Sunday, September 20, 2026

တက်ဂ်ဘော အမျိုးသမီးတစ်ဦးချင်းပြိုင်ပွဲတွင် ခင်နှင်းဝေ ရှုံးပွဲမရှိ...

ဂျပန်နိုင်ငံ၊ နာဂိုယာမြို့တွင် ကျင်းပလျက်ရှိသည့် (၂၀) ကြိမ်မြောက် အာရှအားကစားပြိုင်ပွဲ (20th Asian Games Aichi-Nagoya 2026) တက်ဂ်ဘောပြိုင်ပွဲ၏ Women’s...

စက်တင်ဘာ ၂၄ ရက်အထိ ရန်ကုန်အပါအဝင်...

ရန်ကုန်၊ စက်တင်ဘာ ၂၀ ကပ္ပလီပင်လယ်ပြင်မြောက်ပိုင်းတွင် ဖြစ်ပေါ်နေသည့် လေဖိအားနည်းရပ်ဝန်း၏ အရှိန်ကြောင့် ယနေ့ စက်တင်ဘာ ၂၀ ရက်မှ စက်တင်ဘာ ၂၄ ရက်အတွင်း...

Saw Friday ဖိလစ်ပိုင်ကစားသမားကို နှစ်ပွဲပြတ်အနိုင်ယူပြီး...

ရန်ကုန်၊ စက်တင်ဘာ ၂၀ ဂျပန်နိုင်ငံ နာဂိုယာမြို့၌ ကျင်းပလျက်ရှိသည့် (၂၀) ကြိမ်မြောက် အာရှအားကစားပြိုင်ပွဲ (20th Asian Games Aichi-Nagoya 2026)...

ချမ်းမြေ့ဆရာတော်ဘုရားကြီးအား ရည်စူး၍ ငါးရက်တိုင် တရားပွဲများ...

ရန်ကုန်၊ စက်တင်ဘာ ၂၀ နိုင်ငံတော်ဩဝါဒါစရိယ၊ အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက၊ အဂ္ဂမဟာကမ္မဋ္ဌာနာစရိယ ချမ်းမြေ့ဆရာတော်ဘုရားကြီးအား ရည်စူး၍ စက်တင်ဘာ ၂၀ ရက်မှ ၂၄ ရက်အထိ ငါးရက်တိုင်...
HomeNewsLocal Newsဒဂုံမြို့သစ်(ဆိပ်ကမ်း) မြို့နယ်တွင် အမျိုးသား...

ဒဂုံမြို့သစ်(ဆိပ်ကမ်း) မြို့နယ်တွင် အမျိုးသား ကင်ဆာရောဂါကုသရေးဌာနဖွင့်လှစ်

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်ရှိ အမျိုးသားကင်ဆာရောဂါကုသရေးဌာနတွင် တပ်ဆင်ပြီးဖြစ်သော ဓာတ်ရောင်ခြည်ဖြင့် ကင်ဆာရောဂါကုသစက်များ (Halcyon, Radixact & Vital Beam) စတင်အသုံးပြုခြင်းအခမ်းအနားကို ယနေ့တွင် ဖွင့်လှစ်ခဲ့သည်။

ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် နစက၏ ပံ့ပိုးဦးဆောင်မှုနှင့်အတူ တစ်မျိုးသားလုံးသက်ရှည်ကျန်းမာကြံ့ခိုင်ရေးအတွက် ပြည်သူအားလုံးအကျုံးဝင်မည့် ကျန်းမာရေးကဏ္ဍ မြှင့်တင်ဆောင်ရွက်ရေးကို အကောင်ထည်ဖော်ဆောင်ရွက်ခဲ့‌ရာမှ ကူးစက်ရောဂါများသာမက မကူးစက်နိုင်သောရောဂါများ ကာကွယ်ရေး၊ ကုသရေးကိုပါ အားဖြည့်ဆောင်ရွက်လျက် ရှိပြီး ကင်ဆာရောဂါလူနာများအတွက် အရည်အသွေးမြင့်သော ကုသမှုများကိုပြည်တွင်း၌ပင် တိုးမြှင့်ရရှိနိုင်စေရေးကိုလည်း အလေးထားဆောင်ရွက်ခဲ့ကြောင်း ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ‌ပါမောက္ခဒေါက်တာသက်ခိုင်ဝင်းကပြောသည်။

