ဒေသလုံခြုံရေးနှင့် ခေတ်မီနည်းပညာများဖွံဖြိုးတိုး တက်ရေးတို့အတွက် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့(SCO)နှင့် ပူးပေါင်းဆောင်ရွက်လိုသည်ဟု မြန် မာနိုင်ငံတော် ယာယီသမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ယနေ့ စက်တင်ဘာ ၁ ရက်ညနေပိုင်းကကျင်းပသည့် ရှန်ဟိုင်းပူးပေါင်းဆောင် ရွက်မှုအဖွဲ့ ထိပ်သီးအစည်းအဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။
လုံခြုံရေးကဏ္ဍတွင် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့(SCO)သည် အကြမ်းဖက်မှုတိုက်ဖျက်ရေး၌ တက်ကြွစွာပူးပေါင်းဆောင်ရွက်လျက်ရှိရာ ယနေ့ ရင်ဆိုင်ကြုံတွေ့နေရသည့် အကြမ်းဖက်ဝါဒ၊ ခွဲထွက်ရေးဝါဒနှင့် အစွန်းရောက်ဝါဒတို့၏ ခြိမ်းခြောက်မှုများကိုတိုက်ဖျက်ရာတွင် ထိရောက်သည့်အောင် မြင်မှုများကိုတွေ့မြင်ရသည်ဟု ပြောသည်။
” ဒါ့အပြင် ခေတ်မီနည်းပညာရပ်တွေဖြစ်တဲ့ ဉာဏ်ရည်တု(AI)နည်းပညာနဲ့ Data အုပ်ချုပ်မှုဆိုင်ရာ ဒစ်ဂျစ်တယ်နည်းပညာပူးပေါင်းဆောင်ရွက်မှုတွေကိုလည်း အလေးထားလုပ်ဆောင်လျက်ရှိတဲ့အတွက် အဖွဲ့ဝင်နိုင်ငံတွေအနေနဲ့ နည်းပညာဖွံ့ဖြိုးတိုးတက်မှု အသီးအပွင့်တွေကို ခံစားနေကြရသလို အနာဂတ်မှာဖြစ်ပွားလာနိုင်တဲ့ ခေတ်မီနည်းပညာသုံးတိုက်ခိုက်မှုတွေကို စုပေါင်းကာကွယ်နိုင်တဲ့ အလားအလာတွေကိုတွေ့မြင်ရပါတယ်”ဟု မြန်မာနိုင်ငံတော် ယာယီသမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌက ပြောသည်။
ထို့ကြောင့် မြန်မာနိုင်ငံအနေဖြင့် ရှန်ဟိုင်းပူးပေါင်း ဆောင်ရွက်မှုအဖွဲ့(SCO)၏ မူဘောင်များအောက်မှပါဝင်ကာ ဒေသလုံခြုံရေးနှင့် ခေတ်မီနည်းပညာများဖွံဖြိုးတိုးတက်ရေးတို့အတွက် ပူးပေါင်းဆောင် ရွက်သွားလိုသည်ဟုလည်း ပြောကြားခဲ့သည်။
ထို့ပြင် တရုတ်နိုင်ငံသမ္မတ Mr. Xi Jinping တင်သွင်းခဲ့သော ကမ္ဘာလုံးဆိုင်ရာအုပ်ချုပ်မှုပဏာမအ ဆိုပြုချက်(၅)ချက်သည် နိုင်ငံအများအပြား ရင် ဆိုင်နေရသည့် မမျှတမှုများကိုထိန်းသိမ်းဆောင် ရွက်မည်ဆိုပါက အောင်မြင်မှုရမည်ဟု မိမိအနေ ဖြင့်အပြည့်အဝယုံကြည်ထောက်ခံသည်ဟုလည်း ပြောကြားခဲ့သည်။
