ဗီယက်နမ်နိုင်ငံက အိမ်ရှင်နိုင်ငံအဖြစ် လက်ခံကျင်းပနေသည့် အာဆီယံ ယူ-၁၉ အမျိုးသမီး ချန်ပီယံရှစ်ပြိုင်ပွဲကို ယနေ့ဇွန် (၁၁) ရက်က အုပ်စုအဆင့် ဒုတိယပွဲစဉ်အဖြစ် မြန်မာ-နှင့် လာအိုအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ကြသည်။
ယနေ့ပွဲစဉ်အတွင်း ကစားသမားအပြောင်းအလဲများ ပြုလုပ်ခဲ့သည့် မြန်မာအသင်းသည် လာအိုအသင်းအား ပထမပိုင်းပွဲချိန်အတွင်း (၃) ဂိုးသွင်းယူနိုင်ခဲ့သလို ဒုတိယပိုင်းပွဲချိန်အတွင်း နောက် ထပ် (၃) ဂိုးထပ်မံသွင်းယူနိုင်ခဲ့ကာ (၆) ဂိုး ဂိုးမရှိဖြင့် ဂိုးပြ-တ်အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။
ယူ-၁၉ မြန်မာအမျိုးသမီး လက်ရွေးစင်အသင်းသည် ဇွန် (၉) ရက်က အိမ်ရှင်ဗီယက်နမ်အသင်းနှင့် ယှဉ်ပြိုင်ကစားရာ၌ (၂)ဂိုး ဂိုးမရှိဖြင့် ရှုံးနိမ့်ထားသည်။
မြန်မာအသင်းအနေဖြင့် ဇွန် (၁၃) ရက်တွင် အုပ်စုတွင်း နောက်ဆုံးအဆင့် ပြိုင်ပွဲအဖြစ် တီမောအသင်းကို ထပ်မံယှဉ်ပြိုင်ကစားရမည်ဖြစ်ကာ တီမောအသင်းကို အနိုင်ရရှိပါက နောက်တဆင့် တက်လှမ်းနိုင်ရန် အလားအလာရှိနေပြီဖြစ်သည်။
အာဆီယံ ယူ ၁၉ အမျိုးသမီး ချန်ပီယံရှစ်ပြိုင်ပွဲ အုပ်စု (A ) တွင် မြန်မာ၊ ဗီယက်နမ်၊ လာအို၊ တီမောအသင်းတို့ ကျရောက်နေပြီး အုပ်စု (B)တွင် ထိုင်း၊ ကမ္ဘောဒီးယား၊ မလေးရှား၊ အင်ဒိုနီးရှားတို့ ကျရောက်နေသည်။