Wednesday, September 2, 2026

ဒဂုံတက္ကသိုလ်ကျောင်းသားများနှင့် ပြည်သူများ အဆင်ပြေစေမည့် ရန်ကုန်-ဒဂုံတက္ကသိုလ်...

ရန်ကုန်၊ စက်တင်ဘာ ၂ ဒဂုံတက္ကသိုလ်ကျောင်းသူ၊ ကျောင်းသားများနှင့် ခရီးသွားပြည်သူများ သွားလာရေး ပိုမိုအဆင်ပြေချောမွေ့စေရန်အတွက် ရန်ကုန်-တိုးကြောင်ကလေး-ဒဂုံတက္ကသိုလ် ရထားခရီးစဉ်ကို (စက်တင်ဘာလ ၁ ရက်) နေ့မှစ၍...

ရန်ကုန်မြို့နယ်အချို့၌ Online မီတာလျှောက်ထားမှုများနှင့် QR...

ရန်ကုန်၊ စက်တင်ဘာ ၂ ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း (YESC) ဥက္ကဋ္ဌ ဦးအောင်ကျော်ဦးသည် စက်တင်ဘာ ၁ ရက်က ဒဂုံမြို့နယ် လျှပ်စစ်မန်နေဂျာရုံးသို့ သွားရောက်၍ ဩဂုတ်လအတွက်...

ချင်းတွင်းနှင့် မြစ်သာမြစ်ရေ စိုးရိမ်ရေမှတ်သို့ ရောက်ရှိနိုင်သဖြင့်...

မုံရွာ၊ စက်တင်ဘာ ၂ ချင်းတွင်းမြစ်နှင့် မြစ်သာမြစ်ရေတို့သည် လာမည့်ရက်များအတွင်း စိုးရိမ်ရေမှတ်သို့ ရောက်ရှိနိုင်သဖြင့် မင်းကင်း၊ မုံရွာနှင့် ကလေးမြို့နယ်အတွင်းရှိ မြစ်ကမ်းအနီးနှင့် မြေနိမ့်ပိုင်း နေထိုင်သူများ...

ကျိုင်းတုံ-တောင်ကြီးသွားကားလမ်းတွင် အဝေးပြေးခရီးသည်တင်ကား ဘရိတ်ပေါက်ပြီးချောက်ထဲထိုးကျတိမ်းမှောက် (၁)ဦးသေဆုံး...

ရှမ်းပြည်နယ်၊ မိုင်းပျဥ်းမြို့နယ်၊ ကျိုင်းတုံ-တောင်ကြီးသွားလမ်းတွင် အဝေးပြေးခရီးသည်တင်(Express) ကားတစ်စီး ဘရိတ်ပေါက်ပြီးချောက်ထဲထိုးကျတိမ်းမှောက်ခဲ့မှု စက်တင်ဘာ ၁ ရက်ည ၉ နာရီ ၁၀ မိနစ်ခန့်ကဖြစ်ပွားခဲ့ကြောင်း...
HomeNewsLocal Newsထောပတ်သီးအခြေခံအလှကုန်ပစ္စည်းများ တရုတ်နိုင်ငံသို့ တင်ပို့နိုင်ပြီဖြစ်

ထောပတ်သီးအခြေခံအလှကုန်ပစ္စည်းများ တရုတ်နိုင်ငံသို့ တင်ပို့နိုင်ပြီဖြစ်

ပြည်တွင်း၌ စိုက်ပျိုးထွက်ရှိသည့် ထောပတ်သီးမှ ထုတ်လုပ်သည့် အခြေခံအလှကုန်ပစ္စည်းများကို တရုတ်နိုင်ငံသို့ တင်ပို့နိုင်ပြီဖြစ်ကြောင်း မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့မှ သိရသည်။

ထောပတ်သီးမှ အခြေခံထုတ်လုပ်သည့် အလှကုန်ပစ္စည်းများ တင်ပို့လိုပါက တရုတ်နိုင်ငံ အလှကုန်ကြီးကြပ်ရေးနှင့် စီမံခန့်ခွဲရေးဆိုင်ရာစည်းမျဉ်း (Cosmetic Supervision and Administration Regulation-CSAR)မှ ထုတ်ပြန်ထားသည့် Special Cosmetics နှင့် General Cosmetics လျှောက်ထားခြင်းဆိုင်ရာ လုပ်ထုံးလုပ်နည်းများနှင့်အညီ လိုက်နာဆောင်ရွက်နိုင်ကြောင်း သိရသည်။

မြန်မာနိုင်ငံမှ တရုတ်နိုင်ငံသို့ ထောပတ်သီးနှင့် ထောပတ်သီးနှင့်ဆက်စပ်သည့် တန်ဖိုးမြင့် စားသောက်ကုန်၊ လူသုံးကုန်ပစ္စည်းများ တင်ပို့နိုင်ရေးနှင့်စပ်လျဉ်း၍ လက်ရှိတွင် ထောပတ်သီးစိမ်းကို လတ်ဆတ်သော သစ်သီးဝလံအဖြစ် တင်ပို့နိုင်ရေးအတွက် အန္တရာယ်ရှိ ဖျက်ပိုးများအတွက် လေ့လာအကဲဖြတ်ခြင်း (Pest Risk Analysis (PRA))ကို အဝေးရောက် စနစ်ဖြင့် လေ့လာအကဲဖြတ်ခြင်း (Remote Video Inspection) ကျင့်သုံးဆောင်ရွက်ရန် နှစ်နိုင်ငံအကြား သဘောတူပြီးဖြစ်ကြောင်း သိရသည်။

