Saturday, May 2, 2026

မအူပင်မြို့၏ အနက် (၅) ကီလိုမီတာကိုဗဟိုပြု၍...

ဧရာဝတီတိုင်း၊ မအူပင်မြို့၏ အနက် (၅) ကီလိုမီတာကိုဗဟိုပြု၍ အင်အားအနည်းငယ်ရှိသောငလျင်တစ်ခု မေ ၁ ရက်ည ၉ နာရီ ၂၁ မိနစ်...

မြန်မာနိုင်ငံအတွင်း တရားမဝင်ဝင်ရောက်နေထိုင်လျက်ရှိသည့်  ပြည်ပနိုင်ငံသား ၄၃...

မြန်မာနိုင်ငံအတွင်း တရားမဝင်ဝင်ရောက်နေထိုင်လျက်ရှိသည့်  ပြည်ပနိုင်ငံသား ၄၃ ဦးကို ရှမ်းပြည်နယ် တောင်ပိုင်း ကွန်ဟိန်းမြို့နယ်၊ ကာလိမြို့၊ ဝမ်မိုင်ကျေးရွာအနီး ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ ယမန်နေ့ မေလ...

ပြည်သူလူထု၏ဆန္ဒများကို အထူးအလေးထားအကောင်အထည် ဖော်ဆောင်ရွက်ပေးရမည်ဟုပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီပြော

လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် ပြည်သူလူထု၏ဆန္ဒများကို အထူးအလေးထားအကောင်အထည် ဖော်ဆောင်ရွက်ပေးရမည်ဟု ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီက ပဲခူးတိုင်းရှိ လွှတ်တော်ကိုယ်စားလှယ်များနှင့် မေ ၁ ရက်ကတွေ့ဆုံစဥ်ပြောကြားခဲ့ခြင်းဖြစ်သည်။ လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် နိုင်ငံသူ၊ နိုင်ငံသားများကို...

ဒဂုံတက္ကသိုလ်နှင့် ရန်ကုန်ပညာရေးတက္ကသိုလ်တို့၌ အပန်းဖြေရိပ်သာများတည်ဆောက်နေ

ရန်ကုန်တိုင်းရှိ ဒဂုံတက္ကသိုလ်နှင့် ရန်ကုန်ပညာရေးတက္ကသိုလ်တို့၌ အပန်းဖြေရိပ်သာများတည်ဆောက်လျက်ရှိရာ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာချောချောစိန်မှ ဧပြီ ၃၀ ရက်ကကြည့်ရှုစစ် ဆေးခဲ့သည်။ ပြည်ထောင်စုဝန်ကြီးက ဒဂုံတက္ကသိုလ်ရှိ အပန်းဖြေ ရိပ်သာတည်ဆောက်နေမှု၊...
HomeNewsLocal Newsနစက ဥက္ကဋ္ဌနှင့် ဇနီးတို့...

နစက ဥက္ကဋ္ဌနှင့် ဇနီးတို့ ကဆုန်ညောင်ရေသွန်းလောင်းပူဇော်

နေပြည်တော်ရှိ မာရဝိဇယ ဗုဒ္ဓဥယျာဉ်ပရိဝုဏ်တော်အတွင်း မဟာဗောဓိညောင်ပင်တော်အား နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် ဇနီးတို့မှ ယနေ့ မေ ၁၁ ရက်(ကဆုန် လပြည့်နေ့)ညနေပိုင်းက ကဆုန်ညောင်ရေသွန်းလောင်းပူဇော်ခဲ့ကြသည်။

နစက ဥက္ကဋ္ဌနှင့် ဇနီးတို့မှ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီအား ဖူးမြော်ကြည်ညိုပြီးနောက် ကဆုန်ညောင်ရေသွန်းလောင်းပူဇော်ပွဲအားကျင်းပရာ နစက ဥက္ကဋ္ဌနှင့် ဇနီး၊ တာဝန်ရှိသူများနှင့် တက်ရောက်လာကြသူများက မဟာဗောဓိညောင်ပင်တော်အား အမွှေးနံ့သာရည်များပက်ဖျန်းပူဇော်ကာ ညောင်ရေသွန်းလောင်းပူဇော်ခဲ့ကြသည်။

ထို့ပြင် မဟာဗောဓိညောင်ပင်တော်ရှိ ဗုဒ္ဓရုပ်ပွား တော်မြတ်များအား ရေသပ္ပါယ်တော်မူကြပြီး မဟာဗောဓိညောင်ပင်တော်အား လက်ယာရစ်လှည့်လည်ပူဇော်ခဲ့ကြသည်။

