Sunday, May 18, 2025

ရှမ်းပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီ အနေဖြင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု လုပ်ငန်း...

ရှမ်းပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီအနေဖြင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်း (၇) ခု ရင်းနှီးမြှုပ်နှံမှုပမာဏ အမေရိကန်ဒေါ်လာ (၁၆.၁၆၃) သန်းနှင့် မြန်မာနိုင်ငံသားရင်းနှီးမြှု ပ်နှံမှု လုပ်ငန်း (၁၈) ခု...

ရုရှားနိုင်ငံနှင့်ပူးပေါင်း၍ ဆက်လက်လုပ်ဆောင်ရမည့် နယ်ပယ်များစွာရှိနေသေးဟု နစက...

ရုရှားနိုင်ငံနှင့်ပူးပေါင်း၍ ဆက်လက်လုပ်ဆောင်ရမည့် နယ်ပယ်များစွာရှိနေသေးသည်ဟု နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ရုရှားနိုင်ငံ၊ မော်စကိုမြို့သို့ နိုင်ငံတော်အဆင့်ချစ်ကြည်ရေးခရီးစဥ်ရောက်ရှိနေစဥ် မေ ၈ ရက်က...

ဒွါဒသမအကြိမ်မြောက်အဖြစ်ကျင်းပမည့် သုတစုံလင်ဗုဒ္ဓဝင်ဖြေဆိုပူဇော်ပွဲကြီးဆိုင်ရာအလှူငွေပေးအပ်ပွဲပြုလုပ်

မြန်မာနိုင်ငံလုံးဆိုင်ရာသုတစုံလင်ဗုဒ္ဓဝင်အဖွဲ့(ဗဟို) ၏ ပရိယတ္တိသာသနာပြုမဟာဗုဒ္ဓဝင်ပြန့်ပွားရေးဓမ္မဒါနအဖြစ် ဒွါဒသမအကြိမ်မြောက်အဖြစ်ကျင်းပမည့် သုတစုံလင်ဗုဒ္ဓဝင်ဖြေဆိုပူဇော်ပွဲကြီးဆိုင်ရာအလှူငွေပေးအပ်ပွဲကို ယနေ့ မေ ၁၇ ရက်မွန်းလွဲပိုင်းက မရမ်းကုန်းမြို့နယ်ရှိ ဇမ္ဗူသီရိဗိမာန်တော်၌ပြု လုပ်ခဲ့သည်။ အခမ်းအနားသို့ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့...

နိုင်ငံတကာ လေကြောင်းခရီးစဥ် နှောင့်နှေးပါက ပြန်လည်ရရှိမည့်အခွင့်အရေးများ

မေလ ၂၀ရက်နေ့မှ စတင်၍ ထိုင်းနိုင်ငံရှိ နိုင်ငံတကာလေကြောင်းခရီးသည်များ လေယာဥ်ခရီးစဥ် နှောင့်နှေးသည့်အခါတွင် အခြေအနေအလိုက် အခွင့်အရေးများ ခံစားရရှိအောင် ဝန်ဆောင်ပေးတော့မည်ဖြစ်သည်။ အသေးစိတ် အချက်အလက်များကို ပြည်သူ့ဆက်ဆံရေးဦးစီးဌာန...
HomeNewsLocal Newsနစက ဥက္ကဋ္ဌမှ ဂုဏ်ထူးဆောင်ဘွဲ့ရရှိသူများအနက်...

နစက ဥက္ကဋ္ဌမှ ဂုဏ်ထူးဆောင်ဘွဲ့ရရှိသူများအနက် (၃၆)ဦးကို ဂုဏ်ထူးဆောင်ဘွဲ့များလက်ရောက်ချီးမြှင့်

နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ယနေ့ မတ် ၁၆ ရက်နံနက်ပိုင်းက နစက ဥက္ကဋ္ဌရုံး သဘင်ဆောင်၌ကျင်းပသည့် ၂၀၂၅ ခုနှစ်၊ ဂုဏ်ထူးဆောင်ဘွဲ့များချီးမြှင့်အပ်နှင်းခြင်းအခမ်းအနားတွင် ဂုဏ်ထူးဆောင်ဘွဲ့ရရှိသူများအနက် (၃၆)ဦးကို ဂုဏ်ထူးဆောင်ဘွဲ့များအား လက်ရောက်ချီးမြှင့်ခဲ့သည်။

