Sunday, February 1, 2026

တရုတ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးနှင့် SCO အ...

တရုတ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးဦးဇော်ဝင်းမြင့်သည် ဇန်နဝါရီ ၂၉ ရက်နံနက်ပိုင်းက Shanghai Cooperation Organization (SCO) အတွင်းရေးမှူးချုပ် SCO Secretary General...

ရန်ကုန်လေဆိပ်၌ နီပါးရ်ဗိုင်းရပ်စ်ရောဂါအပါအဝင် ကူးစက်ရောဂါများအား စောင့်ကြပ်ကြည့်ရှုစစ်ဆေးနေ

ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌  နီပါးရ်ဗိုင်းရပ်စ်ရောဂါအပါအဝင် ပြည်သူ့ကျန်းမာရေးအရေးပေါ်အ ခြေအနေပေါ်ပေါက်နိုင်သော ကူးစက်ရောဂါများစောင့်ကြပ်ကြည့်ရှုစစ်ဆေးခြင်းကိုဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ ထိုသို့ စစ်ဆေးနေခြင်းအား ကျန်းမာရေးဝန်ကြီးဌာန၊ ဒု-ဝန်ကြီးပါမောက္ခဒေါက်တာအေးထွန်းမှ ဇန်နဝါရီ ၂၉ ရက်ကကြည့်ရှုစစ်ဆေးပြီးလိုအပ်ချက်များ၊ လေဆိပ်တာဝန်ရှိသူများနှင့်ပူးပေါင်းဆောင်ရွက်ရမည့်...

တရုတ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးနှင့် SCO အ...

တရုတ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးဦးဇော်ဝင်းမြင့်သည် ဇန်နဝါရီ ၂၉ ရက်နံနက်ပိုင်းက Shanghai Cooperation Organization (SCO) အတွင်းရေးမှူးချုပ် SCO Secretary General...
HomeDhammaDhamma Thoughtsဒါနခရီးဖော်တို့ တူပျော်နွှဲတဲ့ ကထိန်ပွဲတော်

ဒါနခရီးဖော်တို့ တူပျော်နွှဲတဲ့ ကထိန်ပွဲတော်

kahteinကထိန်ညွှန်ပြ အနှစ်သာရ

စည်းကမ်းလိုက်နာ ဂုဏ်ပြုတာ
မှတ်ပါ ကထိန်တော်
သံဃာတော်များ လွန်ရိုးသား
ပြငြား ကထိန်တော်
သံဃာတော်များ စည်းလုံးအား
ပြငြား ကထိန်တော်
အားနည်းသူအား ချီးမြှောက်ထား
ပြငြား ကထိန်တော်
သာသနာအရေး အလေးပေး
ပြုရေး ကထိန်တော်
ရွှေစင်တိပိဋကဓရဆရာတော်
တိပိဋက ဓမ္မနာဒ ပရိယတ္တိစာသင်တိုက်
မင်းကွန်းတောင်ရိုး

ကထိန် အနုမောဒနာပြုပုံနှင့် ထုံးတမ်းအစဉ်အလာ

ပေါ်ပြူလာ ဂျာနယ်နဲ့ ပေါ်ပြူလာနယူးစ် ဂျာနယ် တို့ရဲ့ ဒီနှစ် ကထိန်ကို မန္တလေးမှာ ခင်းပြီးတဲ့ အချိန် မတော့ ရင်ထဲမှာ မန္တလေးက ဆရာတော်၊ သံဃာတော်တွေ၊ လူတွေ၊ ယဉ်ကျေးမှု အနုလက်ရာ တွေ၊ ထုံးတမ်း အစဉ်အလာတွေနဲ့ ပိုချိတ်မိ သွားသလို ခံစားနေရပါ တယ်။ ကထိန် ကြောင့်ဖြစ်တဲ့ စည်း လုံးညီညွတ်မှု တစ်မျိုးပါပဲ။

