မကြာမီစတင်တော့မည့် ၂၀၂၅/၂၀၂၆ မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲအတွက် ဦးတင်မောင်ထွန်းကို ရန်ကုန်ယူနိုက်တက်အသင်းက နည်းပြချုပ်အဖြစ် ခန့်အပ်လိုက်ကြောင်း ယနေ့ ဩဂုတ်လ (၁၅) ရက်တွင် အသိပေးထားသည်။
ယခင် နည်းပြချုပ် ဦးကျော်ဒွန်းနှင့် လမ်းခွဲအပြီး ရန်ကုန်ယူနိုက်တက်အသင်းက ဦးတင်မောင်ထွန်းကို နည်းပြချုပ်ခန့် အပ်လာခြင်းဖြစ်သည်။
ယခု ခန့်အပ်လိုက်သည့် နည်ပြချုပ်ဦးတင်မောင်ထွန်းသည် ရန်ကုန်ယူနိုက်တက်အသင်း စတင်တည်ထောင်သည့်အချိန်မှစတင်၍ အသင်းနှင့်အတူ လက်တွဲခဲ့သည့်နည်းပြတစ်ဦးဖြစ်ပြီး ယာယီနည်းပြချုပ်အဖြစ် ကိုင်တွယ်ခဲ့သည့် ၂၀၁၅ ခုနှစ်တွင် မြန်မာနေရှင်နယ်လိဂ်ချန်ပီယံ နည်းပြချုပ်အဖြစ်ကိုင်တွယ်ခဲ့သည်။
ထို့ပြင်၂၀၁၉ ခုနှစ်တွင် ဗိုလ်ချုပ်အောင်ဆန်းဒိုင်းချန်ပီယံ စသည့် အောင်မြင်မှုများကို ရယူပေးခဲ့သည့် သူတစ်ဦးလည်းဖြစ်သည်ဟု အသင်းကအသိပေးသည်။
သူသည် ၂၀၁၉ ခုနှစ်နောက်ပိုင်း လူငယ်ဖွံ့ဖြိုးတိုးတက်ရေးကို ရှေးရှုကာ ရန်ကုန်ယူနိုက်တက် အကယ်ဒမီ၏ တာဝန်ခံနည်းပြချုပ်တစ်ယောက်အဖြစ် သင်ကြားပြသပေးခဲ့သည့် နည်းပြတစ်ဦးလည်းဖြစ်ကြောင်း သိရသည်။
“အသင်းက လိုအပ်နေတဲ့ အချိန်မှာ ကျွန်တော့်ကို ခေါ်ယူတဲ့အတွက်ဝမ်းသာစွာနဲ့ လုပ်ပေးတာဖြစ်ပါတယ်။ မိသားစုစိတ် ဓာတ်နဲ့ အမှတ်ပေး ချန်ပီယံဆုရရှိအောင် ကြိုးစားပြီး အလု ပ်လုပ်သွားပါမယ်။ ကျွန်တော်တစ်ယောက်ထဲမဟုတ်ဘဲနဲ့ ကစားသမားတွေ၊ နည်းပြအဖွဲ့ဝင်တွေနဲ့ ပူးပေါင်းပြီးလုပ်ဆောင် သွားပါမယ်”ဟု ဦးတင်မောင်ထွန်း က ပြောကြားသည်။