ထို့ပြင် ထောပတ်သီးနှင့် ဆက်စပ်သောတန်ဖိုးမြှင့် စားသောက်ကုန်များဖြစ်သည့် ထောပတ်သီးဆီ၊ ဖျော်ရည်များ၊ အေးခဲသစ်သီးများကို GACC ၏ CIFER system မှတဆင့်လျှောက်ထားနိုင်ကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ဒဂုံတက္ကသိုလ်ကျောင်းသားများနှင့် ပြည်သူများ အဆင်ပြေစေမည့် ရန်ကုန်-ဒဂုံတက္ကသိုလ် ရထားခရီးစဉ် ဘတ်ထရီရထားစက်ခေါင်းဖြင့် စတင်ပြေးဆွဲ

ရန်ကုန်၊ စက်တင်ဘာ ၂ ဒဂုံတက္ကသိုလ်ကျောင်းသူ၊ ကျောင်းသားများနှင့် ခရီးသွားပြည်သူများ သွားလာရေး ပိုမိုအဆင်ပြေချောမွေ့စေရန်အတွက် ရန်ကုန်-တိုးကြောင်ကလေး-ဒဂုံတက္ကသိုလ် ရထားခရီးစဉ်ကို (စက်တင်ဘာလ ၁ ရက်) နေ့မှစ၍ မြန်မာ့မီးရထားက စတင်ပြေးဆွဲပေးနေပြီဖြစ်သည်။ အဆိုပါ ရထားခရီးစဉ်တွင် ဘက်ထရီရထားစက်ခေါင်းနှင့်အတူ ခရီးသည် ၆၂ ဦးစီ လိုက်ပါနိုင်သော ရိုးရိုးတန်းတွဲ ၆ တွဲ ပါဝင်သည်။ ရန်ကုန်မှ ဒဂုံတက္ကသိုလ်သို ပြေးဆွဲမည့် အဆန်ရထားများမှာ ည-၁၊ ည-၃၊ ည-၅၊ ည-၇၊ ည-၉ နှင့် ည-၁၁ တိုဖြစ်ပြီး ဒဂုံတက္ကသိုလ်မှ တိုးကြောင်ကလေးမှတစ်ဆင့် ရန်ကုန်သို...

ရန်ကုန်မြို့နယ်အချို့၌ Online မီတာလျှောက်ထားမှုများနှင့် QR စနစ် အသုံးပြု၍ မီးသုံးသူကိုယ်တိုင် မီတာဖတ်ရှုသည့် အခြေအနေများ YESC ဥက္ကဋ္ဌ ကွင်းဆင်းစစ်ဆေး

ရန်ကုန်၊ စက်တင်ဘာ ၂ ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း (YESC) ဥက္ကဋ္ဌ ဦးအောင်ကျော်ဦးသည် စက်တင်ဘာ ၁ ရက်က ဒဂုံမြို့နယ် လျှပ်စစ်မန်နေဂျာရုံးသို့ သွားရောက်၍ ဩဂုတ်လအတွက် မီတာဖတ်ရှုနေမှုများ၊ Online စနစ်ဖြင့် မီတာလျှောက်ထားမှုများနှင့် Phone Application အသုံးပြု၍ မီးသုံးသူကိုယ်တိုင် မီတာဖတ်ရှုသည့် စမ်းသပ်ဆောင်ရွက်မှု အခြေအနေများကို ကွင်းဆင်းစစ်ဆေးခဲ့သည်။ စစ်ဆေးစဉ် Online စနစ်ဖြင့် မီတာလျှောက်ထားမှုများကို စနစ်တကျ မှန်ကန်မြန်ဆန်စွာ ဆောင်ရွက်ပေးရန်၊ တရားမဝင် ဓာတ်အားသုံးစွဲမှုများ မရှိစေရန်နှင့် မီတာဖတ်ချက်များ မှန်ကန်ရေး၊ ပိုဖတ်/လိုဖတ်မှုများ မဖြစ်ပေါ်စေရေးအတွက် မီတာဖတ်မှတ်တမ်းကတ်များကို...

ချင်းတွင်းနှင့် မြစ်သာမြစ်ရေ စိုးရိမ်ရေမှတ်သို့ ရောက်ရှိနိုင်သဖြင့် မင်းကင်း၊ မုံရွာနှင့် ကလေးမြို့နယ်ရှိ ဒေသခံများ သတိပြုရန် မိုးဇလ အသိပေး

မုံရွာ၊ စက်တင်ဘာ ၂ ချင်းတွင်းမြစ်နှင့် မြစ်သာမြစ်ရေတို့သည် လာမည့်ရက်များအတွင်း စိုးရိမ်ရေမှတ်သို့ ရောက်ရှိနိုင်သဖြင့် မင်းကင်း၊ မုံရွာနှင့် ကလေးမြို့နယ်အတွင်းရှိ မြစ်ကမ်းအနီးနှင့် မြေနိမ့်ပိုင်း နေထိုင်သူများ ကြိုတင်သတိပြုနေထိုင်ကြရန် မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန (မိုးဇလ) က အသိပေး နှိုးဆော်ထားသည်။ ယနေ့ တိုင်းထွာချက်များအရ ချင်းတွင်းမြစ်ရေသည် မင်းကင်းမြို့တွင် စိုးရိမ်ရေမှတ်အောက် ၃ ပေ ၄ လက်မခန့်အလို၌ ရောက်ရှိနေပြီး နောက် ၁ ရက်အတွင်း စိုးရိမ်ရေမှတ်သို့ ရောက်ရှိနိုင်ကြောင်း သိရသည်။ အလားတူ ချင်းတွင်းမြစ်ရေသည် မုံရွာမြို့၌ စိုးရိမ်ရေမှတ်အောက် ၄...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071