အရင်တုန်းက ကထိန်အလှူ လှူရင် ဘုန်းကြီးတွေ ဆက်ခင်းတဲ့ ကထိန် အနုမောဒနာ ပြုတာကို စောင့်မကြည့်ဖူးပါ။ ဒီနှစ်တော့ သံဃာ အပါး ၁ဝဝဝ ကျော်အတွက် သင်္ကန်းတွေကပ်ရင်း ကထိန်သင်္ကန်း ကို ဘယ်လို ခွဲဝေကြမလဲလို့ ပီတိနဲ့ အတူ စောင့်ကြည့်ခဲ့ပါတယ်။

မနက်ပိုင်း တန်းဆွမ်းနဲ့ စာရေး တံမဲ အလှူပြီးသွားပြီး နေ့ခင်းပိုင်းမှာ အလယ်တိုက်ကြီး အပေါ် သံဃာ အပေါင်း စုဝေး ရောက်ရှိလာကာ ဘုရား ကန်တော့ကြတဲ့ မြင်ကွင်းဟာ  အားရစရာ။ ပြီးတော့မှ ကထိန် သင်္ကန်းကို မည်သူ အလှူခံ လိုပါသလဲ လို့ သုံးကြိမ်မေးပါတယ်။ အဲဒီအချိန် ရင်အခုန်ဆုံးပါပဲ။

သင်္ကန်း တကယ်ရှားပါးတဲ့ ရဟန်း ငယ် တစ်ပါးပါး များ ထွက်လာ မလားလို့ ကိုယ်တိုင်နောက်နား ကနေ ထရပ်ကြည့်ဖြစ်တယ်။ တစ်ပါးမှ အလှူ မခံတဲ့အခါမှ အသက်အကြီး ဆုံး မထေရ်ကြီး တစ်ပါးကို ညွှန်ပြီး ကြေညာတော့မှ သက်တော် ၈၉ နှစ် ရှိတဲ့ ဦးဝေပုလ္လ ဆိုတဲ့ ဆရာတော်ကြီး မှန်း သိရတယ်။

ဆရာတော်ကြီးနဲ့ အတူ ရဟန်း တော် ၁ဝ ပါးက သိမ်ကိုသွားပြီး သင်္ကန်းကို ကမ္မဝါ ညှပ်ကြပါတယ်။ ကိုယ်တွေလည်း သိမ်ဝင် သင်္ကန်းနဲ့ တကွ ဆရာတော်တွေကို လိုက်ကြည် ညိုနေချိန်မှာ ကျောင်းကြီးပေါ်က သံဃာတွေနဲ့ လူတွေကို ကျန်ခဲ့တဲ့ ဆရာတော်ကြီး တစ်ပါးက သြဝါဒ ပေးနေပါတယ်။

သြဝါဒ မိန့်ကြားတဲ့ အခါမှာ ဒီ ဘုရားကြီးတိုက်ရဲ့ အစဉ်အလာ ကောင်းတွေကို ဝမ်းမြောက်ဖွယ်၊ လိုက်နာဖွယ် မိန့်ကြားနေတာ ကို အသံ ချဲ့စက်ကနေ အတိုင်းသားကြား နေရပါတယ်။