အခမ်းအနားတွင် နစက ဥက္ကဋ္ဌမှ တည်ငြိမ်အေးချမ်းပြီး ခေတ်မီဖွံ့ဖြိုးတိုးတက်သည့်နိုင်ငံဖြစ်စေရန်ဘက်စုံထောင့်စုံမှ ကြိုးပမ်းတည်ဆောက်နေရာ၌ ပြည်ထောင်စုဖွား တိုင်းရင်းသားပြည်သူအားလုံး၏ အင်အားသည်အဓိကကျပြီး အားလုံး၏ပူးပေါင်းပါဝင်မှု သည် အရေးကြီးကာ နိုင်ငံတော်အစိုးရ၏ဦးဆောင်မှုနှင့်အတူ ပြည်သူတစ်ဦးချင်းစီက စိတ်ဓာတ်၊ အသိအမြင်၊ ကာယဉာဏစွမ်းအားများနှင့် ပူးပေါင်းပါဝင်မှုအင်အားဖြင့်သာအောင်မြင်နိုင်မည်ဟု ပြောသည်။

နိုင်ငံတော်အစိုးရမှ ချမှတ်အကောင်အထည်ဖော် ဆောင်ရွက်နေသည့် ရှေ့လုပ်ငန်းစဉ်(၅)ရပ်၊ ဦး တည်ချက်(၉)ရပ်၊ အမျိုးသားရေး ရည်မှန်းချက် (၂)ရပ်၏ လုပ်ငန်းစဉ်များသည် လက်တွေ့အကောင်အထည်ဖော်ရာ၌ အလွန်ကျယ်ပြန့်နက်ရှိုင်းကာ ယင်း ဦးတည်ချက်လုပ်ငန်းစဉ်နှင့် ရည်မှန်းချက်တိုင်းတွင် ကဏ္ဍအလိုက်အသေးစိတ်ဖော်ဆောင်ရမည့် လုပ်ငန်းတာဝန်များစွာရှိနေသည်ဟု ပြောသည်။

” အားလုံးသိရှိပြီးဖြစ်တဲ့အတိုင်း ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကြီးကျင်းပနိုင်ဖို့အတွက် လိုအပ်တဲ့ပြင်ဆင်မှုတွေကို စီစဉ်ဆောင်ရွက်နေပြီ ဖြစ်ပါတယ်။ လွတ်လပ်ပြီးတရားမျှတတဲ့အထွေထွေရွေးကောက်ပွဲကို မဖြစ်မနေကျင်းပပြုလုပ်ပေးသွားမှာဖြစ်တဲ့အတွက် ရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ဖို့ အစိုးရနဲ့ပြည်သူ တက်ညီလက်ညီ ဝိုင်း ဝန်းပူးပေါင်းဆောင်ရွက်သွားကြဖို့လိုအပ်ပါတယ်” ဟု နစက ဥက္ကဋ္ဌက ပြောသည်။

ထို့ပြင် နစက အနေဖြင့် ပြည်တွင်းမှဂုဏ်ထူးဆောင်ဘွဲ့အပ်နှင်းခြင်းခံထိုက်သူများကိုသာမက ပြည်ပနိုင်ငံများမှ မြန်မာနိုင်ငံ၏ ကောင်းရာကောင်းကျိုးကို စိတ်ကောင်းစေတနာအပြည့်ဖြင့် စွမ်းစွမ်းတမံပူးပေါင်းဆောင်ရွက်ခဲ့ကြသည့် ပုဂ္ဂိုလ်များကိုလည်း နိုင်ငံအချင်းချင်းချစ်ကြည်ရင်းနှီးမှုပိုမိုခိုင် မာစေရန် ဂုဏ်ထူးဆောင်ဘွဲ့၊ တံဆိပ်များချီးမြှင့်အပ်နှင်းလျက်ရှိသည်ဟု ပြောကြားခဲ့သည်။

ထို့နောက် နစက ဥက္ကဋ္ဌမှ ပြည်ထောင်စုစည်သူသင်္ဂဟဘွဲ့များဖြစ်သည့် “စည်သူဘွဲ့”ရရှိသူ(၁၃)ဦး၊ တပ်မတော်စွမ်းရည်သတ္တိဆိုင်ရာဘွဲ့များဖြစ်သည့် “သူရဘွဲ့”ရရှိသူ(၃)ဦး၊ စွမ်းဆောင်မှုဆိုင်ရာဂုဏ်ထူးဆောင်ဘွဲ့များဖြစ်သည့် “ဇေယျကျော်ထင်ဘွဲ့” ရရှိသူ(၁၇)ဦး၊ “ဝဏ္ဏကျော်ထင်ဘွဲ့”ရရှိသူ(၁၄)ဦး၊ “အလင်္ကာကျော်စွာဘွဲ့”ရရှိသူ(၁)ဦး၊ “သိပ္ပကျော်စွာဘွဲ့”ရရှိသူ(၂)ဦးတို့ကို ဂုဏ်ထူးဆောင်ဘွဲ့များအား တစ်ဦးချင်းလက်ရောက်ချီးမြှင့်အပ်နှင်းပေးခဲ့သည်။