ထို့အတူ ဇေယျာသီရိမြို့နယ်၊ လောကချမ်းသာဆုတောင်းပြည့်အသင်းဘုရားကြီးရှိ မဟာဗောဓိညောင်ပင်များကိုလည်း နစက ဥက္ကဋ္ဌနှင့် ဇနီး၊ တာဝန်ရှိသူများနှင့် ဧည့်ပရိသတ်များက ကဆုန်ညောင် ရေသွန်းလောင်းပူဇော်ခဲ့ကြသည်။

ကဆုန်လပြည့်နေ့သည် ဒီပင်္ကရာမြတ်စွာဘုရားမှ ဂေါတမဘုရားအလောင်းတော် သုမေဓာရှင်ရသေ့အား “ဘဒ္ဒကမ္ဘာတွင် ဘုရားအဖြစ်ကိုရလိမ့်မည်” ဟုဗျာဒိတ်တော်စကားမိန့်ကြားတော်မူသောနေ့၊ ဘုရားအလောင်းတော်သိဒ္ဓတ္ထမင်းသားဖွားမြင်သောနေ့၊ သဗ္ဗညုဘုရားရှင်အဖြစ်သို့ ရောက်တော်မူသောနေ့၊ ပရိနိဗ္ဗာန်စံတော်မူသောနေ့များဖြစ်၍ “ဗျာဒိတ် ဖွားမြင် ဗောဓိပင်၊ စံဝင်နိဗ္ဗာန်နန်း”ဟု မှတ်တမ်းပြုကြပြီး ကဆုန်လပြည့် ဗုဒ္ဓနေ့ဟူ၍ ဗုဒ္ဓဘာသာဝင်များက နေ့ထူးနေ့မြတ်အဖြစ် အထွတ်အမြတ်ထားကာကျင်းပပူဇော်ခြင်းဖြစ်သည်။

ကဆုန်လပြည့်နေ့၏ ထူးခြားချက်မှာ ဂေါတမမြတ်စွာဘုရားသာလျှင်မက သဗ္ဗညုမြတ်စွာဘုရားရှင်တို့၏ ဖွားမြင်တော်မူသောနေ့၊ ဘုရားဖြစ်တော်မူသောနေ့၊ ပရိနိဗ္ဗာန်ပြုသောနေ့များမှာလည်း ကဆုန် လပြည့်နေ့ပင်ဖြစ်၍ ကဆုန်လပြည့်နေ့ကို “ဗုဒ္ဓနေ့” ဟု သတ်မှတ်ခြင်းဖြစ်ကာ ကဆုန်ညောင်ရေသွန်းပွဲတော်သည် ကုသိုလ်ယူဖွယ်ရာ၊ ဝမ်းသာ ကြည်နူးဖွယ်ရာ ဘာသာရေးဆိုင်ရာပွဲတော်တစ်ခုဖြစ်သည့်အပြင် မြန်မာ့ယဉ်ကျေးမှု အမွေအနှစ်တစ်ရပ်အဖြစ်ကျင်းပပြုလုပ်သည့် ပွဲတော်ဖြစ်ပြီး ကဆုန်လပြည့်နေ့မတိုင်မီ တစ်ရက်အလိုတွင် ညောင်ရေသွန်းလောင်းကြမည့် ညောင်ပင်များကိုအမွှေးနံ့သာရေများ ပက်ဖျန်းပေးခြင်း၊ မဟာဗောဓိပင်ပလ္လင်တော်အား ကြည်ညိုစဖွယ်ဖြစ်အောင်ပြင်ဆင်ခြင်းစသည့် ကုသိုလ်ယူဖွယ်များကိုပြုလုပ်လေ့ရှိကြသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

မအူပင်မြို့၏ အနက် (၅) ကီလိုမီတာကိုဗဟိုပြု၍ အင်အားအနည်းငယ်ရှိသောငလျင်တစ်ခုလှုပ်ခတ် လှုပ်ခတ်မှုကို ဒေသခံများသိသာစွာခံစားခဲ့ရ

ဧရာဝတီတိုင်း၊ မအူပင်မြို့၏ အနက် (၅) ကီလိုမီတာကိုဗဟိုပြု၍ အင်အားအနည်းငယ်ရှိသောငလျင်တစ်ခု မေ ၁ ရက်ည ၉ နာရီ ၂၁ မိနစ် ၄၃ စက္ကန့်ကလှုပ်ခတ်ခဲ့ရာ ဒေသခံများသိသာစွာခံစားခဲ့ရကြောင်း သိရသည်။ မအူပင်မြို့၏ အနောက်မြောက်ဘက် (၁၁) မိုင်ခန့်အကွာ၊ အနက် (၅) ကီလိုမီတာကိုဗဟိုပြု၍ မဂ္ဂနီကျူ့ (၄ ဒသမ ၂) အဆင့်ရှိ အင်အားအနည်းငယ်ရှိသောငလျင်တစ်ခုလှုပ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ "သိသိသာသာခံစားခဲ့ရတယ် ငလျင်လှုပ်လိုက်တာကို။ လှုပ်ပြီးတဲ့အချိန် ကြောက်လို့မအိပ်ရဲဘူးဖြစ်သွားတယ်။ အတော်ကြာမှ စိတ်ကိုအေးအေးထားပြီးအိပ်လိုက်ရတယ်။ ပြီးခဲ့တဲ့ရက်တုန်းကလည်း လှုပ်သွားသေးတယ် မအူပင်မှာက သတိထားပြီးနေရတယ်"...