monkဘုရားကြီးတိုက်၊ အလယ် တိုက်ကြီး ဟူသည်

ဘုရားကြီး တိုက် ဆိုတာ မဟာ မြတ်မုနိ ဘုရားကြီး တောင်ဘက် မှာ ရှိတဲ့ ကျောင်း တိုက် မို့ ဘုရားကြီး တိုက်လို့ သမုတ်တယ် ထင်ခဲ့တာပါ။ အမှန်က ရတနာ ပုံ နေပြည်တော် မတည်ခင် ၁၂ နှစ် စောပြီး အမရပူရ ပုဂံရွှေနန်းရှင်  (ကုန်းဘောင် မင်းဆက် ၉ ဆက် မြောက်) လက် ထက် ကတည်း က ကျီဝန်၊ အတွင်းဝန် ဦးပွါးက ဆုတောင်းပြည့် စေတီတော်ကြီးနဲ့ ဒက္ခိဏာရာမ ကျောင်းတိုက်ကြီးကို တည်ထား ခဲ့တာ ကို အစွဲပြုပြီး ဘုရား ကြီးတိုက်၊ အလယ်တိုက်ကြီး လို့ အခေါ်များလာတာပါ။
ဒီကျောင်း ရာဇဝင်တွေကို သိလို့ ကထိန်ခင်းဖို့ ရွေးချယ်ခဲ့တာ မဟုတ် ရိုးအမှန်ပါ။ ကထိန်သင်္ကန်း သိမ်ဝင် နေချိန်ကျမှ အသံချဲ့စက်က ကြားရ တဲ့ သြဝါဒကို ပေါင်းပြီး ကြည်နူးရတာ ပါ။ သြော်.. ငါတို့ ကထိန်ခင်းတဲ့ ကျောင်းကြီးဟာ နှစ်ပေါင်း ၁၇ဝ သက်တမ်း ရှိနေပါရော့လား။ ဒီ ကျောင်းကြီးမှာပဲ ဟိုး..ရှေး ကတည်းက တို့ လူ မျိုးတွေ ရဲ့ နှလုံးသားထဲ က ထွက်လာတဲ့ ကုသိုလ် မေတ္တာလှိုင်းတွေ လှည့် လည်နေ မှာ ပဲဆိုပြီး ဘိုးဘေးတို့ရဲ့ မေတ္တာငွေ့ကို အေးမြစွာ ခံစားမိတဲ့ ကုသိုလ် အဟုန် က ပြန်ပြောပြဖို့ခက်ပါတယ်။

တိပိဋက  ကထိန်သြဝါဒ

တိပိဋကဓရ ဆရာတော် တစ် ပါးဖြစ်တဲ့ ဘဒ္ဒန္တ ဂန္ဓမာလာလင်္ကာရ ဆရာတော် ကြီးက ကျွန်မတို့ကို ဆုံးမ ဖူးတဲ့ ကထိန် သြဝါဒ ကိုလည်း ဒီ နေရာ မှာ ဖောက်သည် ချချင် ပါသေး တယ်။ ဝါတွင်း ကာလမှာ ပညတ်တဲ့ သံမဏိ စည်းကမ်း လိုက်နာသူ သံဃာ တော်တွေကို ဘုရားရှင် က ကထိန် နဲ့ ဂုဏ်ပြုတာပါ။ စည်းကမ်း ဝိနည်းဟာ သာသနာတော် ရဲ့ အသက် ဆိုတာကို ဒီကထိန် နဲ့ ထင်ရှားစေ လိုတာပါ။ လူ့လော က မှာ ကျင်လည်ကြတဲ့ အခါ မှာလည်း စည်းကမ်း ရှိတဲ့ လူ၊ အဖွဲ့ အစည်းတွေက ရေရှည်ခံ အောင်မြင် ကြသလိုပါပဲလို့ မိန့်ဖူးပါ တယ်။

ဟိုးခေတ်ကတော့ ကထိန် အလှူဆိုတာ ပိတ်ဖြူအုပ်ကို လှူလိုက် ရတာပါတဲ့။ အလှူခံတဲ့ ရဟန်း သံဃာတော်များက အဲဒီ ပိတ်ဖြူကို နေ့ချင်းပြီးဖြတ်၊ ချုပ်၊ ဆေးဆိုး ဝိုင်း လုပ်ကြရပြီး ငါ သံဃာ အကြီးဆို ပြီး အခွင့်ထူးခံ မရှိကြရပါဘူးတဲ့။ ဘုရား ရှင်ကိုယ်တိုင်လည်း ဝင်ချုပ်ပါသတဲ့။ သာသနာကို ရှည်ကြာစေတဲ့ စည်း လုံး ညီညွတ်ခြင်းတွေပေါ့။ အခု ခေတ်က အရင်ခေတ် ထက် ပြည့်စုံနေ တာမို့ သင်္ကန်းမှာ အချိန်မပေးရ တော့ပါ။ ဒါပေမဲ့ အလှူ အတွက် ဝိုင်းလုပ်ကြတာမို့ ညီညွတ်မှုတွေက ပိုမို ခိုင်မာနေဦးမှာပါ။ ကျွန်မတို့ အလှူမှာ စာရေးတံမဲ ၁ဝ၂ဝ ကို လည်း ဆက်ကပ်တာမို့ မဲပစ္စည်းတွေ လက်ဆင့်ကမ်း သယ်ဆောင်တဲ့ အခါ မှာ လည်း သံဃာတော်တွေက စီမံပြီး  ဝိုင်းကူပေးကြ တာလည်း ပင်ပန်းပေ မယ့် ဝမ်းသာ ကြည်နူးစွာနဲ့ သံဃိက ဝေယျာဝစ္စ များကို လုပ်ဆောင်ကြတာ ပါပဲ။

