မြို့နယ်အလိုက် အခြေခံစားသုံးကုန်များဖြစ်သည့် ဆန်၊ ဆီ၊ အသား၊ ငါး၊ ဥ၊ နို့ ဖူလုံမှုရှိစေရေး ဦးစားပေးဆောင်ရွက်သွားရမှာဖြစ်ပြီး ဒေသတွင်း ကုန်ဈေးနှုန်းတည်ငြိမ်မှုရှိစေရေးကိုလည်း အလေးထားဆောင်ရွက်သွားရမှာဖြစ်ကြောင်း ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ပြောသည်။
ယမန်နေ့က ကျင်းပသည့် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ခရိုင်/မြိုနယ် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီများနှင့် လုပ်ငန်းညှိနှိင်းအစည်းအဝေးမှာ ပဲခူးတိုင်းဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ကပြောကြားခဲ့ခြင်းဖြစ်သည်။
ဒေသတွင်းစိုက်ပျိုးရေး၊ မွေးမြူရေးနှင့် MSME လုပ်ငန်းများ နှစ်အလိုက် ချမှတ်ထားသည့် စီမံချက်များအပေါ် သတ်မှတ်ရာခိုင်နှုန်းအတိုင်း တိုးတက်မှုရရှိရေး ကြိုးစားဆောင်ရွက်သွားရမည်ဖြစ်ပြီး MSME ထုတ်ကုန်များအား ပြည်ပပို့ကုန်အဆင့်ထိ တင်ပို့နိုင်ရေး ထုတ်ပိုးမှုစနစ်မှစ၍ ဈေးကွက်ရှာဖွေရရှိမှုအဆင့်ထိ ပူးပေါင်းဆောင်ရွက်ပေးစေလိုကြောင်းလည်း ဦးမျိုးဆွေဝင်း ကပြောကြားခဲ့သည်။
ယခုနှစ်သည် မိုးဦးကောင်းပြီး အဆက်မပြတ်မိုးရွာသွန်းမှုကြောင့် မိုးသီးနှံများ ထိခို-က်ပျ-က်စီးမှုအပေါ် ပြန်လည်ကုစားနိုင်ရေး ကြိုတင်ပြင်ဆင်ထားရန်နှင့် မိုးသီးနှံစိုက်ပျိုးထုတ်လုပ်မှု လျော့နည်းမှုမရှိစေရေး ကွင်းဆင်းဆောင်ရွက်သွားရန်လည်း လိုအပ်ကြောင်း သိရသည်။
