Saturday, June 7, 2025

ပြည်တွင်း၌ စားသုံးသည့် ရွှေ‌ဘိုပေါ်ဆန်း ရည်ညွှန်းဈေး...

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန စားသုံးသူရေးရာဦးစီးဌာနမှ လစဉ်သင့်တင့်မျှတသည့် ရည်ညွှန်းဈေးနှုန်းများကို သတ်မှတ်ထုတ်ပြန်လျက်ရှိရာ ယခုဇွန်လတွင် ပြည်တွင်းစားဆန် ရွှေ‌ဘိုပေါ်ဆန်း ရည်ညွှန်းဈေးအနည်းငယ်မြင့်တက်လာကြောင်း ထုတ်ပြန်ထားသည့် ရည်ညွှန်းဈေးအရ...

အာမခံအလုပ်သမားဝန်ထမ်းများကို ရွေ့လျားဆေးကုသယာဉ်ဖြင့် ကျန်းမာရေးစောင့်ရှောက်မှုပေးနေ

လူမှုဖူလုံရေးအဖွဲ့တွင်အကျုံးဝင်မှတ်ပုံတင်ထားသည့် အာမခံအလုပ်သမားဝန်ထမ်းများကို ရွေ့လျားဆေးကုသယာဉ်ဖြင့် ကျန်းမာရေးစောင့်ရှောက်မှု များပေးလျက်ရှိကြောင်း သိရသည်။ ထိုသို့ ဆောင်ရွက်ပေးရာတွင် အလုပ်သမားဝန်ကြီးဌာန လူမှုဖူလုံရေးအဖွဲ့နှင့် "ဘေးမခ"အထွေထွေရောဂါကုဆေးခန်းရှိရောဂါရှာဖွေရေး ဓါတ်ခွဲဌာနတို့ပူးပေါင်း၍ ပြည်ထောင်စုနယ်မြေအတွင်းရှိ အကျုံးဝင်...

ဆီးဂိမ်းပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်မည့် လက်ဝှေ့အားကစားအောင်နိုင်ရေး ထိုင်းမိတ်ဖက်ကစားသမားများဖြင့် လေ့ကျင့်မည်

ထိုင်းနိုင်ငံတွင် ကျင်းပမည့် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ(ဆီးဂိမ်း)ဝင်ရောက်ယှဉ်ပြိုင်မည့် လက်ဝှေ့အားကစားအောင်နိုင်ရေးအတွက် ထိုင်းမိတ်ဖက် ကစားသမားများနှင့် လေ့ကျင့်ရေးအစီအစဉ်များ ဆောင်ရွက်ရန်ရှိကြောင်း သိရသည်။ ယမန်နေ့ ဇွန် (၆) ရက်က...

ငလျင်ကြောင့် စာမေးပွဲပြန်ဖြေရမည့် ကျောင်းသား/ကျောင်းသူများနှင့် ဆရာ/ဆရာမများအတွက်...

အင်အားပြင်း မန္တလေးငလျင်ကြောင့် တက္ကသိုလ်ဝင်တန်းစာမေးပွဲ အဖြေလွှာများ မီးလေ-ာင်ပျ-က်ဆီးခဲ့သည့် ပြည်နယ်တစ်ခုနှင့် တိုင်းဒေသကြီး (၃)ခုမှ စာမေးပွဲပြန်လည်ဖြေဆိုမည့် ကျောင်းသားကျောင်းသူ (၃၅,၉၂၂) ဦး နှင့်...
HomeNewsLocal Newsနည်းပညာသိရှိမှု အားနည်းသည့် လူမှုကွန်ရက်...

နည်းပညာသိရှိမှု အားနည်းသည့် လူမှုကွန်ရက် အသုံးပြုသူ‌များကို ပစ်မှတ်ထား တိုက်ခိုက်သည့် လိမ်လည်မှုများ တနေ့တခြား ပိုမိုများပြားလာ

နည်းပညာသိရှိမှု အားနည်းသည့် လူမှုကွန်ရက် အသုံးပြုသူ‌များကို ပစ်မှတ်ထား တိုက်ခိုက်သည့် လိမ်လည်မှုများ တနေ့တခြား ပိုမိုများပြားလာ

နည်းပညာ အသိနည်းပြီး စူးစမ်းဆင်ခြင်နိုင်စွမ်း အားနည်းသူများကို ပစ်မှတ်ထားကာ လူမှုကွန်ရက်များပေါ်မှ လိမ်လည်မှုများ နေ့စဉ်နီးပါး ဖြစ်ပေါ်နေပြီး ယခုနောက်ပိုင်း ပိုမိုများပြား လာနေကြောင်း သိရသည်။