ယနေ့ ကျင်းပသည့် ဂုဏ်ထူးဆောင်ဘွဲ့များချီးမြှင့်အပ်နှင်းခြင်းအခမ်းအနားတွင် ၂၀၂၅ ခုနှစ်၊ ဇန်န ဝါရီ ၄ ရက်(လွတ်လပ်ရေးနေ့)နှင့် မတ် ၂ ရက် (တောင်သူလယ်သမားနေ့)တို့တွင် အမိန့်ကြော်ငြာစာထုတ်ပြန်ပြီးဖြစ်သည့် စည်သူဘွဲ့(၁၃)ဦး၊ သူရဘွဲ့(၃)ဦး၊ ဇေယျကျော်ထင်ဘွဲ့(၁၇)ဦး၊ ဝဏ္ဏကျော်ထင်ဘွဲ့(၁၄)ဦး၊ အလင်္ကာကျော်စွာဘွဲ့(၁)ဦး၊ သိပ္ပကျော်စွာဘွဲ့(၂)ဦး(စုစုပေါင်း ၅၀ ဦး)ကို သက်ဆိုင် ရာ ဂုဏ်ထူးဆောင်ဘွဲ့များချီးမြှင့်အပ်နှင်းခဲ့သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ရှမ်းပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီ အနေဖြင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု လုပ်ငန်း (၇) ခု ခွင့်ပြုပေးထား

ရှမ်းပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီအနေဖြင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်း (၇) ခု ရင်းနှီးမြှုပ်နှံမှုပမာဏ အမေရိကန်ဒေါ်လာ (၁၆.၁၆၃) သန်းနှင့် မြန်မာနိုင်ငံသားရင်းနှီးမြှု ပ်နှံမှု လုပ်ငန်း (၁၈) ခု ရင်းနှီးမြှုပ်နှံမှုပမာဏ အမေရိကန် ဒေါ်လာ (၇.၅၉၂) သန်း အပါအဝင် ကျပ်သန်း (၄၆၂၁၆.၃ ၀၁) ကို ခွင့်ပြုပေးထားကြောင်း ရှမ်းပြည်နယ် ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၃/၂၀၂၅) ကြိမ်မြောက် အစည်းအဝေးမှသိရသည်။ အဆိုပါ လုပ်ငန်းများမှ ရှမ်းပြည်နယ်အတွင်း အလုပ်အကိုင်ခွင့်အလမ်းအနေဖြင့် ပြည်တွင်း (၁၅၁၃)ဦးနှင့် ပြည်ပ (၆၈) ကို ဖန်တီးပေးနိုင်ခဲ့ပြီး ဖြစ်သည်။ ထို့ပြင်...

ရုရှားနိုင်ငံနှင့်ပူးပေါင်း၍ ဆက်လက်လုပ်ဆောင်ရမည့် နယ်ပယ်များစွာရှိနေသေးဟု နစက ဥက္ကဋ္ဌပြော

ရုရှားနိုင်ငံနှင့်ပူးပေါင်း၍ ဆက်လက်လုပ်ဆောင်ရမည့် နယ်ပယ်များစွာရှိနေသေးသည်ဟု နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ရုရှားနိုင်ငံ၊ မော်စကိုမြို့သို့ နိုင်ငံတော်အဆင့်ချစ်ကြည်ရေးခရီးစဥ်ရောက်ရှိနေစဥ် မေ ၈ ရက်က ရုရှားနိုင်ငံ RT သတင်းဌာနနှင့်တွေ့ဆုံရာ၌ ပြောကြားခဲ့ခြင်းဖြစ်သည်။ ရုရှားနိုင်ငံနှင့် မြန်မာနိုင်ငံတို့၏ ပူးပေါင်းဆောင်ရွက်မှုနယ်ပယ်မှာကျယ်ပြန့်ပြီး ကာကွယ်ရေးကဏ္ဍသာမက သိပ္ပံနှင့်နည်းပညာ၊ စီးပွားရေး၊ ဥပဒေဘက်ဆိုင်ရာ၊ ပညာရေး၊ ကျန်းမာရေးနယ်ပယ်များစွာရှိကာ ဆွေးနွေးသည့်ကိစ္စများလည်းရှိပြီးဖြစ်သည်ဟု ပြောသည်။ ထို့ပြင် မိမိအနေဖြင့် မတ်လအတွင်းကလာရောက်ခဲ့သည့် ရုရှားနိုင်ငံခရီးစဥ်အတွင်း၌ နျူးကလီးယားနှင့်ပတ်သက်သည့် ဓာတ်အားပေးစက်ရုံတည်ဆောက်ရေး၊ ထားဝယ်ရေနက်ဆိပ်ကမ်းတည်ဆောက်ရေး၊ ကမ်းလွန်ရေနံနှင့်ဓာတ်ငွေ့ထုတ်လုပ်ရေးတို့အတွက် ရင်းနှီးမြှုပ်နှံမည့်ကိစ္စများကို ဆွေးနွေးနိုင်ခဲ့ကာ သဘောတူခဲ့မှုများ၊ လုပ်ဆောင်နေမှုများလည်းရှိ၍ ဆက်လက်လုပ်ဆောင်ရမည့်...

