ထိုင်း-မြန်မာ နှစ်နိုင်ငံ လက်ဝှေ့ စိန်ခေါ်ပွဲမှ ရလာမည့် ရုံဝင်ခ၊ ကြော်ငြာအစရှိသည့် အမြတ်ငွေများအားလုံးကို ငလျင်သင့်ဒေသသို့ တစ်ပြားမကျန်အကုန်လှူဒါန်းသွားမည်ဟု မြန်မာ့ရိုးရာ လက်ဝှေ့သင်တန်းကျောင်းက အသိပေးထားသည်။
ယခုလ ဧပြီ(၂၇)ရက်၌ ထိုင်း-မြန်မာ မြန်မာ့ရိုးရာ လက်ဝှေ့ စိန်ခေါ်ပွဲကြီးကို ရိုးရာလက်ဝှေ့အဖွဲ့ချုပ်၏ လမ်းညွှန်ချက်နှင့်အညီ ပြုလုပ်သွားမည်ဖြစ်ပြီး၊ ရိုးရာလက်ဝှေ့ ယဉ်ပြိုင်ထိုးသတ်မည့် ရိုးရာမောင်များအနေဖြင့်လည်း ရရှိလာသည့် ထိုးကြေးများကို နည်းများမဆို ပါဝင်လှူဒါန်းနိုင်ကြမည်ဖြစ်သည်ဟု အသိပေးချက်တွင် ဖော်ပြထားသည်။
ပွဲစဉ်အတွင်း ငါးချီစိန်ခေါ်ပွဲအနေဖြင့် ပထမခေါင်တွဲဆိုင်းအဖြစ် ရိုးရာဖိုက်တာ ထွန်းမင်းနိုင်နှင့် မွေထိုင်းဖိုက်တာ Vee nut ၊ ဒုတိယခေါင်တွဲဆိုင်းအဖြစ် ထွန်းမင်းအောင် နှင့် Kitti sak ၊ တတိယခေါင်တွဲဆိုင်းအဖြစ် ကျော်ဇင်လတ် (MFC) နှင့် သွေးသစ်မောင် (အဖြူရောင်သွေးသစ်) တို့ယှဉ်ပြိုင်ထိုးသ-တ်သွားကြမည်ဖြစ်ကာ အခြားတွဲဆိုင်းများလည်း ပါဝင်မည်ဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံအတွင်း ငလျင်ဘေးဒဏ် ခံစားခဲ့ရသည့် ဒေသများမှ ပြည်သူများအတွက် မြန်မာ့ရိုးရာ လက်ဝှေ့ကလပ်အနေဖြင့်လည်း ကိုယ်တိုင်ကိုယ်ကျ လှူဒါန်းကူညီမှုများ ပြုလုပ်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။