နည်းပညာအဆင့်မြှင့်တင်မှုများ ဆောင်ရွက်မည်ဖြစ်ပါသောကြောင့် ယနေ့ စက်တင်ဘာလ ၁၉ရက်နေ့ မှ ၂၃ရက်နေ့အတွင်း ကမ္ဘောဇဘဏ်၏ ကတ်နှင့်ပတ်သက်သော သတ်မှတ်ထားသည့် ဝန်ဆောင်မှုအချိုကို ယာယီအသုံးပြုနိုင်မည် မဟုတ်ကြောင်း KBZ ဘဏ် က အသိပေးထားသည်။
အဆိုပါ ကာလအတွင်း ကတ်အသစ်လျှောက်ထားခြင်း၊အသစ်လဲလှယ်ခြင်း၊သက်တမ်းတိုးခြင်း၊အချက်အလက်များပြင်ဆင်ဖြည့်စွက်ခြင်းနှင့် I/M Banking ရှိ ကတ်နှင့်ပတ်သက်သည့်ဝန်ဆောင်မှုများ စသည့် တို့ လုပ်ဆောင်နိုင်မည်မဟုတ်ကြောင်း အသိပေးထားသည်။
အသေးစိတ်အချက်အလက်များကိုလည်း KBZ BANK ၏ Facebook လူမှုကွန်ယက်စာမျက်နှာတွင် ဖော်ပြထားသည်။
လိုအပ်သော နည်းပညာမြှင့်တင်မှုများပြုလုပ်ပြီးပါက အဆိုပါ ဝန်ဆောင်မှုများအား ပုံမှန်အတိုင်းပြန်လည် အသုံးပြုနိုင်မှာဖြစ်ကြောင်းလည်း အသိပေးထားသည်။
