လူမှုကွန်ယက်စာမျက်နှာများ၌ ပျံ့နှံ့လျက်ရှိသော ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေးမကောင်းဖြစ်နေသည်ဟု သတင်းများထွက်ပေါ်နေခြင်းနှင့်ပတ်သက်၍ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ၏ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားခဲ့ခြင်းဖြစ် သည်။
ဒေါ်အောင်ဆန်းစုကြည်၏ ကျန်းမာရေးအခြေအနေမှာကောင်းမွန်လျက်ရှိပြီး လူမှုကွန်ယက်စာမျက်နှာများ၌ ပျံ့နှံ့လျက်ရှိသောသတင်းများမှာ ဖန်တီးလုပ်ကြံထားသည့် သတင်းတု၊ သတင်းမှားများသာဖြစ်သည်ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားခဲ့သည်။
