Wednesday, May 13, 2026

ဂုရုကြီး ဆရီဆရီ ရှာဗီရှန်ကာ ၏...

ယနေ့ မေလ ၁၃ ရက်တွင် အိန္ဒိယလူမျိုး ကမ္ဘာကျော်ငြိမ်းချမ်းရေးသံတမန်နှင့် လူမှုရေးခေါင်းဆောင်တစ်ဦး ဖြစ်သည့် ဂုရုကြီး ဆရီဆရီ ရှာဗီရှန်ကာ ၏ နှစ်(၇၀)ပြည့်မွေးနေ့...

မက်မန်းမြို့နယ်နှင့် မြဝတီမြို့တို့မှ အွန်လိုင်းလိမ်လည်လောင်းကစားမှုကျူးလွန်သည့် တရုတ်နိုင်ငံသား(၁၁၀)...

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မက်မန်းမြို့နယ်ရှိ သံလွင်မြစ်အနီးနှင့် ကရင်ပြည်နယ်၊ မြဝတီမြို့ဝန်းကျင်တို့မှ အွန်လိုင်းလိမ်လည်လောင်းကစားမှုကျူးလွန်သည့် တ ရုတ်နိုင်ငံသား(၁၁၀)ဦးကို လုပ်ငန်းသုံးဆက်စပ်ပစ္စည်းများနှင့်အတူဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ ယမန်နေ့ မေ ၁၂ ရက်နံနက်ပိုင်းနှင့်...

သာကေတ ဇိနမာရ်အောင်စေတီတော်မြတ်ကြီး ရွှေသင်္ကန်းကပ်လှူရန် အလှူငွေ...

အဆိုပါ အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးအောင်နိုင်သူ၊ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးဌေးအောင်နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပြီး ရွှေသင်္ကန်းအလှူရှင်များ လှူဒါန်းသည့် အလှူငွေများကို လက်ခံရယူခဲ့ကြသည်။ ဇိနမာရ်အောင်စေတီတော်မြတ်ကြီး...

မြန်မာ့လက်ရွေးစင် ကွင်းလယ်ကစားသမား မြတ်ကောင်းခန့်ကို ရန်ကုန်စီးတီးအသင်း...

ရန်ကုန်စီးတီးအသင်းသည် လာမည့်ဘောလုံးရာသီအတွက် အသင်းကို အင် အားဖြည့်တင်းမှုအဖြစ် မြန်မာ့လက်ရွေးစင် ကွင်းလယ်ဖန်တီးရှင် မြတ်ကောင်းခန့် ကို ရှမ်းယူနိုက်တက်အသင်းထံမှ (၂) နှစ်စာချုပ်ဖြင့် ပထမဆုံးခေါ်ယူနိုင်ခဲ့ကြောင်း...
HomeMoviesဓာတ်လှေကားအတွင်းပိတ်မိနေသည့် အမျိုးသမီး(၆)ဦးအား မီးသတ်တပ်ဖွဲ့က...

ဓာတ်လှေကားအတွင်းပိတ်မိနေသည့် အမျိုးသမီး(၆)ဦးအား မီးသတ်တပ်ဖွဲ့က အချိန်မှီကယ်ထုတ်နိုင်ခဲ့

​ရန်ကုန်တိုင်း၊ သင်္ဃန်းကျွန်းမြို့နယ်ရှိ အထပ်မြင့်အဆောက်အအုံတစ်ခု၏ ဓာတ်လှေကားစက်ချို့ယွင်းမှုကြောင့်ပိတ်မိနေသည့် အမျိုးသမီး(၆)ဦးအား မီးသတ်တပ်ဖွဲ့ဝင်များက ၁၀ မိနစ်အတွင်း အောင်မြင်စွာကယ်ထုတ်နိုင်ခဲ့ကြောင်း သိရသည်။

ယနေ့ မေ ၁၂ ရက်နံနက် ၁၀ နာရီ ၁၂ မိနစ်ခန့်တွင် သင်္ဃန်းကျွန်းမြို့နယ်၊ လေးထောင့်ကန်ရပ်ကွက်၊ လေး ထောင့်ကန်လမ်း၊ အမှတ်(၁၀၀)ရှိ RC (၈)ထပ်ခွဲ အဆောက်အအုံ၏ မြေညီထပ်ဓာတ်လှေကားအတွင်း လူများပိတ်မိနေသဖြင့် သက်ဆိုင်ရာ မီးသတ်တပ်ဖွဲ့ဝင်များမှ ကယ်ထုတ်မှုများပြုလုပ်ခဲ့ကြသည်။