စုပေါင်းညီညာ ကထိန်အလှူမှာ

အလှူမှာ ကုသိုလ်ပါဝင်ကြတဲ့ Ve Ve အအေးကတ်၊ ရေသန့်၊  V- Code  အချိုရည်၊  NOVO သွားတိုက် ဆေး၊ Win ဆပ်ပြာမှုန့်၊ ရေ သန့်ဘူး တွေကို ကျွန်မတို့ Asian Fame Media Group  က ဝန်ထမ်း ၂ဝ ကျော်ကလည်း ချွေးတွေ ရွှဲနစ်နေ အောင် သယ်ကြတာများ ကိုယ် တောင် သနားမိလာပါတယ်။

ကိုယ့်ရုံးက စီစဉ်တဲ့ စာရေး တံမဲတွေမှာလည်း တအားလေးတဲ့ ဆေးဂျယ်လီ အခင်း (နီသီဒိုင်) နဲ့ ဆေးဂျယ်လီ ခေါင်းအုံးတွေ အများ ကြီး သယ်ယူကြ ရသေးတာမို့ သူတို့ကို အားနာမိပါတယ်။

သူတို့ အားလုံးက ပင်ပန်းပေ မယ့် ပျော်တယ်လို့ သံပြိုင်ပြောကြ တော့ အလှူ အတွက် ပိုဝမ်းမြောက် ခြင်းနဲ့ အတူ စည်းလုံး ညီညွတ်ခြင်းကို ပါ ခံစား ရပါတယ်။ ရန်ကုန်က ကိုယ်တွေကို မန္တလေး မြို့ခံတွေက ဖိတ်ကြားရေး၊ ဧည့်ခံရေး၊ သယ်ယူ ပို့ဆောင်ရေး နဲ့ သံဃာ့ ဝေယျာဝစ္စတွေ အကုန် ဝိုင်းကူကြလို့ ကျွန်မ စိတ်ထဲမှာ မန်းသူ၊ မန်းသားတွေရဲ့ ကထိန် လို့ပဲ မှတ်ယူပါတယ်။

ကျွန်မတို့ အားလုံး တစ်သား တည်း ခံစားစေရတဲ့ ကထိန်ကိုကြည့် ရင်း မြတ်စွာဘုရားရှင် ကိုယ်တော် မြတ်ကြီးရဲ့ အမြော်အမြင် ကြီးပုံကို ဘယ်လို ကြည်ညိုမှန်းကိုမသိပါဘူး။

လုပ်ငန်းခွင်တွေ မှာလည်း Team Work နဲ့ အသင်း အဖွဲ့စိတ်သာ ရှိလို့ ကတော့ ဘယ်လောက် ပင်ပန်း နေပါစေ ၊ အောင်မြင်အောင် ပျော် ပျော်ရွှင်ရွှင် လုပ်ဆောင်နိုင်ကြမှာပါ။

