ထိုင်းနိုင်ငံအတွင်း မြန်မာရွှေ့ပြောင်းအလုပ်သမားများအတွ က် မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ် (Cer tificate of Identity – CI)ကို စခန်း (၄) ခု ဖွင့်လှစ်ဆောင် ရွ က်ပေးသွားမည်ဖြစ်ကြောင်း ဘန်ကောက်မြို့ရှိ အလုပ်သ မားသံအရာရှိရုံးမှ အသိပေးကြေညာထားသည်။
မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံတို့၏ အလုပ်သမားဝန်ကြီးဌာနနှစ်ခု ပူးပေါင်းဆောင်ရွက်မှုဖြင့်မြန်မာရွှေ့ပြောင်းအလုပ်သမားများကို စမုစခွန်စခန်း၊ စမုပရာကန်စခန်း၊ ဆူရတ်ဌာနီစခန်းနှင့် ချင်းမိုင်စခန်းတို့တွင် ဩဂုတ် (၆) ရက်မှစပြီး ဆောင်ရွ က်ပေးသွားမည်ဖြစ်သည်။
အဆိုပါ မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ် (Certificate of Identity-CI) သက်တမ်းကုန်ဆုံးရန် (၆) လ အောက်ကျန်နေသူများ၊ သက်တမ်းကုန်ဆုံးနေသူများအား အသစ်လဲလှယ်ပေးခြင်း၊ ထိုင်းနိုင်ငံ၏ ဘတ်ကတ် (TR-38) လုပ်ငန်းစဉ်နှင့်အတူ CI စာအုပ်အသစ်များထုတ်ပေးသွားမည်ဖြစ်ကြောင်းသိရသည်။
ထို့ပြင် နိုင်ငံသားစိစစ်ရေးကဒ်မူရင်း၊ အိမ်ထောင်စုစာရင်းနှင့် CI စာအုပ်ရှိသူများကို အထောက်အထားစိစစ်ပြီးနောက်နိုင်ငံကူးလက်မှတ် (Passport for Thailand Only) ထုတ်ပေးသွားမည်ဖြစ်သလို Overseas Worker Identification Card – OWIC ကတ်ပြားထုတ်ပေးသွားမည်ဖြစ်ကြောင်းလည်း သိရသည်။
CI စာအုပ်အသစ် လဲလှယ်ထုတ်ဝေပေးခြင်းအတွက် ဝန်ဆောင်ခအဖြစ် (၂၆၇၀) ဘတ် သတ်မှတ်ထားပြီး 7/11 ဆိုင်တွေထံတိုက်ရိုက်ငွေပေးသွင်းရမည်ဖြစ်ကာ ပေးသွင်းပြေစာပြသပြီး စာအုပ်များ ပြုလုပ်ရမည်ဖြစ်သည်။
ထို့ပြင် စခန်းများ၌ ဆောင်ရွက်ရာတွင်လည်း တနင်္လာနေ့တိုင်း နှင့် မြန်မာသံရုံးမှ သတ်မှတ်ထားသော ရုံးပိတ်ရက်များကို အလုပ်နားရက် သတ်မှတ်သွားမည်ဖြစ်ကြောင်း အသိပေးကြေညာထားသည်။
