Sunday, December 14, 2025

နှစ်ပေါင်း(၁၅၂)နှစ်သက်တမ်းရှိ ဘုန်းတော်ကြီးကျောင်းဆောင်မီးလောင်မှုတွင် ခေါင်းဆေးကျွန်းဆရာ တော်ကြီး၏ရုပ်ထုတော်ပျက်စီးခြင်းမရှိခဲ့

မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ်၊ ခေါင်းဆေးကျွန်းမှ နှစ်ပေါင်း(၁၅၂)နှစ်သက်တမ်းရှိ ရှေးဟောင်းဘုန်းတော်ကြီးကျောင်းဆောင်သည် ပြီးခဲ့သည့် ဒီဇင်ဘာ ၁၀ ရက်နံ နက် ၈ နာ ရီခန့်က...

တက်ဂ်ဘော၊ ဂျူဒို၊ တိုက်ကွမ်ဒို၊ ဘိလိယက်၊...

(၃၃) ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲကို ထိုင်းနိုင်ငံ ဘန်ကောက်နှင့် ချွန်ဘူရီမြို့များတွင် ကျင်းပပြုလုပ်လျက်ရှိရာ မြန်မာအသင်းအနေဖြင့် တက်ဂ်ဘော၊ ဂျူဒို၊ တိုက်ကွမ်ဒို၊ ဘိလိယက်၊ စနူကာ၊...

ထရမ့်၏မူဝါဒများကို ဆန္ဒပြရန် လူရာနှင့်ချီ အိမ်ဖြူတော်‌ရှေ့...

အမေရိကန်သမ္မတ ဒေါ်နယ်လ် ထရမ့် အစိုးရအဖွဲ့၏ မူဝါဒအပေါ် မကျေနပ်ချက်ကို ဖော်ပြရန်အတွက် လူရာနှင့်ချီသော ဆန္ဒပြသူများသည် အိမ်ဖြူတော်ရှေ့သို့ စုဝေးရောက်ရှိလာကြသည်။ ဆန္ဒပြသူ အများအပြားက "ထရမ့်ချက်ချင်းထွက်သွားပါ၊"...

အိန္ဒိယက တရုတ်ကျွမ်းကျင်ပညာရှင်များအတွက် ဗီဇာကို ဖြေလျှော့ပေး

         အိန္ဒိယသည် တရုတ်ကျွမ်းကျင်ပညာရှင်များအတွက် စီးပွားရေးလုပ်ငန်းဗီဇာကိုမြန်ဆန် စွာရရှိစေရန် ကြိုးနီစနစ်များကို ဖြေလျှော့ပေးခဲ့ကြောင်း အရာရှိနှစ်ဦးက ပြောကြားခဲ့ပြီး အဆိုပါ ဆောင်ရွက်ချက်သည် အာရှအင်အားကြီးနှစ်နိုင်ငံအကြား ဆက်ဆံရေးကို မြှင့်တင်ရန်နှင့်...
HomeInternationalထိုင်းအစိုးရအဖွဲ့သစ်ကို ထိုင်းဘုရင် အတည်ပြု

ထိုင်းအစိုးရအဖွဲ့သစ်ကို ထိုင်းဘုရင် အတည်ပြု

ထိုင်းဘုရင်မင်းမြတ်သည် ဝန်ကြီးချုပ် အနူတင် ချန်ဗီရာကူလ်၏ ဝန်ကြီးအဖွဲ့သစ်ကို ထောက်ခံအတည်ပြုပေးလိုက်ကြောင်း သောကြာနေ့က ထုတ်ပြန်သည့် တော်ဝင်ပြန်တမ်းတွင် အသိပေးထုတ်ပြန်ခဲ့သည်။

အဆိုပါ ထောက်ခံချက်အရ ဝန်ကြီးအဖွဲ့ဝင်ဝန်ကြီးများသည် ၎င်းတို့၏ တာဝန်များကို မထမ်းဆောင်မီ နောက်ဆုံးအဆင့်ဖြစ်သော ပါလီမန်သို့ မူဝါဒရေးရာတင်ပြခြင်းမပြုမီတွင် ဘုရင်မင်းမြတ်၏ရှေ့မှောက်၌ကျမ်းသစ္စာကျိန်ဆိုနိုင်ကြပြီဖြစ်သည်။

ဝန်ကြီး ၃၆ ဦးပါဝင်သော ဝန်ကြီးအဖွဲ့တွင် မစ္စတာ အနူတင်က ပြည်ထဲရေးဝန်ကြီးတာဝန်ကိုလည်းယူထားသည်။

