး နဲ့ မျောပါ ဆုံးပါးသွားတာပါပဲ” ဟု မယ်ဇလီကျေးရွာခံတစ်ဦးက လူမှုကွန်ရက်မှ တဆင့် ပေါ်ပြူလာနယူးကို ပြောသည်။
ရေထဲမျောပါသွားသည့် နေအိမ်နှစ်လုံးအနက် တစ်လုံးသည် လူများမပါသွားဘဲ နေအိမ်သာပါသွားကာ ကျန်တစ်လုံးသည် လူရော အိမ်ပါ ပါသွားခြင်း ဖြစ်သည်ဟုလည်း ၎င်းက ပြောသည်။
နေအိမ်မျောပါမှုတွင် ကလေးငယ်တဦးအပါအဝင် မိသားစုဝင် (၄)ဦး၏ ရုပ်အလောင်းကို ယမန်နေ့ညကပင် ပြန်လည်ရှာတွေ့ခဲ့ပြီး ကျန်နှစ်ဦး၏ ရုပ်အလောင်းအား ဆက်လက်ရှာဖွေနေဆဲ ဖြစ်သည်ဟုလည်း သိရသည်။
မိုးဇလကမူ ဖိလစ်ပိုင်ပင်လယ်ပြင်တွင်ဖြစ်ပေါ်နေသော အားကောင်းသောအပူပိုင်းမုန်တိုင်း”ဘူအလွိုင်”မှပြ-တ်ထွက်လာသောတိမ်တို-က်များအပါအဝင် ရာသီဥတုအခြေအနေများကြောင့် တိုင်းနှင့် ပြည်နယ်အနှံ့၌ မိုးရွာသွန်းနိုင်သည်ဟု စက်တင်ဘာ (၂၆) ရက်ကထုတ်ပြန်ထားသည်။
ထို့ကြောင့် စက်တင်ဘာ (၂၆) ရက်ညနေမှ အောက်တိုဘာ (၂) ရက်အတွင်း ရန်ကုန်တိုင်းနှင့် နေပြည်တော်တို့ အပါအဝင် တိုင်းနှင့်ပြည်နယ်အနှံ့တွင် မိုးသည်းထန်စွာရွာသွန်းနိုင်ပြီး ဒေသအလိုက်မိုးကြီးနိုင်သည်ဟု အသိပေးထုတ်ပြန်ခဲ့သည်။
ထို့ပြင် မြန်မာ့ကမ်းရိုးတန်းတလျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင်လည်း ရံဖန်ရံခါ မိုးသက်လေပြင်းများကျရောက်ပြီး လှိုင်းကြီးနိုင်ပြီး ယင်းရက်များအတွင်း မိုးသည်းထန်စွာရွာသွန်းခြင်းနှင့်အတူ လေပြင်းတို-က်ခ-တ်ခြင်း၊ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပ-စ်ခြင်း၊ လျှပ်စီးလက်ခြင်း၊ မိုးသီးကြွေခြင်း၊ လျှပ်တပြက်ရေကြီးခြင်းနှင့် မြေပြိုခြင်းသဘာဝဘေးအန္တရာယ်များ ဖြစ်ပေါ်နိုင်သည်ဟုလည်း မိုးဇလကအသိပေးခဲ့သည်။
