မြန်မာနိုင်ငံရှိ ထူးချွန်သည့် ကျောင်းသားများအတွက် Fulbright ပညာသင်ဆုပေးမည်ဖြစ်ကြောင်း ရန်ကုန်မြို့ရှိ အမေရိကန်သံရုံးက ယမန်နေ့( မတ်လ ၁၈ ရက်) တွင် ထုတ်ပြန်သည်။
ထိုသို့ ခေါ်ယူနေသည့် ပညာသင်ဆုမှာ (၂၀၂၇- ၂၀၂၈) ပညာသင်နှစ်အတွက်ဖြစ်သည်။
လျှောက်ထားလိုသူများသည် လာမည့် (မေလ ၁ ရက်) နောက်ဆုံးထား၍ လျှောက်ထားရမည်လည်း ဖြစ်သည်။
ယခင်က အမေရိကန်အစိုးရအနေဖြင့် မြန်မာနိုင်ငံအပေါ် ခရီးသွားလာခွင့် ကန့်သတ်ချက်များကြောင့် Fulbright ပညာတော်သင်ဆု အစီအစဉ် ရပ်တန့်ထားခြင်း ဖြစ်သည်။
ယခုတွင် ပြန်လည်ခေါ်ယူခြင်းဖြစ်ကာ လျှောက်ထားသူများအနေဖြင့် လက်ရှိကန့်သတ်ချက်များနှင့် လျှောက်ထားရာတွင် သက်ဆိုင်ရာ ခရီးသွားခြွင်းချက်အတွက် အရည်အချင်းပြည့်မီရန် လိုအပ်၍ ထည့်သွင်းစဉ်းစားသင့်သည်ဟု သံရုံးက အသိပေးထားသည်။
