Friday, May 16, 2025

ဗီယက်နမ် ရောက်နေသည့် ထိုင်းဝန်ကြီးချုပ်နှင့်အဖွဲ့

ထိုင်းဝန်ကြီးချုပ်ပေတုံတန်ရှင်နာဝပ် နှင့် ကိုယ်စားလှယ်အဖွဲ့သည် ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့သို့ ကြာသပတေးနေ့မွန်းလွဲပိုင်း တွင်ရောက်ရှိခဲ့သည်။ ဗီယက်နမ်ဝန်ကြီးချုပ် Pham Minh Chính ၏ ဖိတ်ကြားချက်အရ မေလ ၁၅...

နိုင်ငံတကာပြိုင်ပွဲများအတွက်သက်တမ်းအလိုက် လေ့ကျင့်နေသည့် အမျိုးသား/အမျိုးသမီးဘောလုံးအသင်းများကို အဖွဲ့ချုပ်ဥက္ကဋ္ဌ...

နိုင်ငံတကာပြိုင်ပွဲများအတွက်သက်တမ်းအလိုက် လေ့ကျင့်နေသည့် မြန်မာအမျိုးသား /အမျိုးသမီးဘောလုံးအသင်းများကို အဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးဇော်ဇော်က တွေ့ဆုံအားပေးကာ မူရင်းလစာအပြင်ထပ်ဆောင်းငွေများ ချီးမြှင့်ပေးအပ်ခဲ့ကြောင်း သိရသည်။ ထိုသို့ ထောက်ပံ့‌ချီးမြှင့်ရာ၌ အမျိုးသမီးနှင့် လူငယ်အသင်း...

နေပြည်တော် (၈)မြို့နယ်အတွင်းရှိ ငလျင်‌သင့်ပြည်သူများ နေထိုင်ရာ...

နေပြည်တော် (၈)မြို့နယ်အတွင်း ငလျင်‌ဘေးသင့်ပြည်သူများ နေထိုင်ရာတည်းခိုရေး စခန်းများတွင် ကျန်းမာရေးစောင့်ရှောက်မှုနှင့် အသိပညာပေးခြင်းလုပ်ငန်းများ ဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။ ထိုသို့ ဆောင်ရွက်ရာ၌ တည်းခိုရေးစခန်းများ၊ စုရပ်များ၊ ဘုန်းကြီးကျောင်းများ၊...

ကာကွယ်ရေးသဘောတူညီချက် ဂျာမနီနှင့် ဖိလစ်ပိုင် လက်မှတ်ရေးထိုး

ဂျာမနီနှင့် ဖိလစ်ပိုင်နိုင်ငံတို့သည် ကာကွယ်ရေးဆက်ဆံရေး ခိုင်မာစေရန်နှင့် ပူးတွဲလုပ်ဆောင်ချက်များကို မြှင့်တင်ရန် သဘောတူခဲ့ကြသည်ဟု သိရပြီး မနီလာသည် အနောက်ဖိလစ်ပိုင်ပင်လယ်တွင် တရုတ်နှင့် ကာလကြာရှည် အငြင်းပွားနေမှုတွင်...
HomeInternationalထိုင်းနှင့်စင်ကာပူပူးပေါင်း၍ ကမ္ဘာ့အဆင့် ဟက်ကာတစ်ဦးကို...

ထိုင်းနှင့်စင်ကာပူပူးပေါင်း၍ ကမ္ဘာ့အဆင့် ဟက်ကာတစ်ဦးကို ဖမ်းဆီးနိုင်ခဲ့

ကမ္ဘာတစ်ဝန်း hack လုပ်မှု ၇၅ ခုထက်မနည်း ပြုလုပ်ခဲ့သည်ဟု ယူဆရသော အသက် ၃၉ နှစ်အရွယ် အမျိုးသားတစ်ဦးကို ဖေဖော်ဝါရီ ၂၆ ရက်က ထိုင်းနိုင်ငံတွင် ဖမ်းဆီးရမိခဲ့သည်။