ကထိန်ခင်းတဲ့အခါ သင်္ကန်း ရှားပါးသူကို ဦးစားပေးတာ ကလည်း အဖွဲ့ အစည်း တစ်ခုမှာ ဘုန်းကံမတူလို့ အားနည်းသူကို အားပေးကြတဲ့ စိတ် ထားက အတုယူစရာပါ။

မောင်နှမချင်း၊ လုပ်ငန်းခွင် တွင်း၊ လူမှုအသိုင်းအဝိုင်း တွင်းမှာ အားနည်းသူကို ဖေးမရမယ် ဆိုတဲ့ အသိကိုပါ ကထိန်က မီးမောင်း ထိုး ပြပေးနေပါတယ်။

သံဃာ့ဂုဏ်ရည်မှန်း ဒါနလမ်း

တကယ် ရှားပါးတဲ့ သံဃာက ရိုးရိုးသားသား အလှူခံ ရခြင်းဟာ လည်း စစ်မှန်တဲ့ ရိုးဂုဏ် နဲ့အတူ အဖွဲ့အစည်း ခိုင်မာကြောင်း အထောက် အပံ့ ပါပဲ။ လူတွေကတော့ ရလိုမှုကြောင့် ပြဿနာတွေ နဲ့ နပန်း လုံး နေရတတ်တာကိုလည်း သတိ ထား ဆင်ခြင်ရမှာပါပဲ။

ဒီကထိန်မှာ ကျွန်မတို့ လှူဒါန်း မှုတွေဟာ ပေါလို့လှူတာ မျိုးမဟုတ် ဘဲ လှူချင်စိတ်နဲ့ အားထုတ်ပြီး အတော် ကြိုးစား လှူရတာပါ။ လွန်ခဲ့ သော ၉ လခန့်က ကွယ်လွန် သွားတဲ့ ဖခင်ကြီးကပေးတဲ့ သံဝေဂတွေနဲ့ မသေ ခင်လေးမှာ မိခင်ကြီးနဲ့တကွ ကိုယ့် ပတ်ဝန်းကျင် ကလူတွေ ဝမ်းမြောက် စွာ သာဓုခေါ်နိုင်ဖို့ အလှူကြီး အတွက် အားထုတ်ခဲ့ ရတာပါ။ ကိုယ့်ကို သံသရာလွတ်ကြောင်း အားထုတ် တတ်အောင် လေ့ကျင့်ပေးတဲ့ ဆရာတွေ ထဲက တစ်ပါးဖြစ်တဲ့ ရွှေမင်းဝံ ရိပ်သာ ဆရာတော် ဦးသောဘနက ဒီမန္တလေး အလယ် တိုက်ကြီး မှာ စာဝါလိုက်ဖူးတော့ ဆရာ့ကျေးဇူးကို ဆပ်တဲ့ အနေနဲ့ ဒီကျောင်းမှာ ကထိန်ခင်းဖြစ်တာပါ။

ကျွန်မတို့ခင်းတဲ့ ကထိန်ဟာ သံဃာ့ဂုဏ်ပဲ ရည်မှန်းလှူတဲ့ သံဃိက ဘယ်လောက်မြောက်လဲ ဆိုရင် ကထိန်ခင်းတဲ့ သံဃာ အကုန်လုံးနဲ့ ကျွန်မတို့ ဆရာ၊ ဒကာ ဆက်ဆံရေး မရှိခဲ့ဖူးပါဘူး။

