ထိုင်းနိုင်ငံနှင့် နယ်စပ်အဝင်အထွက်အားလုံးကို နောက်ထပ်ကြေညာချက် တစုံတရာမထုတ်ပြန်မချင်း ဆိုင်းငံ့ထားမည်ဖြစ်ကြောင်း ကမ္ဘောဒီးယားပြည်ထဲရေးဝန်ကြီးဌာနက စနေနေ့တွင် သတင်းထုတ်ပြန်ခဲ့သည်။ အရပ်သားများ ေ-သကြေထိခိုက်ခဲ့ပြီး လူနေဧရိယာများနှင့် အခြေခံအဆောက်အဦးများကို မခွဲခြားဘဲ ထိုင်းနိုင်ငံဘက်မှတို-က်ခိုက်ကာ ကမ္ဘောဒီးယားနိုင်ငံ၏ အချုပ်အခြာအာဏာကို ကျူးကျော်ရန်စသည့် လုပ်ရပ်များကြောင့် ယခုကဲ့သို့ ဆောင်ရွက်ခြင်းဖြစ်ကြောင်း သတင်းထုတ်ပြန်ချက်တွင် ပြောကြားခဲ့သည်။ ဤကိစ္စနှင့်ပတ်သက်၍ ထိုင်းနိုင်ငံတွင် လက်ရှိနေထိုင် အလုပ်လုပ်ကိုင်နေသော ကမ္ဘောဒီးယားနိုင်ငံသားများအနေဖြင့် ပုံမှန်အတိုင်း ဆက်လက်နေထိုင်လုပ်ကိုင်ကြရန် အကြံပြုထားသည်။ အလားတူပင် ကမ္ဘောဒီးယားနိုင်ငံတွင် လက်ရှိနေထိုင် အလုပ်လုပ်ကိုင်နေသော ထိုင်းနိုင်ငံသားများအနေဖြင့်လည်း အပ-စ်အခတ်ရပ်စဲရေးရသည်အထိ ကမ္ဘောဒီးယားတွင် ပုံမှန်အတိုင်း ဆက်လက်နေထိုင်ရန် အကြံပြုထားကြောင်း ဖော်ပြခဲ့သည်။ Ref: ခမာတိုင်းမ်စ်
