Thursday, February 19, 2026

ဧရာဝတီတိုင်းအတွင်း ဆီထွက်သီးနှံများ တိုးချဲ့စိုက်ပျိုးကြရန် တိုင်းဒေသကြီး...

ဧရာဝတီတိုင်းအတွင်း မြေပဲ၊ နှမ်း၊ နေကြာ၊ ပန်းနှမ်း၊ ပဲပုတ် အစရှိသည့် ဆီထွက်သီးနှံစိုက်ဧကများ တိုးချဲ့စိုက်ပျိုးရန် ဖြစ်ထွန်းအောင်မြင်မည့် မြေနေရာများရရှာဖွေဆောင်ရွက်ရန်နှင့် စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေး...

အောင်ဆန်း အားကစားကွင်းကို ငလျင်ဒ-ဏ်နှင့် သဘာဝဘေးအန္တရာယ်ခံနိုင်စေရေး...

အောင်ဆန်း အားကစားကွင်းအား ငလျင်ဒဏ်အပါအဝင် သဘာဘေးအန္တရာယ်ခံနိုင်စေရေး တရုတ်နိုင်ငံအကူအညီဖြင့် အဆင့်မြင့်တင်တည်ဆောက်မည်ဖြစ်ကြောင်း အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်က ပြောကြားသည်။ ယနေ့...

ကုန်ဈေးနှုန်းတည်ငြိမ်အောင်ဆောင်ရွက်မည်–ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ်

ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ်အသစ် တာရစ်ရာမန်သည် သူ၏ ပါတီက အပြ-တ်အသ-တ်အနိုင်ရရှိခဲ့သော လွှတ်တော်ရွေးကောက်ပွဲများအပြီး၌ မွတ်ဆလင်တို့၏ မြင့်မြတ်သော ရမ်ဇာန်လအတွင်း ကုန်ဈေးနှုန်းများကို တည်ငြိမ်စေရန်၊ တရားဥပဒေစိုးမိုးရေးကို ပြန်လည်ထူထောင်ရန်နှင့်...

ဗင်နီဇွဲလားယာယီသမ္မတနှင့်ယူအက်စ် တောင်ပိုင်းတိုင်းမှူးဆွေးနွေး

ကာရာကတ်စ်/ဝါရှင်တန်၊ ဖေဖော်ဝါရီ ၁၈ ရက် ဗင်နီဇွဲလားနိုင်ငံ၏ ယာယီသမ္မတ ဒယ်လ်ဆီ ရိုဒရီ ဂေး သည် အမေရိကန် တောင်ပိုင်းတိုင်းစစ်ဌာနချုပ်မှူး ဖရန်စစ် ဒိုနိုဗန်...
HomeNewsLocal Newsဒလတံတားဖွင့်လှစ်ပြီးနောက် ခရီးသွားလာမှု ပိုမိုအဆင်ပြေလာ

ဒလတံတားဖွင့်လှစ်ပြီးနောက် ခရီးသွားလာမှု ပိုမိုအဆင်ပြေလာ

သင်္ဘောစီး ခရီးသည်များလည်းရှိနေသေးသဖြင့် သင်္ဘောအသုံးပြုမှု များပြားဆဲ

ရန်ကုန်မြို့နှင့် ဒလမြို့နယ်ကို ဆက်သွယ်ထားသည့် ဒလတံတား ဖွင့်လှစ်ပြီးနောက် ခရီးသွားလာမှု ပိုမိုအဆင်ပြေချောမွေ့လာခဲ့သော်လည်း ချယ်ရီသင်္ဘောနှင့် သဗ္ဗာန်များ အသုံးပြုနေသည့် ခရီးသည်အရေအတွက်မှာ များပြားနေဆဲဖြစ်ကြောင်း သိရသည်။

ဒလတံတား ဖွင့်လှစ်ခြင်းကြောင့် ကုန်စည်ပို့ဆောင်ရေး လုပ်ငန်းများ အဆင်ပြေတိုးတက်လာခဲ့သည်။

သို့ရာတွင် ရန်ကုန်မြို့နှင့် ဒလမြို့အကြား နေ့စဉ် လုပ်ငန်းသွားလာသူများ၊ သင်္ဘောစီးခြင်းကို အလေ့အထဖြစ်နေသူများနှင့် ခရီးသွားအချို့က ချယ်ရီသင်္ဘောနှင့် သဗ္ဗာန်များကို ဆက်လက် အသုံးပြုနေကြောင်း သိရသည်။

ခရီးသည်အချို့က သင်္ဘောစီးရာတွင် ကုန်ကျစရိတ် သက်သာခြင်း၊ သွားလာရာ လွယ်ကူမှုနှင့် မြစ်မြင်ကွင်းကြည့်ရှုနိုင်ခြင်းတို့ကြောင့် သင်္ဘောအသုံးပြုမှု မလျော့သေးကြောင်း ပြောကြားသည်။

သက်ဆိုင်ရာ တာဝန်ရှိသူများကလည်း တံတားဖွင့်လှစ်ပြီးနောက် သွားလာမှု ပုံစံများ ပြောင်းလဲလာနိုင်သော်လည်း သင်္ဘောလိုင်းများသည် ယခုအချိန်အထိ လုပ်ငန်းလည်ပတ်မှု ဆက်လက်ရှိနေဆဲဖြစ်ကြောင်း ပြောကြားထားသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ဧရာဝတီတိုင်းအတွင်း ဆီထွက်သီးနှံများ တိုးချဲ့စိုက်ပျိုးကြရန် တိုင်းဒေသကြီး ဝန်ကြီးချုပ်မှာကြား