သဘောထားကြီးရ  သာသနာ့ကိစ္စ

ရွှေပုဇွန် မုန့်တိုက် မိသားစုကပဲ ဆက်တိုက် ဒီကျောင်းမှာ လွန်ခဲ့တဲ့ ၅ နှစ် လောက်ကစပြီး ကထိန်ခင်းလာ တာပါ။ အလှူရှင် မရှိရင် ရွှေပုဇွန် က ပဲ ရာသက်ပန် ကထိန်အလှူရှင် အဖြစ် ခံယူထားတဲ့ ကျောင်းပါ။ ဒါကို ကျွန်မ က ရွှေပုဇွန် မိသားစုကို အရင် ခွင့် တောင်းပြီးမှ ရွှေမင်းဝံရိပ်သာ ဆရာ တော်ကြီး ဦးသောဘနကို ဦးထိပ်ထား ပြီးလှူဖြစ်ခဲ့တာပါ။ ကထိန်ကို အလှည့် ပေးပေမယ့် လိုအပ်တာ ဝိုင်းလုပ်ပေး ကြတဲ့ ဒေါ်ပွင့်မာခိုင် တို့က ရွှေပုဇွန် မုန့်တွေကို လည်း သံဃာစေ့ လှူပေး တာမို့ ဒီနေရာမှာ သာသနာ နဲ့ ပတ်သက် ရင် သဘော ထားကြီးမှုကို ရွှေပုဇွန် မိသားစု ဆီမှာ ထင်ထင်ရှားရှား မြင်ရပါတယ်။ ကျွန်မတို့ ခံစားရတဲ့ ကထိန်ကုသိုလ်၊ ပီတိ အားလုံးဟာ ရွှေပုဇွန် မိသားစုရဲ့ ကျေးဇူးတွေပါ ပါတယ်။

ကျေးဇူးရှိတဲ့ သူတွေအကြောင်း တန်းစီပြောရင် ကုန်မယ် မထင်ပါဘူး။ အလှူမှာ ကုသိုလ်ကို နည်းမျိုးစုံ နဲ့ ဝိုင်းပါကြသူတွေ၊ တစ်နိုင်ငံလုံးက ဂျာနယ်ဖတ် ပရိသတ်တွေရဲ့ ဘုံ ကထိန်ပါပဲ။

ပေါ်ပြူလာ ဂျာနယ်ရဲ့ သတင်း  ရင်းမြစ်တွေဖြစ်တဲ့ နိုင်ငံကျော် အနု ပညာရှင် များကလည်း လာနိုင်တဲ့ သူကလာ၊ မလာနိုင်တဲ့ သူက လည်း ကုသိုလ်ပါပြီး ဝိုင်းဝန်းကြတဲ့ အတွက် ကြောင့် ပရိသတ်တွေ ပိုပျော်ခဲ့ကြရ တာလည်း မျက်မြင်ပါပဲ။ လူ့ဘဝရဲ့ အနှစ်ဖြစ်တဲ့ ကုသိုလ် ပီတိ တို့ကို ပျော်ပျော်ရွှင်ရွှင် ခံစားနိုင်ခဲ့မှု အား တစ်နိုင်ငံလုံးက စာဖတ် ပရိသတ် များလည်း ထပ်တူခံစားနိုင်ကြစေဖို့ ကုသိုလ် အမျှ ဝေငှလိုက်ပါတယ်။

ဒီကထိန်ရာသီမှာ အားလုံး သော ဗုဒ္ဓဘာသာဝင် များလည်း ကထိန်နဲ့အတူ ပျော်မွေ့ရင်း ကုသိုလ် တိုးကြပါစေလို့ ဆန္ဒပြုပါတယ်။

ငွေသော်တာ

Ads Space Available


Continue reading

ယနေ့ မင်္ဂလာတောင်ညွှန့် နေအိမ်တိုက်ခန်းမီးလောင်မှုဖြစ်စဥ်၌ မွေးကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီးခိုးမွှန်၍ ဆေးရုံပို့ခဲ့ရ

ရန်ကုန်တိုင်း၊ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်ရှိ နေအိမ်တိုက်ခန်းတစ်ခု၏ ဒုတိယထပ်တွင် ဖေဖော်ဝါရီ ၁၅ ရက်(ယနေ့)မွန်းလွဲပိုင်းက Level 1 အဆင့်မီးလောင်မှုဖြစ်စဥ်တွင် မွေး ကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီုးခိုးမွှန်သွား၍ ဆေးရုံသို့ပို့ဆောင်ပေးခဲ့ရကြောင်း သိရသည်။ ယနေ့မွန်းလွဲ ၂ နာရီ ၅၀ မိနစ်ခန့်က မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်၊ (၁၂၂)လမ်း ၏ နေအိမ်တိုက်ခန်းတစ်ခု၏ဒုတိယထပ်ရှိ လျှပ်စစ်ပစ္စည်းဆိုင်မှ မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ် သည်။ မီးလောင်မှုအား တာမွေမြို့နယ်မီးသတ်စခန်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်မီးသတ်စခန်းတို့မှတပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းများက Level 1 အဆင့်ဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြသဖြင့် နေ့လည်...

