မေလ ၁၇ ရက်နေ့က ထိုင်းတပ်မတော် ဒေသ ၂ ကွပ်ကဲရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး Boonsin Phadklang က ထိုင်းပိုင်နက် အမှတ် (၇၄၅) တွင် ကမ္ဘောဒီးယားတပ်ဖွဲ့ဝင်များ နှင့် ထိတွေ့ပစ်ခတ်မှု့နှင့်ပတ်သက်၍ အချက်အလက်များကို ဓာတ်ပုံအထောက်အထားများဖြင့် ထုတ်ပြန်ထားသည်။
Ubon Ratchathani ပြည်နယ်ရှိ အဆိုပါဖြစ်ရပ်တွင် ကမ္ဘောဒီးယားဖက်မှ ကတုတ်ကျင်းများတူးကာ အခြေစိုက်စခန်းတည်ဆောက်ရန် ပြင်ဆင်မှုများလည်း ပါဝင်ခဲ့သည်။
ထိုင်းနိုင်ငံမှ Suranaree Task Force သည် ကမ္ဘောဒီးယား တပ်မတော်ဖက်နှင့် ဆွေးနွေးခဲ့သည်။ အဆိုပါ ဆွေးနွေးပွဲအပြီးတွင် ကမ္ဘောဒီးယားဘက်မှ ကတုတ်ကျင်းတူးခြင်း လုပ်ငန်းများကို ရပ်တန့်ရန်နှင့် နယ်မြေမှ၎င်းတို့၏ တပ်ဖွဲ့များကို ရုပ်သိမ်းရန် သဘောတူညီခဲ့သည်။
အနာဂတ်တွင် နှစ်ဖက်စလုံးက လက်နက်မကိုင်ဘဲ တွေ့ဆုံရန် စီစဉ်ခဲ့ကြပြီး ပူးတွဲကင်းလှည့်ရေး အစီအစဉ်များကို ဆွေးနွေးခဲ့ကြသည်။
ချောင်အန်းမ နယ်စပ်ဈေးသည်လည်း ပုံမှန်အတိုင်း ဆက်လက်လည်ပတ်နေပြီး နယ်စပ်ဖြတ်ကျော်မှု ပိတ်ပါက နှစ်နိုင်ငံနိုင်ငံသားများကို ထိခို-က်စေနိုင်ကြောင်း ထိုင်းဒုတိယဗိုလ်ချုပ်ကြီး Boonsin မှ ပြောကြားခဲ့သည်။
ထိုင်း-ကမ္ဘောဒီးယားနယ်စပ်သည် အရှည် ၈၁၇ ကီလိုမီတာ ရှည်လျားပြီး အရှေ့မြောက်ဘက်ရှိ လာအိုနှင့်ပါထိစပ်လျှက်ရှိသည်။
ထိုင်းပိုင်နက်အတွင်း ကျန်ရှိနေခဲ့သည့်ဆူရင်ပြည်နယ်ရှိ ခမာအင်ပါယာဘုရင် သတ္တမမြောက် ဂျာဝမန် က ၁၃ ရာစုတွင် တည်ဆောက်ခဲ့သော တမူးတုံ ဘုရားကျောင်းနားတွင်လည်း မေလဆန်းက အခြေအနေတင်းမာခဲ့ကြသေးသည်။
Ref:Khaosod
Bangkokpost