ထိုင်းနှင့် ကမ္ဘောဒီးယားနိုင်ငံတို့အကြား အပ-စ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို ဖြည်းဖြည်းချင်းအကောင်အထည်ဖော်နေကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ဇန်နဝါရီလ ၅ ရက် နေ့တွင် ပြောကြားခဲ့သည်။
ပြည့်စုံ၍ ကြာရှည်ခံသော အပ-စ်အခတ်ရပ်စဲရေးကို နှစ်နိုင်ငံစလုံးက လုပ်ဆောင်နိုင်မည်ဟု တရုတ်နိုင်ငံက မျှော်လင့်ကြောင်း ဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိသူ လင်းကျန်းက ပုံမှန်သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။
ထိုင်းနိုင်ငံသည် ကမ္ဘောဒီးယားစစ်သား ၁၈ ဦးကို ပြန်လွှဲပေးခဲ့ကြောင်းလည်း မစ္စတာလင်းက ပြောဆိုခဲ့သည်။
အရှေ့တောင်အာရှအိမ်နီးချင်းနှစ်နိုင်ငံအကြား နှစ်ပေါင်းများစွာအတွင်း အဆိုးဝါးဆုံးသောတို-က်ပွဲများကိုဖြစ်ပေါ်စေခဲ့သည့် နယ်စပ်ပဋိပက္ခများကို အဆုံးသ-တ်ရန်အတွက် ဒီဇင်ဘာလကုန်တွင် ဒုတိယအကြိမ် အပ-စ်အခတ်ရပ်စဲရေးကို ထိုင်းနှင့် ကမ္ဘောဒီးယားတို့ သဘောတူခဲ့ကြသည်။
Ref: သည်စထရိတ်တိုင်းမ်စ်