လူမှုကွန်ရက် စာမျက်နှာပေါ်မှ ပုံသဏ္ဍန်မျိုးစုံဖြင့် လိမ် လည်နေသူများကို ထိရောက်သည့် အပြစ်ပေးအရေးယူမှုများ မပြုလုပ်နိုင်ခြင်းသည် အဆိုပါ လိမ်လည်သူများအ တွက် အခွင့်အရေး တစ်ရပ်ဖြစ်နေကြောင်း ကျွမ်းကျင်သူ များက သုံးသပ်ကြသည်။

” လိုင်းပေါ်မှာက နေ့တိုင်းလို အလိမ်ခံနေရတာပါ။ သိတာတွေ ရှိသလို ၊ မသိတာတွေလည်း ရှိတယ်။ ဟိုလိုလိမ်လိုက် ဒီလို လိမ်လိုက်နဲ့ ၊ ကြာနေပြီ ခုနောက်ပိုင်းတော့ ပိုဆိုးလာတာပေါ့။ ဒါပေမဲ့ အရေးယူတာ ထိထိရောက်ရောက်မတွေ့ရဘူး။ ဒါက သူတို့အတွက် အခွင့်အရေး တစ်ခု ဖြစ်နေတာ” ဟု ဥပဒေကျွမ်းကျင်သူ တရားလွှတ် တော် ရှေ့နေတစ်ဦးက ပြောသည်။

အဆိုပါ လိမ်လည်သူများသည် အိုင်တီနည်းပညာနှင့် အ ကျွမ်းတဝင်မရှိသည့် လူမှုကွန်ရက် အသုံးပြုသူများ၏ လောဘစိတ်ကို အသုံးချချဉ်းကပ်ကာ ကံစမ်းမဲ၊ လက် ဆောင်၊ ဆုကြေး၊ အရောင်း အဝယ်များ ဗန်းပြ၍ လိမ် လည်ကြခြင်းဖြစ်ပြီး သက်ကြီးရွယ်အိုနှင့် သက်လတ်ပိုင်း လူတန်းစားများကိုသာ အဓိက ပစ်မှတ်ထား လိမ် လည်နေကြခြင်း ဖြစ်သည်။

ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက ရန်ကုန်မြို့တွင် နေထိုင်သည့် သက်လတ်ပိုင်း အမျိုးသမီးတစ်ဦးထံ ရွှေဆွဲကြိုးကံစမ်းမဲပေါက်သည်ဟုဆိုကာ ရွှေဆွဲကြိုးအတုနှင့် လိမ် လည်မှုတစ်ခု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

အ‌ဆိုပါ ရွှေဆွဲကြိုးအား ရွှေဆိုင်တွင်သွားရောက်စစ်ဆေး ကြည့်ရာ အတုဖြစ်နေပြီး ကာလတန်ဖိုးအနေဖြင့် ၃၀၀၀ /၄၀၀၀ လောက်သာ တန်သည်ကို ၃၉၀၀၀ ပေး၍ ပါဆယ် ရွေးယူခဲ့ရခြင်း ဖြစ်ကြောင်း သိရသည်။

“ရွှေဆွဲကြိုးလေး မဲပေါက်တယ်ဆိုပြီး ဖုန်းဆက် ပို့လိုက်လို့ ပါဆယ်ရုံးကနေ ၃၉၀၀၀ နဲ့ ခုပဲ ထုတ်လာတာ၊ အစ်မ နားမလည်လို့ အတုအစစ်လေး စစ်ပေးပါလား ညီမလေးရယ်တဲ့ ။ ပစ္စည်းလေး ကြည့်လိုက်တာနဲ့ အတုမှန်းသိပေမယ့် လာပြတဲ့ အစ်မ ကျေနပ်အောင် မှတ်ကျောက်လေး တင်ပြပေးပြီး စိတ်မကောင်းစွာနဲ့ စတိုးဆိုင်တွေမှာရောင်းတဲ့ ၄/၅ထောင်ဘဲ ရှိတဲ့ အတုလို့ ပြောလိုက်ရတယ်။ မျက် နှာလည်း မကောင်းတော့ဘူး မိုးရေတွေကြားထဲ စိုရွှဲပြီး ပြန်သွားလေတယ်” ဟု ရွှေဆွဲကြိုး စစ်ပေးသူက ၎င်း၏ လူမှုကွန်ရက် စာမျက်နှာတွင် ရေးသားထားသည်။

