ကိုသာဂိဟာ ဒီဇင်ဘာလ ၅ ရက်နေ့က ပထမဦးဆုံးရရှိတဲ့ အနုပညာကြေးများအား လိုအပ်တဲ့နေရာများမှာလှူဒါန်းပေးခဲ့တဲ့အပြင်ဒဂုံမြို့နယ် ၆၇ ရပ်ကွက်မှာနေထိုင်တဲ့ လူအယောက်၅၀၀ စာအတွက် ထမင်းနဲ့ဟင်းများလည်းထပ်မံ လှူဒါန်းပေးခဲ့တာဖြစ်ပါတယ်။
အခုလို လှူဖြစ်တာနဲ့ပတ်သက်ပြီးကိုသာဂိက
” မနေ့က ရိုက်ကူးရေး ၂ခု လက်ခံရရှိပြီး အဲ့ကြော်ငြာမှာကိုယ်တိုင်ပါဝင်သရုပ်ဆောင်ထားတယ် ကိုယ့်ဘဝမှာပထမဦးဆုံးရရှိတဲ့အနုပညာကြေးကို ကိုယ်ကျိုးအတွက်မသုံးပဲ လိုအပ်တဲ့သူတွေအတွက်လှူချင်တဲ့အတွက် အခုလို လှူဒါန်းပေးခဲ့တာပါ အခုလိုလှူဒါန်းနိုင်လို့ ဝမ်းသာရပါတယ်” လို့ပြောပါတယ်။












