မော်စကို၊ ဒီဇင်ဘာ ၂
တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိနှင့် ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂေး လားဗ်ရော့ဖ်တို့သည် ဒုတိယကမ္ဘာစစ်၏ အောင်ပွဲရလဒ်များကို ကာကွယ်စောင့်ရှောက်ရန် အင်္ဂါနေ့က တွေ့ဆုံဆွေးနွေးခဲ့ကြသည်။
တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ၏ ပေါလစ်ဗျူရိုအဖွဲ့ဝင်တစ်ဦးလည်းဖြစ်သည့် ဝမ်က တရုတ်သမ္မတ ရှီကျင့်ဖျင်နှင့် ရုရှားသမ္မတ ဗလာဒီးမာ ပူတင်တို့၏ မဟာဗျူဟာ မြောက်သောလမ်းညွှန်မှုဖြင့် တရုတ်-ရုရှားဆက်ဆံရေးသည် မြင့်မားသော၊ ကျယ်ပြန့်သော၊ အရည်အသွေးမြင့်သော ဖွံ့ဖြိုးတိုးတက်မှုကို ရရှိခဲ့ကြောင်း မှတ်ချက်ပြုခဲ့သည်။
ဒုတိယကမ္ဘာစစ် အောင်ပွဲ နှစ် ၈၀ ပြည့်အထိမ်းအမှတ်အနေဖြင့် နှစ်နိုင်ငံဆက်ဆံရေးလမ်းကြောင်းကို ပုံဖော်ခြင်း နှင့် ကမ္ဘာကိုတည်ငြိမ်ရေးနှင့် သေချာမှုတို့ကို ပေးစွမ်းပြီး နှစ်နိုင်ငံဆက်ဆံရေး၏ အနာဂတ်ကို ပုံဖော်ပေးသည့် အခမ်းအနားတွင် နိုင်ငံတော်အကြီးအကဲနှစ်ဦးသည် ယခုနှစ်အတွင်း လေးလေးနက်နက် အပြန်အလှန်လည်ပတ်မှု နှစ်ကြိမ်ပြုလုပ်ခဲ့ကြောင်း သိရသည်။
ဒုတိယကမ္ဘာစစ်၏ အောင်ပွဲရလဒ်များကို ခိုင်ခိုင်မာမာထောက်ခံရန်၊ ကိုလိုနီကျူးကျော်မှုကို ခဝါချရန် ကြိုးပမ်းသည့် ခေတ်နောက်ပြန်ဆွဲမှုမှန်သမျှကို ပြတ်ပြတ်သားသား ဆန့်ကျင်ရန်၊ တရားမျှတမှုနှင့် သင့်တင့်မျှတမှုကို လက်ကိုင်ထားရန် တောင်းဆိုကြောင်း ဝမ်က မှတ်ချက်ပြုခဲ့သည်။
ကုလသမဂ္ဂ လုံခြုံရေးကောင်စီ၏ အမြဲတမ်းအဖွဲ့ဝင်များနှင့် ခေတ်သစ်အတွက် ဘက်စုံပူးပေါင်းဆောင်ရွက်ရေး မဟာဗျူဟာမိတ်ဖက်များအနေဖြင့် တရုတ်နှင့် ရုရှားတို့သည် ဒေသတွင်း ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးကို ထိခိုက်စေသည့် ဂျပန်လက်ယာစွန်းတပ်ဖွဲ့များ၏ ရန်စသည့်လုပ်ရပ်များကို ပြတ်ပြတ်သားသား တားဆီးရန် ဆက်လက်ပူးပေါင်းဆောင်ရွက်သင့်သည်ဟု ဝမ်က ပြောကြားခဲ့သည်။
တရုတ်နိုင်ငံသားများအတွက် ရုရှား၏ ဗီဇာကင်းလွတ်ရေးမူဝါဒသည် ခေတ်သစ်တစ်ခုအတွက် တရုတ်-ရုရှား ဘက်စုံပူးပေါင်းဆောင်ရွက်မှု မဟာဗျူဟာမြောက် မိတ်ဖက်ပူးပေါင်းဆောင်ရွက်မှု၏ ကွက်ကွက်ကွင်းကွင်း ထင်ရှားသည့် လက္ခဏာဖြစ်ပြီး နှစ်နိုင်ငံ ပြည်သူများ တွေ့ဆုံကြရာတွင် ပိုမိုလွယ်ကူချောမွေ့စေကာ နယ်ပယ်အသီးသီးတွင် ဖလှယ်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်မည်ဖြစ်ကြောင်းဝမ် က ပြောကြားခဲ့သည်။
လာမည့်နှစ်တွင် တရုတ်-ရုရှား မဟာဗျူဟာမြောက် မိတ်ဖက်ပူးပေါင်းဆောင်ရွက်မှု တည်ထောင်ခြင်း နှစ် ၃၀ ပြည့် နှင့် တရုတ်-ရုရှား အိမ်နီးချင်းကောင်းနှင့် ချစ်ကြည်ရေး ပူးပေါင်းဆောင်ရွက်ရေး စာချုပ်လက်မှတ်ရေးထိုးခြင်း ၂၅ နှစ်မြောက် နှစ်ပတ်လည်နေ့ဖြစ်သည်ဟု ဝမ်ကပြောကြားခဲ့သည်။
ရုရှားသည် တရုတ်တစ်နိုင်ငံတည်းမူကိုလိုက်နာပြီး ထိုင်ဝမ်ပြဿနာနှင့်ပတ်သက်သည့် တရုတ်၏ရပ်တည်ချက်ကို အခိုင်အမာထောက်ခံကြောင်း ၎င်းက ထပ်လောင်းအတည်ပြုခဲ့သည်။
အိမ်နီးချင်းကောင်းနှင့် ချစ်ကြည်ရေး ပူးပေါင်းဆောင်ရွက်ရေး ရုရှား-တရုတ် သဘောတူစာချုပ် လက်မှတ်ရေးထိုးခြင်း ၂၅ နှစ်မြောက် နှစ်ပတ်လည်နေ့တွင် အဆင့်မြင့်ဖလှယ်မှုများ အရှိန်အဟုန်မြှင့်တင်ရန်၊ လက်တွေ့ကျသော ပူးပေါင်းဆောင်ရွက်မှုကို နက်နက်ရှိုင်းရှိုင်း လုပ်ဆောင်ရန်၊ ပြည်သူအချင်းချင်းဖလှယ်မှုများ တိုးမြှင့်ရန်နှင့် ရလဒ်ကောင်းများရရှိရန် အခွင့်အလမ်းအဖြစ် ရုရှားနိုင်ငံမှ အဆင်သင့်ရှိကြောင်း လားဗ်ရော့ဖ်က ပြောကြားခဲ့သည်။
နှစ်ဘက်စလုံးသည် နိုင်ငံတကာနှင့် ဒေသတွင်း အရေးကိစ္စများအတွက် နက်နက်နဲနဲ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။
Ref: ရှင်းဟွာ
