ထိုင်း၊ ကမ္ဘောဒီးယားနိုင်ငံတို့နှင့် ကုန်သွယ်ရေးသဘောတူညီချက်များ ရရှိခဲ့ပြီဟု အမေရိကန်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဟောင်းဝပ်လပ်တ်နစ်က ပြောကြားလိုက်သည်။ အငြင်းပွားနယ်စပ်တလျှောက် တိုက်ပွဲများဖြစ်ခဲ့ပြီးနောက် သမ္မတဒေါ်နယ်ထရမ့်ပ်၏ တိုက်တွန်းချက်အရ အပစ်ရပ်စဲရန် သဘောတူခဲ့ကြအပြီး ရက်ပိုင်းအကြာတွင် ယခုကဲ့သို့ သဘောတူညီချက်ရခဲ့ခြင်းလည်းဖြစ်သည်။
ဗုဒ္ဓဟူးနေ့ညပိုင်းက Fox News တွင် Sean Hannity နှင့် အင်တာဗျူးတွင် လပ်တ်နစ်က “ဒီနေ့ ငါတို့ ဘာလုပ်ခဲ့လဲ မင်းသိလား။ ကမ္ဘောဒီးယား၊ ထိုင်းနိုင်ငံတို့နဲ့ ကုန်သွယ်ရေးသဘောတူညီချက်တွေ လုပ်ခဲ့တယ်ကွ” ဟု ပြောကြားခဲ့ပြီး အသေးစိတ်ကိုမူ ပြောဆိုခဲ့ခြင်းမရှိပေ။
သဘောတူညီချက်ဆိုင်ရာ အသေးစိတ်အချက်များနှင့်ပတ်သက်၍ မေးမြန်းခဲ့မှုကို အိမ်ဖြူတော်နှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက လတ်တလောတွင် တုန့်ပြန်ဖြေကြားခြင်းမရှိခဲ့ပေ။
နှစ်နိုင်ငံကို စေ့စပ်ညှိနှိုင်းရေးစားပွဲဝိုင်းသို့ ခေါ်ဆောင်ရန်အတွက် ထရမ့်ပ်သည်ကုန်သွယ်ရေးဆွေးနွေးမှုများအပေါ် တင်းမာသည့်ရပ်တည်ချက်ကို အသုံးချခဲ့ပြီး တိုက်ပွဲများ မရပ်မချင်း ဝါရှင်တန်နှင့် ကုန်သွယ်ရေးသဘောတူညီချက်ရရှိမည်မဟုတ်ဟု ခြိမ်းခြောက်ခဲ့သည်။
အပစ်အခတ်ရပ်စဲရေးကို အတည်ပြုနိုင်ခဲ့ပြီးနောက် ထရမ့်ပ်သည် နှစ်နိုင်ငံလုံး၏ ခေါင်းဆောင်များကို ဖုန်းခေါ်ဆိုကာ နှစ်နိုင်ငံစလုံးနှင့် ဆွေးနွေးမှုများကိုပြန်လည်စတင်ရန် ၎င်း၏ ကုန်သွယ်ရေးအဖွဲ့ကို ညွန်ကြားခဲ့သည်။
Ref: ဘန်ကောက်ပို့စ်