ထို့ပြင် ရန်ကုန်ပြည်သူ့ဆေးရုံကြီးရှိ ကင်ဆာရောဂါ ကုသဌာနသည် လူနာများ ဆေးကုသခံယူရန် နေရာလုံလောက်မှုမရှိခြင်း၊ အဆောက်အဦများ နေရာမလပ် များပြားနေခြင်းနှင့် မီးဘေးအန္တရာယ် စိုးရိမ်ရခြင်းတို့ကြောင့် ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်အမျိုးသားကင်ဆာ ရောဂါကုသရေးဌာနကို တိုးချဲ့ဖွင့်လှစ်ရန် စီစဉ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အမျိုးသားကင်ဆာရောဂါကုသရေးဌာနကို စုစုပေါင်း ကျပ်သန်း (၃၂,၆၀၉.၃၁၁)ဖြင့် စီမံကိန်းလုပ်ငန်းဆောင်ရွက်နေပြီး ထပ်မံလိုအပ်ချက် အဖြစ် ငွေကျပ် (၁၄,၂၈၁.၇၇၄)သန်း တင်ပြထားရှိကာ (စုစုပေါင်း ၄၆,၈၉၁.၀၈၅သန်း အသုံးပြုပြီး) ဆောက်လုပ်ရေးဝန်ကြီးဌာန၊ အဆောက်အဦ အထူးအဖွဲ့(၁)မှ တာဝန်ယူဆောက်လုပ်ပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါ စီမံကိန်း၏ပထမအဆင့်အနေဖြင့် မြန်မာငွေကျပ် ၃၂.၅ ဘီလီယံတန်ဖိုးရှိ ဓာတ်ရောင်ခြည်ဖြင့် ကင်ဆာရောဂါကုသစက်(၃)လုံးကို ဝယ်ယူထောက်ပံ့ ပေးထားပြီး အဆိုပါစက်များနှင့်အတူ တွဲဖက်အသုံးပြုရသည့် မြန်မာငွေကျပ် ၂.၅၅ ဘီလီယံတန်ဖိုးရှိ ဓာတ်ရောင်ခြည်ဖြင့် ကုသမှု အထောက်အကူပြုစက် (CT Simulator) (၁)လုံးကိုပါ တပ်ဆင်ပြီးဖြစ်ကြောင်း၊ ဓာတ်ရောင်ခြည်စက်ကို အသုံးပြုမည့် အထူးကုဆရာဝန်ကြီးများ၊ ဆေးဘက်ကျွမ်းကျင်ဝန်ထမ်းများကိုလည်း ပြည်ပ၌ ကျွမ်းကျင်သင်တန်းများ ဆောင်ရွက်ခဲ့ပြီး ဓာတ်ရောင်ခြည်ဖြင့် ကုသစက်(၁)လုံးဖြစ်သည့် Halcyon စက်ကို ၂၀၂၄ ခုနှစ်၊ အောက် တိုဘာလ တတိယပတ်မှ စတင်၍ အသုံးပြုကာ တစ်ရက်လျှင် ကင်ဆာရောဂါ လူနာ (၆၅)ဦးအထိ တိုးချဲ့ကုသပေးနိုင်ခဲ့ပြီး ဖြစ်ကြောင်း သိရသည်။