မြန်မာနိုင်ငံအတွင်း တရားမဝင်ဝင်ရောက်နေထိုင်လျက်ရှိသည့်  ပြည်ပနိုင်ငံသား ၄၃ ဦး ရှမ်းပြည်နယ် တောင်ပိုင်းတွင် ဖမ်းမိ

မြန်မာနိုင်ငံအတွင်း တရားမဝင်ဝင်ရောက်နေထိုင်လျက်ရှိသည့်  ပြည်ပနိုင်ငံသား ၄၃ ဦးကို ရှမ်းပြည်နယ် တောင်ပိုင်း ကွန်ဟိန်းမြို့နယ်၊ ကာလိမြို့၊ ဝမ်မိုင်ကျေးရွာအနီး ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ ယမန်နေ့ မေလ ၁ ရက်နေ့က ရှမ်းပြည်နယ် (တောင်ပိုင်း) ကွန်ဟိန်းမြို့နယ်၊ ကာလိမြို့၊ ဝမ်မိုင်ကျေးရွာအနီး သံလွင်မြစ်ကူး ကူးတို့ဆိပ်၌ တရားမဝင်ပြည်ပနိုင်ငံသားများ ရောက်ရှိနေကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ အုပ်ချုပ်ရေးအဖွဲ့အစည်းများနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ ပါဝင်သော ပူးပေါင်းအဖွဲ့များက သွားရောက်ရှာဖွေစစ်ဆေးစဉ်  မြန်မာနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်နေထိုင်လျက်ရှိသည့် တရုတ်နိုင်ငံသား အမျိုးသား ၄၃ ဦးအား ဖော်ထုတ်ဖမ်းဆီး...

ပြည်သူလူထု၏ဆန္ဒများကို အထူးအလေးထားအကောင်အထည် ဖော်ဆောင်ရွက်ပေးရမည်ဟုပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီပြော

လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် ပြည်သူလူထု၏ဆန္ဒများကို အထူးအလေးထားအကောင်အထည် ဖော်ဆောင်ရွက်ပေးရမည်ဟု ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီက ပဲခူးတိုင်းရှိ လွှတ်တော်ကိုယ်စားလှယ်များနှင့် မေ ၁ ရက်ကတွေ့ဆုံစဥ်ပြောကြားခဲ့ခြင်းဖြစ်သည်။ လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် နိုင်ငံသူ၊ နိုင်ငံသားများကို ဥပဒေအကာအကွယ်အောက်တွင် ငြိမ်းငြိမ်းချမ်းချမ်းသာသာယာယာနေနိုင်အောင် ဆောင်ရွက်ပေးရန်တာဝန်မှု၊ ပြည်သူ့ကိုယ်စားလှယ်များဖြစ်၍ ပြည်သူလူထုနှင့် တစ်သားတည်းဖြစ်စေရန်၊ ပြည်သူလူထု၏ဆန္ဒများကို ဖြည့်ဆည်းကူညီဆောင်ရွက်ပေးရန် တာဝန်ရှိမှုတို့ကို ပြောကြားသည်။ ဥပဒေပြုရေးလုပ်ငန်းတာဝန်များဆောင်ရွက်ရာတွင် ပြည်သူများကိုကာကွယ်ပေးနိုင်သည့် ဥပဒေ ဟုတ်/မ ဟုတ်တို့ကို စိစစ်ဆောင်ရွက်ရန်၊ နိုင်ငံတော်တွင်လက်ရှိဖြစ်ပေါ်နေသည့် အခြေအနေကိုအချိန်နှင့်တစ်ပြေးညီ သိရှိထားရန်၊ လွှတ်တော်သည် နိုင်ငံနှင့် ပြည်သူလူထုအတွက် အားကိုးအားထားပြုရသည့်အဖွဲ့အစည်းတစ် ရပ်ဖြစ်အောင်ဆောင်ရွက်ရန် ပြောကြားသည်။ ထို့ပြင် လွှတ်တော်ကိုယ်စားလှယ်ရုံးခန်းများဖွင့်လှစ်၍ ဒေသခံများ၏...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071