ဒီမိုကရေစီကို တကယ်ချစ်ပါက မဲထွက်ပေးကြဖို့ လိုအပ်ကြောင်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (US DP)၏ သံဖြူဇရပ်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှ ယ်လောင်း ဦးကြည်ဇော်က ပေါ်ပြူလာနယူးစ်မှတဆင့် ပြောသည်။
လာမည့် ဇန်နဝါရီ (၁၁) ရက်၌ ကျင်းပမည့် ရွေးကောက်ပွဲအ ပိုင်း (၂) တွင် လုံခြုံရေးကို သက်ဆိုင်ရာအဖွဲ့အစည်းများက သေချာပြင်ဆင်ထားပြီးဖြစ်ခြင်းကြောင့် ဒီမိုကရေစီကို တ ကယ်ချစ်ပါက မဲထွက်ပေးကြရန် တိုက်တွန်းခဲ့ခြင်းဖြစ်သ ည်။
“နယ်မြေလုံခြုံရေးအရ ဒေသတွင်းတာဝန်ရှိသူများက ပြင် ဆင်ထားတာပေါ့။ ကျွန်တော်တို့က ဘယ်လိုပြောပြော ဒီမိုကရေစီကို တကယ်ချစ်ရင် သူများတောင် တော်လှန်နေကြတာဘဲ ကိုယ်တွေကတော့ မဲထွက်ပေးသင့်တာပေါ့”ဟု ၎င်းက ဆိုသည်။
USDP ပါတီအနေဖြင့် အပိုင်း (၂) ကာလ မဲရုံစောင့်ကြည့်သူကိုယ်စားလှယ်ကိုလည်း မဲရုံတစ်ရုံလျှင် (၆) ဦးထားရှိသွားရန်လျာထားကြောင်း ဆိုသည်။
“ကျွန်တော်တို့က မဲရုံကိုယ်စားလှယ် (၆) ဦး လျာထားတာပေါ့၊ မဲရုံထဲမှာ (၃) ဦးထားသွားမယ်။ မဲရုံအပြင်မှာ အရံအကူကိုယ်စားလှယ်က (၃) ဦးထားသွားမှာပါ”ဟု ဆိုသည်။
ရွေးကောက်ပွဲအပိုင်း (၂) အတွင်း သံဖြူဇရပ်မြို့နယ်၌ USDP အနေဖြင့် ကိုယ်စားလှယ်လောင်း (၄) ဦးဝင်ရောက်ယှဉ် ပြိုင်မည်ဖြစ်ကာ ဦးကြည်ဇော် (ပြည်သူ့လွှတ်တော်) ၊ ဦးမိုးဝင်း (အမျိုးသားလွှတ်တော် ( FPTP) )၊ ဦးစိုးနိုင်( ပြည်နယ်လွှတ်တော်(FPTP) ) နှင့် ဦးဝင်းလှိုင် (ပြည်နယ်လွှတ်တော် (PR) )တို့ ဖြစ်ကြောင်း သိရသည်။
မွန်ပြည်နယ်အတွင်း အပိုင်း (၂) ရွေးကောက်ပွဲကို မြို့နယ် (၅) မြို့နယ်ဖြစ်သည့် ဘီးလင်း၊ ပေါင်၊ မုဒုံ၊ သံဖြူဇရပ်နှင့် ရေးမြို့နယ်တို့တွင် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
ပုံစာ – မော်လမြိုင်မြို့တွင် USDP ၏ ရွေးကောက်ပွဲကြေ ညာစာတမ်းဖတ်ကြားခြင်းနှင့် ပါတီကိုယ်စားလှယ်လောင်းမိတ်ဆက်ပွဲ အခမ်းအနား မြင်ကွင်းပုံရိပ်အချို့