ယနေ့တွင် ဓာတ်ရောင်ခြည်ဖြင့်ကုသစက် စုစုပေါင်း(၃)လုံးကို ဖွင့်လှစ်နိုင်ပြီဖြစ်သည့်အတွက် တစ်ရက်လျှင် စုစုပေါင်းလူနာ (၂၀၀)ဦးအထိ ကုသပေးနိုင်တော့မည်ဖြစ်‌ကြောင်း၊ယခုကဲ့သို့ နိုင်ငံတကာအဆင့်မီ ဓာတ် ရောင်ခြည်သုံးစက် အသစ်ကြီးများ ဝယ်ယူ၊ တပ်ဆင် အသုံးပြုနိုင်မှုကြောင့် ကင်ဆာရောဂါဝေဒနာရှင် ပြည်သူများအနေဖြင့် ဓာတ်ရောင်ခြည်ဖြင့် ကင်ဆာ ရောဂါ ကုသမှုခံယူရန် စောင့်ဆိုင်းရချိန် လျော့နည်းလာပြီး ပြည်ပသို့ သွားရောက်၍ ဆေးကုသမှုခံယူခြင်းကြောင့် နိုင်ငံခြားငွေကုန်ကျမှုများကို လျှော့ချပေးနိုင်မည်ဖြစ်ကြောင်း သိရသည်။

ယခု၂၀၂၅ ခုနှစ်အတွင်း စီမံကိန်းလုပ်ငန်းများ အားလုံးပြီးစီးအောင် ကြိုးပမ်းဆောင်ရွက်လျက်ရှိပြီး ယင်းစီမံကိန်းပြီးစီးသွားပါက ကင်ဆာရောဂါ လူနာများ အနေဖြင့် ကင်ဆာရောဂါခွဲစိတ်ကုသခြင်း၊ ဆေးသွင်းကုသခြင်း၊ ဓာတ်ရောင်ခြည်ဖြင့် ကုသခြင်း၊ အထူးကြပ်မတ်ကုသခြင်း၊ ဓာတ်ခွဲစမ်းသပ်ခြင်း၊ ဓာတ်မှန်ဖြင့် ရောဂါရှာဖွေခြင်းတို့ကို တစ်နေရာတည်းတွင် တစ်ပြိုင်တည်း ဆောင်ရွက်နိုင်မည်ဖြစ်ပြီး ကုသမှုခံယူရန် စောင့်ဆိုင်းနေရသော လူနာများကိုလည်း လျင်မြန်စွာ လျှော့ချပေးနိုင်မည် ဖြစ်သည်။

ကင်ဆာရောဂါကုသ ဌာနများ ရာနှုန်းပြည့် လုပ်ငန်း ဆောင်ရွက်နိုင်ရေးအတွက် ကြိုးပမ်း ဆောင်ရွက်ခဲ့ပြီး ၂၀၂၃ ခုနှစ်မှာ မန္တလေး ပြည်သူ့ဆေးရုံကြီး၌ ဓာတ်ရောင်ခြည် Elekta ဖြင့် ကင်ဆာရောဂါကုသစက် (Linear Accelerator) အသစ်တစ်လုံး၊ ၂၀၂၄ ခုနှစ်မှာ ရန်ကုန်ပြည်သူ့ဆေးရုံကြီး၌ အိန္ဒိယနိုင်ငံမှ လှူဒါန်းသော Bhabhatron စက်အသစ်တစ်လုံးတို့ကို တိုးချဲ့ တပ်ဆင် အသုံးပြုနိုင်ခဲ့ကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

တက်ဂ်ဘော အမျိုးသမီးတစ်ဦးချင်းပြိုင်ပွဲတွင် ခင်နှင်းဝေ ရှုံးပွဲမရှိ ရွှေတံဆိပ်ဆွတ်ခူး

