Tuesday, June 3, 2025

မြစ်ကြီးနားမြို့၌ ရေဘေးကယ်ဆယ်ရေးစခန်း (၁၀)ခုဖွင့်လှစ်ထားရ

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့တွင် ဇွန် ၁ ရက်နံ နက်ပိုင်းမှစတင်ကာ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ဧရာဝတီမြစ်ရေမြင့်တက်ကာ အနိမ့်ပိုင်းရပ်ကွက်များနှင့် အမြင့်ပိုင်းရပ်ကွက်များရှိ အချို့နေအိမ်များအတွင်းသို့ ရေဝင်ရောက်မှုများဖြစ်ပွားခဲ့ကြောင်း ကချင်ပြည်နယ်အစိုးရအဖွဲ့ထံမှ...

ရွှေတံဆိပ်ဆုဆွတ်ခူးခဲ့သည့် မြန်မာ့လက်ရွေးစင်ပိုက်ကျော်ခြင်းအသင်း

တရုတ်နိုင်ငံမှ အိမ်ရှင်အဖြစ်လက်ခံကျင်းပလျက်ရှိသော တရုတ်-အာဆီယံ ပိုက်ကျော်ခြင်းပြိုင်ပွဲ၌ မြန်မာ့လက်ရွေးစင်ပိုက်ကျော်ခြင်းအသင်းသည် ရွှေတံဆိပ်တစ်ခုဆွတ်ခူးထားကြောင်း သိရသည်။ မြန်မာ့လက်ရွေးစင်အမျိုးသားပိုက်ကျော်ခြင်းအသင်းသည် (၃)ယောက်တွဲ Men Regu event ၏ ဗိုလ်လုပွဲ၌...

အထူးဒေသ(၄)မိုင်းလားမြို့ အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ်

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ အထူးဒေသ (၄) မိုင်းလားမြို့၌ ယနေ့ ဇွန်(၂)ရက်တွင် အခြေခံပညာကျောင်းများအားလုံးစတင်ဖွင့်လှစ်ပြီဖြစ်ကြောင်း သိရသည်။ နိုင်ငံတော်က ချမှတ်ထားသည့် ပညာရေးမူဝါဒအတိုင်းဆောင်ရွက်နေခြင်းဖြစ်ကာ မေလ (၂၃)ရက်မှ မေ(၃၁)...

ကော့သောင်းမြို့၌ နယ်စပ်ကုန်သွယ်ရေးအတွက်အရေးပါသည့် နယ်စပ်ဝင်/ထွက်ဂိတ်အဆောက်အဦးအသစ်ဖွင့်လှစ်

တနင်္သာရီတိုင်း၊ ကော့သောင်းမြို့၊ အဏ္ဏဝါရပ်ကွက်၊ ကမ်းနားလမ်း၌ နယ်စပ်ကုန်သွယ်ရေးအတွက်အရေးပါသည့် အပြည်ပြည်ဆိုင်ရာနယ်စပ်ဝင်/ထွက်ပေါက်ဂိတ်အဆောက်အဦးသစ်အား ယနေ့ ဇွန် ၂ ရက်နံနက်ပိုင်းက တိုင်းဝန်ကြီးချုပ်ဦးမြတ်ကိုတက်ရောက်ဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။ အခမ်းအနားတွင် တိုင်းဝန်ကြီးချုပ်ဦးမြတ်ကိုမှ...
HomeInternationalထိုင်းမှာ တုပ်ကွေးဖြစ်ပွားမှု များနေလို့...

ထိုင်းမှာ တုပ်ကွေးဖြစ်ပွားမှု များနေလို့ သတိပေးချက်ထုတ်

ထိုင်းနိုင်ငံတွင် လွန်ခဲ့သည့်နှစ်လအတွင်းတုပ်ကွေးဖြစ်ပွားသည့် လူနာ ၁၃၀,၀၀၀ ကျော် ရှိခဲ့မှုကြောင့် တုပ်ကွေးရောဂါဖြစ်ပွားမှု မြင့်တက်နေကြောင်း ရောဂါထိန်းချုပ်ရေးဌာန(DOC) က အများပြည်သူကို သတိပေးချက် ထုတ်ပြန်လိုက်သည်။

