230kV ဒဂုံအရှေ့-လှော်ကားဓာတ်အားလိုင်းတည်ဆောက်ရာတွင် တိုင်ထူခြင်းနှင့် မလွတ်ကင်းသော ဓာတ်အားလိုင်းများ ပြောင်းရွှေ့တည်ဆောက်ခြင်းလုပ်ငန်းများ၊ 230kV ဓာတ်အားလိုင်းတည်ဆောက်ခြင်း လုပ်ငန်းဆောင်ရွက်ခြင်းများကို မနက်ဖြန် (ဇွန်- ၆) တွင် ပြုလုပ်မည် ဖြစ်သည်။
ထိုသို့ပြုလုပ်ရာတွင် လွတ်ကင်းမှုမရှိသော 66kV လှော်ကား-ပုလဲ-လှည်းကူး-ရွှေပေါက်ကံဖီဒါ၊ 33kV ပုလဲ-မဉ္ဇူရီဖီဒါ နှင့် 33kV ပုလဲ-ဘီယာချမ်းဖီဒါတို့အား နံနက် (၁၁:၀၀)နာရီ မှ (၁၅:၀၀)နာရီအချိန်အထိ ဓာတ်အားပိတ်၍ လုပ်ငန်းဆောင်ရွက်သွားမည်ဖြစ်သည်ဟုလည်း ဆိုသည်။
ထို့ကြောင့် ဆောင်ရွက်နေစဉ်အတွင်း ရွှေပေါက်ကံမြို့၊ မင်္ဂလာဒုံမြို့နယ်၊ ထောက်ကြန့်မြို့၊ လှည်းကူးမြို့နယ်နှင့် ဖောင်ကြီးမြို့တို့ရှိ ရပ်ကွက်နေရာ အချို့တို့တွင် ယာယီဓာတ်အားပြ-တ်တေ-ာက်မှုရှိမည်ဖြစ်ပါကြောင်းနှင့် ဓာတ်အားပြ-တ်တေ-ာက်ချိန် ကြာမြင့်မှုမရှိစေရေး၊ ဓာတ်အားပြတ်ဧရိယာ လျော့နည်းစေရေးအတွက် အလေးထား ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းက အသိပေးပန်ကြားထားသည်။