 အခြား အဓိကရာထူးများအတွက် ဘဏ္ဍာရေးဝန်ကြီးအဖြစ် အက်နီတီ နီထီထန်ပရာပတ်စ်၊ ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဆူဖာဂျီး ဆူထမ်ပွန်၊ နိုင်ငံခြားရေးဝန်ကြီး ဆီရာဆက် ဖူအန်ကက်ကော၊ စွမ်းအင်ဝန်ကြီး အွတ်တာပူလ် ရာကပီဘွန်းနှင့် သယ်ယူပို့ဆောင်ရေးဝန်ကြီး ပီပတ် ရတ်ချာကစ်ပရာကန်တို့ ပါဝင်သည်။

အသက် ၅၉ နှစ်အရွယ် မစ္စတာ အနူတင်သည် နိုင်ငံ၏ ပို့ကုန်နှင့် ခရီးသွားကဏ္ဍကို ခြိမ်းခြောက်နေသော ငွေကြေးမတည်ငြိမ်မှုကိုဖြေရှင်းရန် အစီအမံများအပြင် လူနေမှုစရိတ်ကြီးမြင့်မှုနှင့် အိမ်ထောင်စုကြွေးမြီအဆင့်များကို ကိုင်တွယ်ဖြေရှင်းရန် အာရုံစိုက်သွားမည်ဟု ကတိပြုထားသည်။

ပြီးခဲ့သည့်လတွင် ဝန်ကြီးချုပ်ဟောင်း ပေတုံတန် ရှင်နာဝပ်ထရာကို ကျင့်ဝတ်ဖောက်ဖျက်မှုဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးက ရာထူးမှထုတ်ပယ်ရန် စီရင်ချက်ချပြီးနောက်တွင် Bhumjaithai ပါတီခေါင်းဆောင် အနူတင်ကို ထိုင်းနိုင်ငံ၏ ၃၂ ယောက်မြောက် ဝန်ကြီးချုပ်အဖြစ် စက်တင်ဘာလ ၅ ရက်‌နေ့တွင် ရွေးချယ်တင်မြှောက်ခဲ့သည်။

တင်းကျပ်သောသတ်မှတ်ချက်များနှင့် ကိုက်ညီပါက ပါလီမန်တွင် အမတ်နေရာ ၁၄၃ နေရာရရှိထားသည့် အင်အားအကြီးဆုံးအစုအဖွဲ့ဖြစ်သော အတို-က်အခံ ပြည်သူ့ပါတီက လူနည်းစု Bhumjaithai အစိုးရကို ထောက်ခံရန် သဘောတူထားသည်။ အဓိက သတ်မှတ်ချက်မှာ အစိုးရ၏ မူဝါဒအစီအမံများကို တင်ပြပြီး လေးလအတွင်း အောက်လွှတ်တော်ကို ဖျ-က်သိ-မ်းရမည်ဖြစ်ကာ ရွေးကောက်ပွဲသစ်ကို ဖေဖော်ဝါရီ သို့မဟုတ် မတ်လတွင် ကျင်းပရန် လမ်းခင်းပေးရမည်ဖြစ်သည်။

Ref: ဘန်ကောက်ပို့စ်

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

နှစ်ပေါင်း(၁၅၂)နှစ်သက်တမ်းရှိ ဘုန်းတော်ကြီးကျောင်းဆောင်မီးလောင်မှုတွင် ခေါင်းဆေးကျွန်းဆရာ တော်ကြီး၏ရုပ်ထုတော်ပျက်စီးခြင်းမရှိခဲ့

မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ်၊ ခေါင်းဆေးကျွန်းမှ နှစ်ပေါင်း(၁၅၂)နှစ်သက်တမ်းရှိ ရှေးဟောင်းဘုန်းတော်ကြီးကျောင်းဆောင်သည် ပြီးခဲ့သည့် ဒီဇင်ဘာ ၁၀ ရက်နံ နက် ၈ နာ ရီခန့်က မီးလောင်မှုဖြစ်ပွားခဲ့သော်လည်း ခေါင်းဆေးကျွန်းဆရာတော်ကြီး၏ ရုပ်ထုတော်မှာပျက်စီးမှုမရှိခဲ့ကြောင်း သိရသည်။ မီးလောင်မှုအား မီးသတ်တပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းဝင်များက ပူးပေါင်းငြှိမ်းသတ်ခဲ့ကြ၍ နံ နက် ၈ နာရီခွဲတွင် မီးငြိမ်းသွားခဲ့သော်လည်း ကျောင်း ဆောင်ကြီးမှာမူ ပျက်စီးဆုံးရှုံးခဲ့သဖြင့် လူမှုကူညီရေးအသင်းဝင်များက ပျက်စီးမှုများအားရှင်းလင်းဖယ်ရှားပေးခဲ့ကြကြောင်း သိရသည်။ ထို့ပြင် ဒီဇင်ဘာ ၁၁ ရက်တွင်လည်း မွန်ပြည်နယ်ဝန် ကြီးချုပ်နှင့်တာဝန်ရှိသူများမှ မီးလောင်ပျက်စီးသွားသည့် ကျောင်းဆောင်တော်ကြီးအား ကြည့်ရှုစစ်ဆေး၍...

တက်ဂ်ဘော၊ ဂျူဒို၊ တိုက်ကွမ်ဒို၊ ဘိလိယက်၊ စနူကာ၊ ကရာတေးနှင့် အလေးမအားကစားနည်းများမှ ငွေ၊ ကြေး စုစုပေါင်း ဆုတံဆိပ် ၁၂ ခု ထပ်မံဆွတ်ခူးရရှိ

(၃၃) ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲကို ထိုင်းနိုင်ငံ ဘန်ကောက်နှင့် ချွန်ဘူရီမြို့များတွင် ကျင်းပပြုလုပ်လျက်ရှိရာ မြန်မာအသင်းအနေဖြင့် တက်ဂ်ဘော၊ ဂျူဒို၊ တိုက်ကွမ်ဒို၊ ဘိလိယက်၊ စနူကာ၊ ကရာတေးနှင့် အလေးမအားကစားနည်းများမှ ငွေ၊ ကြေး စုစုပေါင်း ဆုတံဆိပ် ၁၂ ခု ထပ်မံဆွတ်ခူးရရှိခဲ့ကြောင်း သိရသည်။ မြန်မာအသင်းအနေဖြင့် ရေကူး၊ ကရာတေး၊ သေနတ်ပစ်၊ စားပွဲတင်တင်းနစ်၊ တိုက်ကွမ်ဒို၊ ပန်ကြပ်ဆီလပ်၊ ဝူရှူး၊ ဘိလိယက်နှင့် စနူကာ၊ ဘော်လီဘော၊ ကဘာဒီ၊ ဂျူဒို၊ ဖူဆယ်၊ ဘတ်စကက်ဘော၊ မွေ၊ လက်ဝှေ့၊...

ထရမ့်၏မူဝါဒများကို ဆန္ဒပြရန် လူရာနှင့်ချီ အိမ်ဖြူတော်‌ရှေ့ စုဝေးရောက်ရှိ

အမေရိကန်သမ္မတ ဒေါ်နယ်လ် ထရမ့် အစိုးရအဖွဲ့၏ မူဝါဒအပေါ် မကျေနပ်ချက်ကို ဖော်ပြရန်အတွက် လူရာနှင့်ချီသော ဆန္ဒပြသူများသည် အိမ်ဖြူတော်ရှေ့သို့ စုဝေးရောက်ရှိလာကြသည်။ ဆန္ဒပြသူ အများအပြားက "ထရမ့်ချက်ချင်းထွက်သွားပါ၊" "ထရမ့်ကို စွပ်စွဲပြစ်တင်ပါ၊" "ထရမ့်ကို ရပ်တန့်ပါ" စသည့် ဆိုင်းဘုတ်များကို ကိုင်ဆောင်လာကြသည်။ မိန့်ခွန်းပြောကြားသူများက တရားမဝင် ရွှေ့ပြောင်းနေထိုင်သူများကို နှင်ထုတ်ခြင်းကို ဝေဖန်ခဲ့ကြသည်။ ဆန္ဒပြသူများသည် လက်ရှိ ဝါရှင်တန်အစိုးရအား "ဖက်ဆစ်" ဟု ခေါ်ဝေါ်ကာ "ထရမ့် ထွက်သွားရမည်" ဟူ၍ ကြွေးကြော်ခဲ့ကြသည်။ အဆိုပါ ဆန္ဒပြပွဲကို စစ်ဆန့်ကျင်ရေး၊ လက်ဝဲယိမ်းနှင့် ရွှေ့ပြောင်းနေထိုင်သူများကို...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071