ဇန်နဝါရီ ၁ ရက်မှ ဖေဖော်ဝါရီ ၂၄ ရက်အထိ တုပ်ကွေးလူနာ ၁၃၁,၈၂၆ ဦးရှိခဲ့ပြီး ‌ေ-သဆုံးသူ တစ်ဒါဇင်ရှိခဲ့သည်ဟု DOC ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ Panumas Yanwetsakul က ပြောကြားခဲ့သည်။

တုပ်ကွေးလူနာအများစုသည် အသက် ၅ နှစ်မှ ၉ နှစ်အကြား ကလေ-းများဖြစ်ပြီး ၄ နှစ်အောက်က-လေးများနှင့် အသက် ၁၀ နှစ်မှ ၁၄ နှစ်အကြား ကလေ-းများသည်လည်း ဒုတိယအဖြစ်အများဆုံးဟု ဆိုသည်။

ရောဂါကူးစက်နိုင်‌ခြေသည် ယမန်နှစ် အလားတူကာလကထက် အနည်းဆုံး ၁ ဒဿမ ၆ ဆ မြင့်မားဖွယ်ရှိပြီး လွန်ခဲ့သည့် ၅ နှစ်အတွင်း ပျှမ်းမျှရောဂါဖြစ်ပွားမှုနှုန်းထက် ပိုမိုမြင့်မားမည်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

ထိုင်းနိုင်ငံတွင် ၂၀၂၄ ခုနှစ်အတွင်း တုပ်ကွေးရောဂါဖြစ်ပွားသူ ၆၆၈,၀၂၇ ဦးနှင့် ‌ေ-သဆုံးသူ ၅၁ ဦးရှိခဲ့ပြီး ရောဂါဖြစ်ပွားမှု အများစုသည် AH1N1 မျိုးကွဲဗိုင်းရပ်စ်ဖြစ်သည်ဟု ဆိုသည်။

တုပ်ကွေးရောဂါပျံ့နှံ့မှုကို လျှော့ချရာတွင် အထောက်အကူဖြစ်စေရန်အတွက် ရောဂါလက္ခဏာပြသူများအနေဖြင့် သုံးရက်မှ ခုနစ်ရက်ခန့် သို့မဟုတ် ရောဂါပျောက်ကင်းသည်အထိ နေအိမ်တွင်သာ နေသင့်ကြောင်းနှင့် ရောဂါလက္ခဏာပြင်းထန်ပါက ဆရာဝန်နှင့် ချက်ချင်းပြသသင့်ကြောင်း ၎င်းက ပြောသည်။

လက်များကို ပုံမှန်ဆေးကြောရန်နှင့် လူစုလူဝေးနေရာများသို့ သွားသည့်အခါ နှာခေါင်းစည်းတပ်ကြရန် အများပြည်သူကို အကြံပြုထားကြောင်း သိရသည်။

Ref: ဘန်ကောက်ပို့စ်

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

မြစ်ကြီးနားမြို့၌ ရေဘေးကယ်ဆယ်ရေးစခန်း (၁၀)ခုဖွင့်လှစ်ထားရ

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့တွင် ဇွန် ၁ ရက်နံ နက်ပိုင်းမှစတင်ကာ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ဧရာဝတီမြစ်ရေမြင့်တက်ကာ အနိမ့်ပိုင်းရပ်ကွက်များနှင့် အမြင့်ပိုင်းရပ်ကွက်များရှိ အချို့နေအိမ်များအတွင်းသို့ ရေဝင်ရောက်မှုများဖြစ်ပွားခဲ့ကြောင်း ကချင်ပြည်နယ်အစိုးရအဖွဲ့ထံမှ သိရသည်။ ထို့ကြောင့် လုံခြုံရေးအဖွဲ့ဝင်များ၊ တာဝန်ရှိသူများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်း ဝင်များက ရေဝင်ရောက်လျက်ရှိသည့် နေအိမ်များ ၌နေထိုင်သူများအား ယာယီရေဘေးကယ်ဆယ်ရေးစခန်းများသို့ ရွှေ့ပြောင်းပေးခဲ့ကြကြောင်း သိရသည်။ ထိုသို့ ကူညီရွှေ့ပြောင်းပေးရာ၌ သီတာတံတား၊ ကြက်ပေါင်ခြံရပ်ကွက်၊ အောင်တံတား(လယ်ကုန်း-ကြက်ပေါင်ခြံအစပ်)၊ အောင်ဇေရန်အောင်ဘုန်းတော်ကြီးကျောင်းအနီး၊ မနောဥပိန် တံတား(အ နောက်လယ်ကုန်း-ကြက်ပေါင်ခြံအစပ်)နှင့် ကျွန်း ပင်သာစက်လှေဆိပ်တို့တွင် ရေဘေးရှာဖွေကယ် ဆယ်ရေးစုရပ်အဖြစ်ထားကာ...