ဧရာဝတီတိုင်းအတွင်း မြေပဲ၊ နှမ်း၊ နေကြာ၊ ပန်းနှမ်း၊ ပဲပုတ် အစရှိသည့် ဆီထွက်သီးနှံစိုက်ဧကများ တိုးချဲ့စိုက်ပျိုးရန် ဖြစ်ထွန်းအောင်မြင်မည့် မြေနေရာများရရှာဖွေဆောင်ရွက်ရန်နှင့် စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေး လုပ်ငန်းကြီးကြပ်မှု ကော်မတီများအနေဖြင့် အနီးကပ်ကြီးကြပ်၍ ဆောင်ရွက်ကြရန် တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်းက မှာကြားသည်။ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊ ဧရာရွေဝါ ခန်းမတွင် ယမန်နေ့ မွန်းလွဲပိုင်းက ကျင်းပသည့် စိုက်ပျိုး ထုတ်လုပ်မှုတိုးတက်မြင့်မားရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ဝန်ကြီးချုပ်က မှာကြားခဲ့ခြင်း ဖြစ်သည်။ တိုင်းဒေသကြီးအတွင်း၌ စိုက်ဧကများ ပြည့်မီရေး၊ ပန်းတိုင်အထွက်နှုန်း ရောက်ရှိရေး၊ ဆီဖူလုံရေး အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ အဆိုပါ လုပ်ငန်းများ...

အောင်ဆန်း အားကစားကွင်းကို ငလျင်ဒ-ဏ်နှင့် သဘာဝဘေးအန္တရာယ်ခံနိုင်စေရေး တရုတ်နိုင်ငံအကူအညီဖြင့် အဆင့်မြှင့်မည်

အောင်ဆန်း အားကစားကွင်းအား ငလျင်ဒဏ်အပါအဝင် သဘာဘေးအန္တရာယ်ခံနိုင်စေရေး တရုတ်နိုင်ငံအကူအညီဖြင့် အဆင့်မြင့်တင်တည်ဆောက်မည်ဖြစ်ကြောင်း အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်က ပြောကြားသည်။ ယနေ့ နံနက်ပိုင်းက နေပြည်တော် ရုံးအမှတ်(၃၁)ရှိ အားကစားနှင့် လူငယ်ရေးရာ ဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည့် အစည်းအဝေးတွင် ထိုသို့ ပြောကြားခဲ့ခြင်းလည်း ဖြစ်သည်။ အဆိုပါ အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက အောင်ဆန်းအားကစားကွင်းအဆင့်မြှင့်တင်တည်ဆောက်ခြင်းလုပ်ငန်းကော်မတီအတွက် ပထမဆုံးအကြိမ်ခေါ်ယူခြင်းဖြစ်ကြောင်း နှင့် တရုတ်နိုင်ငံ၏ အကူအညီဖြင့် အကောင် အထည်ဖော် ဆောင်ရွက်နိုင်ရန်အတွက် နှစ်နိုင်ငံသဘောတူ လက်မှတ်ရေးထိုးထားပြီးဖြစ်ကြောင်း ဆိုသည်။ ထို့ပြင် သက်တမ်းကြာမြင့်ပြီဖြစ်သည့်...

ကုန်ဈေးနှုန်းတည်ငြိမ်အောင်ဆောင်ရွက်မည်–ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ်

ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ်အသစ် တာရစ်ရာမန်သည် သူ၏ ပါတီက အပြ-တ်အသ-တ်အနိုင်ရရှိခဲ့သော လွှတ်တော်ရွေးကောက်ပွဲများအပြီး၌ မွတ်ဆလင်တို့၏ မြင့်မြတ်သော ရမ်ဇာန်လအတွင်း ကုန်ဈေးနှုန်းများကို တည်ငြိမ်စေရန်၊ တရားဥပဒေစိုးမိုးရေးကို ပြန်လည်ထူထောင်ရန်နှင့် စီးပွားရေးနှင့် အခြေခံအဆောက်အဦးပြုပြင်ပြောင်းလဲရေးကို မြှင့်တင်သွားမည်ဟု ကတိပြုခဲ့သည်။ ဝန်ကြီးချုပ်ဟောင်း ခါလီဒါဇီယာနှင့် လုပ်ကြံခံခဲ့ရသော သမ္မတဟောင်း ဇိုင်ယာရာမန်တို့၏ သားဖြစ်သည့် အသက် ၆၀ အရွယ် ရာမန်သည် အင်္ဂါနေ့တွင် ကျမ်းသစ္စာကျိန်ဆိုခဲ့ပြီး တိုင်းပြည်အတွက် အရေးကြီးသောအချိန်တွင် ရာထူးတာဝန်ထမ်းဆောင်ခဲ့ရသည်။ ဗုဒ္ဓဟူးနေ့ညပိုင်းတွင် ရုပ်သံမှတဆင့် ရာမန်က ဥပုသ်လအစ ရမ်ဇာန်နှုတ်ခွန်းဆက်စကားပြောကြားခဲ့ပြီး ကုန်သည်များအနေဖြင့် အမြတ်ကြီးစားမလုပ်ကြရန် သတိပေးခဲ့သည်။ ဆန်၊ စားသုံးဆီ၊...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071