မီးသတ်တပ်ဖွဲ့ဝင်များ၏ ကယ်ထုတ်မှုကြောင့် နံနက် ၁၀ နာရီ ၂၃ မိနစ်တွင် ဓာတ်လှေကားအတွင်းပိတ်မိနေသည့် အမျိုးသမီး(၆)ဦးလုံးကို ဘေးအန္တရာယ်ကင်းရှင်းစွာဖြင့် အပြင်သို့ပြန်လည်ကယ်ထုတ်ပေးနိုင်ခဲ့သည်။

ထို့ကြောင့် အထပ်မြင့်အဆောက်အအုံများတွင် နေ ထိုင်/အလုပ်လုပ်ကိုင်သူများအနေဖြင့် ဓာတ်လှေကားများကို သတ်မှတ်ကာလအလိုက် ကျွမ်းကျင်အင်ဂျင်နီ ယာများနှင့် စနစ်တကျစစ်ဆေးပြုပြင်ထားခြင်းဖြင့် ယခုကဲ့သို့ စက်ချို့ယွင်းမှုကြောင့် ပိတ်မိခြင်းများကို ကာကွယ်နိုင်မည်ဖြစ်သည်။

ထို့ပြင် ဓာတ်လှေကားအတွင်းပိတ်မိပါက ဆက်သွယ်နိုင်မည့် အရေးပေါ်ဖုန်းနံပါတ်များကို ဓာတ်လှေကားအ တွင်း ထင်ရှားစွာကပ်ထားသင့်ပြီး အချက်ပေးခေါင်းလောင်းများ ကောင်းမွန်စွာအလုပ်လုပ်ခြင်း ရှိ/မရှိ ပုံမှန်စစ်ဆေးသင့်ကာ ဓာတ်လှေကားအတွင်းပိတ်မိပါက ထိတ်လန့်တုန်လှုပ်ခြင်းမဖြစ်ဘဲ အပြင်သို့ အချက်ပေးအကူအညီတောင်းခံရန်နှင့် လေဝင်လေထွက်ရှိစေရန် တည်ငြိမ်စွာစောင့်ဆိုင်းခြင်းက အရေးကြီးဆုံးပင်ဖြစ် သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ဂုရုကြီး ဆရီဆရီ ရှာဗီရှန်ကာ ၏ နှစ်(၇၀)ပြည့်မွေးနေ့ဂုဏ်ပြုပွဲ ရန်ကုန်မြို့တွင် ကျင်းပ

ယနေ့ မေလ ၁၃ ရက်တွင် အိန္ဒိယလူမျိုး ကမ္ဘာကျော်ငြိမ်းချမ်းရေးသံတမန်နှင့် လူမှုရေးခေါင်းဆောင်တစ်ဦး ဖြစ်သည့် ဂုရုကြီး ဆရီဆရီ ရှာဗီရှန်ကာ ၏ နှစ်(၇၀)ပြည့်မွေးနေ့ ဂုဏ်ပြုပွဲကို ရန်ကုန်မြို့၌ ကျင်းပခဲ့သည်။ အဆိုပါ အခမ်းအနားသို့ သံတမန်များ၊ The Art of Living (ရန်ကုန်)မှ တာဝန်ရှိသူများနှင့် ဧည့်သည်တော်များ စွာတက်ရောက်ခဲ့သည်။ ရှေးဦးစွာ အခမ်းအနားအား မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်ကြီး၊ မြန်မာနိုင်ငံဆိုင်ရာ နီပေါသံအမတ်ကြီး နှင့် The Art of Living ဒါရိုက်တာများမှ ဆီမီးထွန်းညှိဖွင့်လှစ်ခဲ့သည်။ ထို့နောက် The...