ရွှေတံဆိပ်ဆုဆွတ်ခူးခဲ့သည့် မြန်မာ့လက်ရွေးစင်ပိုက်ကျော်ခြင်းအသင်း

တရုတ်နိုင်ငံမှ အိမ်ရှင်အဖြစ်လက်ခံကျင်းပလျက်ရှိသော တရုတ်-အာဆီယံ ပိုက်ကျော်ခြင်းပြိုင်ပွဲ၌ မြန်မာ့လက်ရွေးစင်ပိုက်ကျော်ခြင်းအသင်းသည် ရွှေတံဆိပ်တစ်ခုဆွတ်ခူးထားကြောင်း သိရသည်။ မြန်မာ့လက်ရွေးစင်အမျိုးသားပိုက်ကျော်ခြင်းအသင်းသည် (၃)ယောက်တွဲ Men Regu event ၏ ဗိုလ်လုပွဲ၌ မလေးရှားအသင်းကို ထိုက်တန်စွာအနိုင်ယူပြီးနောက် ရွှေတံဆိပ်ဆုဆွတ်ခူးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ အဆိုပါ (၃)ယောက်တွဲပြိုင်ပွဲ၌ မြန်မာ့လက်ရွေးစင်ပိုက်ကျော်ခြင်းအသင်းသည် အုပ်စုတွင်းပွဲစဥ်များတွင် အိမ်ရှင်တရုတ်နိုင်ငံအသင်း၊ မလေးရှားနိုင်ငံအသင်းတို့ကိုအနိုင်ရခဲ့ပြီး ဆီမီးဖိုင်နယ်ပွဲစဉ်တွင်လည်း လာအိုနိုင်ငံအသင်းကိုအနိုင်ယူခဲ့ပြီးနောက် ဗိုလ်လုပွဲစဥ်တွင် မလေးရှားနိုင်ငံအသင်းကို ထပ်မံအနိုင်ရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အထူးဒေသ(၄)မိုင်းလားမြို့ အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ်

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ အထူးဒေသ (၄) မိုင်းလားမြို့၌ ယနေ့ ဇွန်(၂)ရက်တွင် အခြေခံပညာကျောင်းများအားလုံးစတင်ဖွင့်လှစ်ပြီဖြစ်ကြောင်း သိရသည်။ နိုင်ငံတော်က ချမှတ်ထားသည့် ပညာရေးမူဝါဒအတိုင်းဆောင်ရွက်နေခြင်းဖြစ်ကာ မေလ (၂၃)ရက်မှ မေ(၃၁) ရက်အထိကျောင်းအပ်နှံရေး လုပ်ငန်းစဉ်များကို လုပ်ဆောင်ခဲ့ပြီး ယခု ၂၀၂၅ - ၂၀၂၆ ပညာသင်နှစ်အတွင်း ယခင်နှစ်ထက် သင်ကြားရေးပိုင်းများ တိုးတက်လာအောင်ပြင်ဆင်၍ ထူးချွန်သည့် လူရည်ချွန်များမွေးထုတ်ပေးသွားရန် စီစဉ်ထားရှိကြောင်း သိရသည်။ ယခုစာသင်နှစ်အတွက် မေ(၃၁)ရက်က ကျောင်းအပ်နှံရေး အခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ရာ အထူးဒေသ(၄) သက် ဆိုင် ရာဌာနများမှ ကိုယ်စားလှယ်များ၊ ဆရာဆရာမများတက်ရောက်ခဲ့ကြသည်။ မိုင်းလားမြို့ အခြေခံပညာကျောင်းများရှိ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071