အလားတူ ဖြစ်စဉ်များ လူမှုကွန်ရက် စာမျက်နှာတွင်နေ့စဉ် ဖြစ်ပေါ်နေပြီး ဖုန်း ၊ ရွှေထည်ပစ္စည်း၊ နာရီ အစရှိသည့် တန်ဖိုးကြီး ပစ္စည်းများဖြင့် လိမ်လည် ဖျားယောင်းမှုများ လုပ်ဆောင်နေမှုများကို တရားဥပဒေအရ စိစစ်ဖော်ထုတ်ကာ ထိရောက်စွာ အရေးယူသင့်ကြောင်း ဥပ ဒေ ကျွမ်းကျင်သူများက သုံးသပ်ကြသည်။

” အဓိကတော့ နံပါတ် (၁) အနေနဲ့ လောဘမတက်ကြဖို့ပေါ့။ တန်ဖိုးကြီး ပစ္စည်း တစ်ခုကို ဘယ်သူကမှ အလ ကားမပေးဘူး ။ ဒါကသိပ်ကို ရိုးရှင်းတယ်။ အဲဒီတော့ အရင်ဆုံး ကိုယ့်လောဘ ကိုယ်ထိန်းကြဖို့ပေါ့။ နောက်တစ်ချက်က ဘာပဲ ဖြစ်ဖြစ်၊ ဖြစ်နိုင်မဖြစ်နိုင် စိစစ်ဖို့ လိုတာပေါ့နော်။ ဟုတ်လား မဟုတ်လား ၊ ဖြစ်နိုင်လား မဖြစ်နိုင်လား မစိစစ်ဘဲနဲ့ ယုံလိုက်ရင် ခံကြရမှာပဲ။ နောက်တစ်ခုက သက်ဆိုင်ရာက ဒါတွေကို ထိထိရော က်ရောက် စိစစ်ပြီးအရေးယူသင့်တယ်။ အခုဟာက တိုင်ရင်တောင် အရေးယူဖို့ အလွယ်တကူမဖြစ်ဘူး။ ခံရတဲ့သူကို ပြန်ရစ်နေတာနဲ့တင် ဇာတ်လမ်းက ပြတ်ပြီ”ဟု ရန်ကုန်မြို့ရှိ ရှေ့နေတစ်ဦးက ပြောသည်။

ယခုနောက်ပိုင်းတွင် လူမှုကွန်ရက် အသုံးပြုသူများ ပိုမိုများပြားလာသည့်အပေါ် အခွင့်ကောင်းယူကာ ငွေကြေးလိမ်လည်မှုများသည် ပုံသဏ္ဍန်မျိုးစုံဖြင့် ဖြစ်ပွားနေပြီး ကုန်ပစ္စည်း ရောင်းဝယ်သည့် ပုံစံ၊ ငွေချေးလုပ်ငန်း၊ ကံ စမ်းမဲ၊ ကျန်းမာရေး ဝန်ဆောင်မှု၊ အိမ်ခြံမြေဝန်ဆောင်မှု၊ ခရီးသွားဝန်ဆောင်မှု၊ အလှအပရေးရာ ဝန်ဆောင်မှု စသည့် ပုံစံအမျိုးမျိုးဖြင့် လိမ်လည်မှုများကို အုပ်စုဖွဲ့ လုပ် ဆောင်နေကြခြင်း ဖြစ်သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ပြည်တွင်း၌ စားသုံးသည့် ရွှေ‌ဘိုပေါ်ဆန်း ရည်ညွှန်းဈေး အနည်းငယ်မြင့်တက်လာ

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန စားသုံးသူရေးရာဦးစီးဌာနမှ လစဉ်သင့်တင့်မျှတသည့် ရည်ညွှန်းဈေးနှုန်းများကို သတ်မှတ်ထုတ်ပြန်လျက်ရှိရာ ယခုဇွန်လတွင် ပြည်တွင်းစားဆန် ရွှေ‌ဘိုပေါ်ဆန်း ရည်ညွှန်းဈေးအနည်းငယ်မြင့်တက်လာကြောင်း ထုတ်ပြန်ထားသည့် ရည်ညွှန်းဈေးအရ သိရသည်။ သတ်မှတ်ရည်ညွှန်းဈေးနှုန်းများမှာ ရွှေဘိုပေါ်ဆန်း ပထမတန်း (အဟောင်း) (၂၄) ပြည် ဆန်တအိတ်လျှင် ကျပ် (၁၅၅,၀၀၀)၊ ရွှေဘိုပေါ်ဆန်း ပထမတန်း (အသစ်) (၂၄) ပြည် ဆန်တအိတ်လျှင်ရည်ညွှန်းဈေး ကျပ် (၁၄၀,၀၀၀)၊ ရွှေဘိုပေါ်ဆန်း ဒုတိယတန်း (အဟောင်း)(၂၄) ပြည် ဆန်တအိတ်လျှင် ရည်ညွှန်းဈေး ကျပ် (၁၅၀,၀၀၀) နှင့်...

