ထိုင်းနိုင်ငံတစ်ဝန်းတွင် ဇွန်လ ၇ ရက်နေ့မှ ၁၂ ရက်နေ့အထိ မိုးပိုမိုရွာသွန်းနိုင်ပြီး အထူးအားဖြင့် အရှေ့ပိုင်းနှင့် ကပ္ပလီကမ်းရိုးတန်းတလျှောက်တွင် မိုးကြီးနိုင်သည်ဟု ထိုင်းမိုးလေဝသဌာနက စနေနေ့တွင် သတင်းထုတ်ပြန်ခဲ့သည်။
မြောက်ပိုင်း၊ အရှေ့မြောက်ပိုင်းဒေသ အထက်ပိုင်းနှင့် မြို့တော်ဘန်ကောက်တို့တွင် မိုးပိုနိုင်ပြီး တောင်ပိုင်းဒေသများသည်မှု ယာယီအားဖြင့် မိုးလျော့နည်းသွားနိုင်သည်ဟု ဆိုသည်။
ကာလလတ်မိုးလေဝသခန့်မှန်းချက် ဥရောပစင်တာ(ECMWF) ၏ ထုတ်ပြန်ချက်အရ မုတ်သုံလေအားကောင်းလာကာ ထိုင်းနိုင်ငံအထက်ပိုင်းကိုဖြတ်၍ ကမ်းရိုးတန်းတလျှောက်နှင့် အရှေ့ဘက်ကမ်းရိုးတန်း ပြည်နယ်များတွင် မုတ်သုံမိုး အကြီးအကျယ်ရွာသွန်းမှုများဖြစ်ပေါ်မည်ဟု ဆိုထားသည်။
ဒေသခံများအနေဖြင့် ရုတ်တရက်ရေကြီးခြင်း၊ ရေစီးကြောင်းများနှင့် မိုးရွာသွန်းမှုများအတွက် သတိထားနေထိုင်ကြရန် အကြံပြုထားသည်။
ကပ္ပလီပင်လယ်ပြင်တွင် လေပြင်းတို-က်ခ-တ်ခြင်းနှင့် လှိုင်းကြီးနေမှုတို့ကြောင့် ပင်လယ်ပြင်အခြေအနေသည် ပိုမိုဆိုးရွားလာနိုင်သည်ဟု ခန့်မှန်းထားသည်။ ကပ္ပလီပင်လယ်အထက်ပိုင်းရှိ ရေယာဉ်ငယ်များအနေဖြင့် ဆက်လက်ကမ်းကပ်ထားသင့်ပြီး တံငါသည်များနှင့် ကမ်းရိုးတန်းနေပြည်သူများအနေဖြင့် သတိရှိရှိနေထိုင်ကြရန် တို-က်တွန်းထားသည်။
Ref: ဘန်ကောက်ပို့စ်