မက်မန်းမြို့နယ်နှင့် မြဝတီမြို့တို့မှ အွန်လိုင်းလိမ်လည်လောင်းကစားမှုကျူးလွန်သည့် တရုတ်နိုင်ငံသား(၁၁၀) ဦးကို ဆက်စပ်ပစ္စည်းများနှင့်အတူဖမ်းမိ

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မက်မန်းမြို့နယ်ရှိ သံလွင်မြစ်အနီးနှင့် ကရင်ပြည်နယ်၊ မြဝတီမြို့ဝန်းကျင်တို့မှ အွန်လိုင်းလိမ်လည်လောင်းကစားမှုကျူးလွန်သည့် တ ရုတ်နိုင်ငံသား(၁၁၀)ဦးကို လုပ်ငန်းသုံးဆက်စပ်ပစ္စည်းများနှင့်အတူဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ ယမန်နေ့ မေ ၁၂ ရက်နံနက်ပိုင်းနှင့် ညနေပိုင်းတို့က လုံ ခြုံရေးအဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့ဝင်များ သည် မက်မန်းမြို့နယ်ရှိ သံလွင်မြစ်အနီး၌ အွန်လိုင်းလိမ်လည်လောင်းကစားမှုများလုပ်ကိုင်နေသည့် တ ရုတ်နိုင်ငံသား(၉၀)ဦးကို လုပ်ငန်းသုံးဆက်စပ်ပစ္စည်းများစွာနှင့်အတူဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ ထို့ကြောင့် ဖမ်းဆီးရမိသူများအား ဥပဒေနှင့်အညီ ထိရောက်အရေးယူခြင်း၊ နောက်ကွယ်မှပါဝင်ပတ်သက်သူများကိုစိစစ်ဖော်ထုတ်ကာ ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေး ဆက်လက်ဆောင်ရွက်ခြင်း၊ သိမ်းဆီးရမိပစ္စည်းများကို လုပ်ထုံးလုပ်နည်းများနှင့်အညီဆောင်ရွက်ခြင်းတို့ကိုပြုလုပ်လျက်ရှိကြောင်း သိရသည်။ ထို့ပြင် ကရင်ပြည်နယ်၊ မြဝတီမြို့ဝန်းကျင်ရှိ ဆိုဒ်များအတွင်းသို့ တရားမဝင်ဝင်ရောက်ခဲ့သည့်...

သာကေတ ဇိနမာရ်အောင်စေတီတော်မြတ်ကြီး ရွှေသင်္ကန်းကပ်လှူရန် အလှူငွေ ကျပ်သိန်း ၁၇,၀၀၀ ကျော် ရရှိထားရန်ကုန်တိုင်းဒေသကြီး၊ သာကေတမြို့နယ်ရှိ ဇိနမာရ်အောင်စေတီတော်မြတ်ကြီးနှင့် အရံစေတီတော် (၈) ဆူအား ရွှေသင်္ကန်းကပ်လှူရန်နှင့် ဘက်စုံပြုပြင်ရန်အတွက် ပဥ္စမအကြိမ်မြောက် အလှူငွေပေးအပ်ပွဲကို ယနေ့ (မေလ ၁၃ ရက်) တွင် စေတီတော်ရင်ပြင်၌ ခမ်းနားစွာ...

အဆိုပါ အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးအောင်နိုင်သူ၊ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးဌေးအောင်နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပြီး ရွှေသင်္ကန်းအလှူရှင်များ လှူဒါန်းသည့် အလှူငွေများကို လက်ခံရယူခဲ့ကြသည်။ ဇိနမာရ်အောင်စေတီတော်မြတ်ကြီး လုံးတော်ပြည့်ရွှေသင်္ကန်းကပ်လှူရန်နှင့် ဘက်စုံပြုပြင်တည်ဆောက်ရန်အတွက် အများပြည်သူတို့က စေတနာသဒ္ဓါတရား ထက်သန်စွာဖြင့် လှူဒါန်းခဲ့ကြရာ ယနေ့အထိ စုစုပေါင်းအလှူငွေရရှိမှုမှာ ငွေကျပ် (၁၇,၁၅၄) သိန်းအထိ ရှိပြီဖြစ်ကြောင်း သိရသည်။ လက်ရှိတွင် စေတီတော်မြတ်ကြီးအား လုံးတော်ပြည့် ရွှေသင်္ကန်းကပ်လှူခြင်း၊ အရံစေတီများ ပြုပြင်မွမ်းမံခြင်းတို့အပြင် အာရုံခံတန်ဆောင်း (၄) ခု၊ မုခ် (၄) မုခ်နှင့် ဂြိုဟ်တိုင်များကိုပါ ဘက်စုံပြုပြင်မွမ်းမံမှုများ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071