အာမခံအလုပ်သမားဝန်ထမ်းများကို ရွေ့လျားဆေးကုသယာဉ်ဖြင့် ကျန်းမာရေးစောင့်ရှောက်မှုပေးနေ

လူမှုဖူလုံရေးအဖွဲ့တွင်အကျုံးဝင်မှတ်ပုံတင်ထားသည့် အာမခံအလုပ်သမားဝန်ထမ်းများကို ရွေ့လျားဆေးကုသယာဉ်ဖြင့် ကျန်းမာရေးစောင့်ရှောက်မှု များပေးလျက်ရှိကြောင်း သိရသည်။ ထိုသို့ ဆောင်ရွက်ပေးရာတွင် အလုပ်သမားဝန်ကြီးဌာန လူမှုဖူလုံရေးအဖွဲ့နှင့် "ဘေးမခ"အထွေထွေရောဂါကုဆေးခန်းရှိရောဂါရှာဖွေရေး ဓါတ်ခွဲဌာနတို့ပူးပေါင်း၍ ပြည်ထောင်စုနယ်မြေအတွင်းရှိ အကျုံးဝင် အလုပ်ဌာနများမှ အာမခံအလုပ်သမားများအား လုပ်ငန်းခွင် မပျ-က်ဌာနအရောက် ကျန်းမာရေးစောင့်ရှောက်မှုပေးလျက်ရှိကြောင်း သိရသည်။ ပြီးခဲ့သည့် ဇွန်လ (၅) ရက်က လူမှုဖူလုံရေးအဖွဲ့ ရွေ့လျားဆေးကုသယာဉ်(MMU)မှ တာဝန်ခံ ဆရာဝန်အပါအဝင် ဝန်ထမ်း (၁၅)ဦးတို့သည် အဂတိ လိုက်စားမှု တို-က်ဖျ-က်ရေးကော်မရှင်ရုံးရှိ လူမှုဖူလုံရေးအဖွဲ့တွင် အကျုံးဝင်မှတ်ပုံတင်ထားသည့် အာမခံအလုပ်သမားဝန်ထမ်း (၁၂၂)ဦးတို့အား လိုအပ်သော ကျန်းမာရေးစစ်ဆေးမှုအပါအဝင် ဆေးဝါးကုသမှုများ၊ ဓါတ်ခွဲစစ်ဆေးမှုများနှင့်...

ဆီးဂိမ်းပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်မည့် လက်ဝှေ့အားကစားအောင်နိုင်ရေး ထိုင်းမိတ်ဖက်ကစားသမားများဖြင့် လေ့ကျင့်မည်

ထိုင်းနိုင်ငံတွင် ကျင်းပမည့် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ(ဆီးဂိမ်း)ဝင်ရောက်ယှဉ်ပြိုင်မည့် လက်ဝှေ့အားကစားအောင်နိုင်ရေးအတွက် ထိုင်းမိတ်ဖက် ကစားသမားများနှင့် လေ့ကျင့်ရေးအစီအစဉ်များ ဆောင်ရွက်ရန်ရှိကြောင်း သိရသည်။ ယမန်နေ့ ဇွန် (၆) ရက်က မြန်မာနိုင်ငံ လက်ဝှေ့အဖွဲ့ချုပ် အလုပ်အမှုဆောင် အဖွဲ့အစည်းအဝေးကို သုဝဏ္ဏအားကစားကွင်းရှိ လက်ဝှေ့လေ့ကျင့်ရေးရုံတွင် ကျင်းပစဉ် ထည့်သွင်းဆွေးနွေးခဲ့ကြခြင်း ဖြစ်သည်။ ထို့ပြင် စင်္ကာပူနိုင်ငံတွင် ကျင်းပမည့် လက်ဝှေ့ပြိုင်ပွဲအတွက် ကစားသမားစေလွှတ်ရန် ကိစ္စများကိုလည်းထည့် သွင်း ဆွေးနွေးခဲ့ကြကြောင်း သိရသည်။ ထိုင်းနိုင်ငံက အိမ်ရှင်နိုင်ငံအဖြစ် ကျင်းပပြုလုပ်မည့် ဆီးဂိမ်းပြိုင်ပွဲကို ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ(၉)ရက်မှ (၂၀)ရက်အထိ ဘန်ကောက်မြို့၊ ချောင်ဘူရီမြို့၊...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071