ကောလင်းနှင့် ဘုတလင်တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂)ပါးနှင့် ကလေးငယ်(၂)ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ကောလင်းနှင့် ဘုတလင်မြို့တို့တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂) ပါးနှင့် ကလေး(၂) ဦး ထိမှန်ဒဏ်ရာရရှိခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီ (၁၃) ရက် မွန်းတည့်ပိုင်းက လက်နက်ကိုင်အဖွဲ့ဝင်များမှ ခေါပြင်ချောင်း တံတားအနီးမှ ကောလင်းမြို့၊ ကောလင်းမြို့အတွင်းသို့ ဗုံးပစ်လောင်ချာများဖြင့် ပစ်ခတ်ခဲ့သည့်အတွက် ကောလင်းမြို့၊ ကျော်ဇေယျာရပ်ကွက်ရှိ သုနန္ဒာရာမ ဘုန်းတော်ကြီးကျောင်းအတွင်းရှိ သာသနာရေးဝန်ကြီးဌာန၊ အမှတ်(၂)ဘုန်းတော်ကြီးသင်ပညာရေးကျောင်းစာသင်ဆောင်ပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။ ထိုသို့ ပေါက်ကွဲမှုကြောင့် စာသင်ဆောင်အတွင်း စာသင်ကြားနေသည့် ကိုရင်ရှင်အာသဖ(၁၄)နှစ်၊ ဝါတော်(၂)ဝါ၊ မောင်ဇင်ဝဏ္ဏဖြိုး(၁၃)နှစ်နှင့်မောင်ဝေလင်းအောင်...

ပုဂ္ဂလိကဆေးရုံအသစ်များ လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေဟု ကျန်းမာရေးဝန်ကြီးပြော

မြန်မာနိုင်ငံတွင်း ယခုဖေဖော်ဝါရီလအထိ ပုဂ္ဂလိကဆေးရုံပေါင်း ၂၇၀ ကိုလိုင်စင်ချထားကာ ဖွင့်ခွင့်ပြုထားပြီး ထပ်မံဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် ပုဂ္ဂလိကဆေးရုံအသစ်တွေကို လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေကြောင်း ကျန်းမာရေးဝန်ကြီးဒေါက်တာသက်ခိုင်ဝင်းက ပြောကြားခဲ့သည်။ ပုဂ္ဂလိက ကျန်းမာရေးကဏ္ဍဖွံဖြိုးတိုးတက်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနတွင် ပြုလုပ်သည့် အစည်းအဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းတွေကို တည်ဆဲဥပဒေ/နည်းဥပဒေများနဲ့အညီ စဉ်ဆက်မပြတ် ကြပ်မတ်နေပြီး လိုင်စင်အသစ်လျှောက်ထားသည့် အမှုတွဲတွေကို အမြန်ဆုံးလုပ်ငန်းလိုင်စင် ခွင့်ပြုနိုင်ရန် နေပြည်တော် အပါအဝင် တိုင်းဒေသကြီးအလိုက်တာဝန်ပေးထားသည့် ကျန်းမာရေးဌာနရှိ အထူးအဖွဲ့တွေက ကွင်းဆင်းစစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း၊ ယင်းကြောင့် ဆေးရုံသစ်ဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် လုပ်ငန်းရှင်တွေက လိုအပ်ချက်တွေကို အဆင်သင့်ပြင်ဆင်ဆောင်ရွက်ရန်လိုကြောင်း ၎င်းကဆိုသည်။ ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းများ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071