ထိုင်းရွေးကောက်ပွဲရက် ယမန်နေ့တနင်္ဂနွေနေ့ညက မဲ ၆၀% ကိုရေတွက်ပြီးသည့်နောက် အတိုက်အခံနိုင်ငံရေးပါတီနှစ်ခုဖြစ်သည့် Pheu Thai Party နှင့် Move Forward Party တို့က ပြတ်ပြတ်သားသား ဦးဆောင်နေခဲ့သည့်ရလဒ်များထွက်ပေါ်နေပြီဖြစ်သည်။
ဖြူထိုင်းပါတီ၏ ဝန်ကြီးချုပ်လောင်းများဖြစ်သည့် Paethongtarn Shinawatra နှင့် Settha Thavisin တို့က ဖြူထိုင်း ပါတီ နှင့် ရှေ့သို့ ပါတီ တို့၏ တရားဝင် ရလဒ်ကို စောင့်ပေးကြရန် မဲဆန္ဒရှင်များကိုမေတ္တာရပ်ခံထားသည်။
ရှေ့သို့ ပါတီ အကြီးအကဲ မစ္စတာ Pita Limjaroenrat က လူထုကို ကျေးဇူးတင်သည့်အကြောင်းသတင်းစာရှင်းလင်းပွဲလုပ်ရာတွင်သူ့ပါတီက အမတ်နေရာ ၁၆၀ ခန့် ရနိုင်ကြောင်းပြောကြားခဲ့သည်။
MFP နှင့် Pheu Thai ပါတီတို့သည် အစိုးရဖွဲ့နိုင်ဖို့ပါတီငယ်များ၏ ထောက်ခံမှု လိုအပ်မည်ဖြစ်သည်။
ညွန့်ပေါင်းဖွဲ့သည့်ကိစ္စနှင့် ပတ်သက်၍မရေရာမှုများ ရှိနေနိုင်သည်။
ဝန်ကြီးချုပ်ကိုရွေးချယ်မှုတွင် တပ်က ခန့်အပ်ထားသော အထက်လွှတ်တော်အမတ် ၂၅၀ ၏ ကျောထောက်နောက်ခံလည်း လိုအပ်သည်။
ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး ပရာယွတ်ချန်အိုချာနှင့် ဒုတိယဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး ပရာဝစ် ဝေါင်ဆူဝမ်တို့ နှစ်ဦးစလုံးက ပြည်သူများ၏ အသံကို ကျေးဇူးတင်ကြောင်း ထုတ်ဖော်ခဲ့ကြသည်။
Ref: Alzazeera
Khaosod