ဂျပန်နိုင်ငံ၊ နာဂိုယာမြို့တွင် ကျင်းပလျက်ရှိသည့် (၂၀) ကြိမ်မြောက် အာရှအားကစားပြိုင်ပွဲ (20th Asian Games Aichi-Nagoya 2026) တက်ဂ်ဘောပြိုင်ပွဲ၏ Women’s Singles အမျိုးသမီးတစ်ဦးချင်းပြိုင်ပွဲတွင် မြန်မာ့လက်ရွေးစင်တက်ဂ်ဘောကစားသမား ခင်နှင်းဝေက ရှုံးပွဲမရှိ ယှဉ်ပြိုင်ကာ ရွှေတံဆိပ်ဆု ဆွတ်ခူးရရှိခဲ့ကြောင်း သိရသည်။ ခင်နှင်းဝေသည် အုပ်စုအဆင့်တွင် ပြိုင် ဘက်များကို ဆက်တိုက်အနိုင်ရရှိခဲ့ပြီး သုံးပွဲကစား သုံးပွဲအနိုင်ဖြင့် အုပ်စုပထမနေရာရရှိကာ ဆီမီးဖိုင်နယ်သို့ တက်ရောက်ခဲ့သည်။ ဆီမီးဖိုင်နယ်တွင် လက်ဘနွန်ကစားသမားနှင့် ယှဉ်ပြိုင်ခဲ့ပြီး နှစ်ပွဲပြတ်ဖြင့် အနိုင်ရရှိကာ ဖိုင်နယ်သို့ တက်ရောက်ခဲ့သည်။ ဖိုင်နယ်တွင် အင်ဒိုနီးရှားကစားသမားနှင့် ဆက်လက်ယှဉ်ပြိုင်ခဲ့ပြီး...

စက်တင်ဘာ ၂၄ ရက်အထိ ရန်ကုန်အပါအဝင် ဒေသအများစု မိုးထစ်ချုန်းရွာမည်၊ ဒေသအချို့ မိုးကြီးနိုင်

ရန်ကုန်၊ စက်တင်ဘာ ၂၀ ကပ္ပလီပင်လယ်ပြင်မြောက်ပိုင်းတွင် ဖြစ်ပေါ်နေသည့် လေဖိအားနည်းရပ်ဝန်း၏ အရှိန်ကြောင့် ယနေ့ စက်တင်ဘာ ၂၀ ရက်မှ စက်တင်ဘာ ၂၄ ရက်အတွင်း ရန်ကုန်တိုင်းဒေသကြီးအပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်အများစုတွင် နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာနိုင်ပြီး ဒေသအချို့၌ နေရာကွက်၍ မိုးကြီးနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက စက်တင်ဘာ ၂၀ ရက် နံနက် ၇ နာရီတွင် ထုတ်ပြန်သည်။ မိုးထစ်ချုန်းရွာနိုင်သည့် ဒေသများမှာ နေပြည်တော်၊ ရန်ကုန်၊ မန္တလေး၊ ပဲခူး၊ မကွေး၊ စစ်ကိုင်း၊ ဧရာဝတီနှင့်...

Saw Friday ဖိလစ်ပိုင်ကစားသမားကို နှစ်ပွဲပြတ်အနိုင်ယူပြီး တက်ဂ်ဘော ကြေးတံဆိပ်ဆွတ်ခူး

ရန်ကုန်၊ စက်တင်ဘာ ၂၀ ဂျပန်နိုင်ငံ နာဂိုယာမြို့၌ ကျင်းပလျက်ရှိသည့် (၂၀) ကြိမ်မြောက် အာရှအားကစားပြိုင်ပွဲ (20th Asian Games Aichi-Nagoya 2026) တက်ဂ်ဘော အမျိုးသားတစ်ဦးချင်း (Men’s Singles) ပြိုင်ပွဲတွင် မြန်မာ့လက်ရွေးစင်ကစားသမား Saw Friday သည် ဖိလစ်ပိုင်ကစားသမားကို နှစ်ပွဲပြတ်အနိုင်ရရှိကာ ကြေးတံဆိပ်ဆု ဆွတ်ခူးနိုင်ခဲ့သည်။ Saw Friday သည် ယနေ့ စက်တင်ဘာ ၂၀ ရက်က တတိယနေရာအတွက် ယှဉ်ပြိုင်ခဲ့သည့်ပွဲစဉ်တွင် ဖိလစ်ပိုင်ကစားသမားကို ၁၂-၇ ရလဒ်ဖြင့် နှစ်ပွဲပြတ် အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။ ၎င်းသည်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071