မကွေးတိုင်း၊ နတ်မောက်မြို့နှင့် ရေနံချောင်းမြို့တို့တွင် ယနေ့ စက်တင်ဘာ ၂၈ ရက်က မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေဝင်ရောက်နေသည့်နေအိမ်များအတွင်း၌နေထိုင်သူများကို မီးသ-တ်တပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းဝင်များက ရေဘေးလွတ်ကင်းရာသို့ ကူညီရွှေ့ပေးခဲ့ကြကြောင်း သိရသည်။
နတ်မောက်မြို့၊ ဈေးရပ်ကွက်နှင့် အောင်ဆန်းရပ်ကွက်တို့တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ချောင်းရေ လျှံပြီးနေအိမ်များအတွင်း ရေဝင်ရောက်နေသဖြင့် ရေဘေးသင့်သူများအား နတ်မောက်မြို့နယ်မီးသ-တ်စခန်းမှတပ်ဖွဲ့ဝင်များ၊ လူမှုကူညီရေးမသင်းဝင်များက ရေဘေးလွတ်ကင်းရာသို့ကူညီရွှေ့ပြောင်းပေးခဲ့ကြကြောင်း သိရသည်။
ထို့ပြင် ရေနံချောင်းမြို့တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ဆုံတိုက်ရပ်ကွက်၊ တပင်ရွှေထီးရပ်ကွက်၊ မြို့မမြောက်ရပ်ကွက်နှင့် စလင်းတန်းရပ်တို့ရှိ နေအိမ်များအတွင်းသို့ရေဝင်ရောက်နေသဖြင့် ရေဘေးသင့်သူများအား ရေနံချောင်းမြို့နယ်မီးသ-တ်စခန်းမှတပ်ဖွဲ့ဝင်များ၊ လူမှုကူညီရေးအသင်းဝင်များက ရေဘေးလွတ်ကင်းရာသို့ကူညီရွှေ့ပြောင်းပေးခဲ့ကြကြောင်း သိရသည်။
ထို့အတူ ရေနံချောင်းမြို့နယ်၊ အိုးဘိုရပ်ကွက်၊ ရွာမရပ်တို့တွင် သစ်ပင်လဲကျမှုများ၊ မကွေးမြို့၊ တောင်တွင်းကားလမ်းဘေးသစ်ပင်လဲကျမှုများအား သက်ဆိုင်ရာမီးသ-တ်တပ်ဖွဲ့ဝင်များက ဖယ်ရှားရှင်းလင်းပေးခဲ့ကြကြောင်း သိရသည်။