ဒွါဒသမအကြိမ်မြောက်အဖြစ်ကျင်းပမည့် သုတစုံလင်ဗုဒ္ဓဝင်ဖြေဆိုပူဇော်ပွဲကြီးဆိုင်ရာအလှူငွေပေးအပ်ပွဲပြုလုပ်

မြန်မာနိုင်ငံလုံးဆိုင်ရာသုတစုံလင်ဗုဒ္ဓဝင်အဖွဲ့(ဗဟို) ၏ ပရိယတ္တိသာသနာပြုမဟာဗုဒ္ဓဝင်ပြန့်ပွားရေးဓမ္မဒါနအဖြစ် ဒွါဒသမအကြိမ်မြောက်အဖြစ်ကျင်းပမည့် သုတစုံလင်ဗုဒ္ဓဝင်ဖြေဆိုပူဇော်ပွဲကြီးဆိုင်ရာအလှူငွေပေးအပ်ပွဲကို ယနေ့ မေ ၁၇ ရက်မွန်းလွဲပိုင်းက မရမ်းကုန်းမြို့နယ်ရှိ ဇမ္ဗူသီရိဗိမာန်တော်၌ပြု လုပ်ခဲ့သည်။ အခမ်းအနားသို့ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဥက္ကဋ္ဌ သန်လျင်မင်းကျောင်းဆရာတော်ကြီးအမှူးပြုသည့် ဆရာတော်ကြီးများ၊ မြန်မာနိုင်ငံလုံးဆိုင်ရာသုတစုံလင်ဗုဒ္ဓဝင်အဖွဲ့(ဗဟို)ဥက္ကဋ္ဌ ဆရာတော်နှင့်ဂုဏ်ထူးဆောင်ဆရာတော်ကြီးများကြွရောက်တော်မူခဲ့ကြသည်။ ထို့အတူ ရန်ကုန်တိုင်းအစိုးရအဖွဲ့၊ လူမှုရေးရာဝန်ကြီးဦးဌေးအောင်၊ မြန်မာနိုင်ငံလုံးဆိုင်ရာသုတစုံလင်ဗုဒ္ဓဝင်အဖွဲ့ဝင်များနှင့် အလှူရှင်များတက်ရောက်ကြည်ညိုပြီး ရန်ကုန်တိုင်းသံဃနာယကဥက္ကဋ္ဌ၊ သုတစုံလင်ဗုဒ္ဓဝင်အဖွဲ့(ဗဟို)၏ ဩဝါဒါစရိယ ဆရာတော်ကြီးထံမှ ငါးပါးသီလခံယူဆောက် တည်ခဲ့ကြသည်။ ထို့အတူ သန်လျင်မင်းကျောင်းဆရာတော်ကြီးထံမှ အဖွင့်ဩဝါဒကထာနာယူခဲ့ကြပြီးနောက် သုတစုံ လင်ဗုဒ္ဓဝင်ဖြေဆိုပူဇော်ပွဲကြီးတွင် ဝတ်ရုံဆင်မြန်းနိုင်ရန် ဗဟိုအဖွဲ့ဝင်ဆရာတော်ကြီးများ၊ သံဃာတော်များအား အလှူရှင်များက သင်္ကန်းများဆက်ကပ်လှူ ဒါန်းခဲ့ကြသည်။ ထို့နောက် အလှူရှင်များကအလှူငွေများပေးအပ်ရာလူမှုရေးရာဝန်ကြီးဦးဌေးအောင်နှင့်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071