ဒီနေ့ သောကြာနေ့မွန်းလွဲပိုင်းက ထိုင်းဝန်ကြီးချုပ်အသစ်ကို မဲပေးရွေးချယ်ပြီးတဲ့နောက် ဝန်ကြီးချုပ်ဟောင်း သက်ဆင် ရှင်နာဝါထရာဟာ ဒူဘိုင်းကနေ သူ့ရဲ့ ဖျူထိုင်းပါတီခေါင်းဆောင်ပိုင်းကို ဖုန်းခေါ်ဆိုခဲ့ပြီး သူတို့ရဲ့ကိုယ်စားလှယ်လောင်း ချိုက်ကာဆမ် နီတီဆီရီကို ထောက်ခံပေးခဲ့ကြတဲ့ ပါတီဝင်တွေနဲ့ မဟာမိတ်ဟောင်းတွေကို ကျေးဇူးတင်စကားပြောကြားခဲ့ပါတယ်။
သူဟာ တနင်္လာနေ့မှာ ထိုင်းနိုင်ငံကို ပြန်လာမယ်လို့ လဲ အာမခံခဲ့ပါတယ်။
ဘွန်ဂျေထိုင်းပါတီခေါင်းဆောင် မစ္စတာ အနုတင် ချန်ဗီရာကူလ်(Anutin Charnvirakul) ဟာ ထိုင်းနိုင်ငံရဲ့ ၃၂ ဦးမြောက် ဝန်ကြီးချုပ်အဖြစ် ဒီနေ့မှာ ရွေးကောက်တင်မြှောက်ခြင်းခံခဲ့ရပါတယ်။