စင်ကာပူ ရဲတပ်ဖွဲ့(SPF) နှင့် ထိုင်းတော်ဝင်ရဲတပ်ဖွဲ့တို့သည် နယ်စပ်ဖြတ်ကျော် စစ်ဆင်‌ရေး တစ်ခုကိုပြုလုပ်ခဲ့ပြီးနောက် ၎င်းကို ဖမ်းဆီးနိုင်ခဲ့ခြင်းဖြစ်သည်ဟု ဖေဖော်ဝါရီ ၂၇ ရက်က ထုတ်ပြန်ချက်တွက် SPF က ပြောကြားခဲ့သည်။

စုံစမ်းစစ်ဆေးမှုများတွင် ကူညီခဲ့သည့် ဆိုက်ဘာလုံခြုံရေးကုမ္ပဏီ Group-IB က အဆိုပါအမျိုးသားသည် အာရှ-ပစိဖိတ်ဒေသတစ်ဝန်းတွင် ၆၅ ခုအပါအဝင် ကမ္ဘာတစ်ဝန်း ဒေတာပေါက်ကြားမှု ၉၀ ကျော်ကို ဖြစ်စေခဲ့သူဖြစ်ကြောင်း ပြောကြားသည်။

ထိုင်းနိုင်ငံသည် hack ခံရမှု ၂၁ မှုဖြင့် အများဆုံးဖြစ်ပြီး စင်ကာပူက ၁၄ မှု ရှိခဲ့သည်ဟု Group-IB ၏ အစီရင်ခံချက်အရ သိရသည်။ သံသယရှိသူကို ၂၀၂၁ ခုနှစ်နောက်ပိုင်းတွင် အာရှ-ပစိဖိတ်ဒေသ၌ အတက်ကြွဆုံး ဆိုက်ဘာရာဇဝတ်ကောင်တစ်ဦးအဖြစ် ဖော်ပြခဲ့သည်။

စင်ကာပူတွင် hack ခံရသူ ၁၁ ဦးက ရဲတပ်ဖွဲ့ကို တိုင်ကြားခဲ့ပြီးနောက် ဒေတာပေါက်ကြားမှုများကို စုံစမ်းစစ်ဆေးမှုများကို ၂၀၂၀ ပြည့်နှစ်တွင် စတင်ခဲ့ခြင်းဖြစ်သည်။ hack ခံရသူများသည် သူတို့၏ ဒေတာများ ခိုးယူခံရကာ ဒေတာများကို ပြန်ရွေး ရန် ငွေတောင်းခံခဲ့ရသည်။

ပြန်ရွေးငွေပေးရန် ပျက်ကွက်ပါက သူတို့ခိုးယူထားသော ဒေတာများကို အွန်လိုင်းပေါ်တွင် လူသိရှင်ကြား ထုတ်ဖော်ခြင်း သို့မဟုတ် ရောင်းစားခြင်းများ ပြုလုပ်ခံရသည်။

Ref: သည်စထရိတ်တိုင်းမ်စ်

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ဗီယက်နမ် ရောက်နေသည့် ထိုင်းဝန်ကြီးချုပ်နှင့်အဖွဲ့

ထိုင်းဝန်ကြီးချုပ်ပေတုံတန်ရှင်နာဝပ် နှင့် ကိုယ်စားလှယ်အဖွဲ့သည် ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့သို့ ကြာသပတေးနေ့မွန်းလွဲပိုင်း တွင်ရောက်ရှိခဲ့သည်။ ဗီယက်နမ်ဝန်ကြီးချုပ် Pham Minh Chính ၏ ဖိတ်ကြားချက်အရ မေလ ၁၅ ရက်မှ ၁၆ ရက်အထိ ဗီယက်နမ်နိုင်ငံသို့ တရားဝင်သွားရောက်ခြင်းဖြစ်သည်။ ယခုခရီးစဉ်အတွင်း ထိုင်းဝန်ကြီးချုပ်နှင့် သက်ဆိုင်ရာဝန်ကြီးများသည် ထိုင်းနှင့်ဗီယက်နမ်နိုင်ငံတို့၏ ၄ ကြိမ်မြောက် ပူးတွဲအစည်းအဝေးသို့ တက်ရောက်မည်ဖြစ်ပြီး ဗီယက်နမ်ရှိ ထိုင်းကုန်သည်ကြီးများအသင်းနှင့် ဗီယက်နမ်၏ပုဂ္ဂလိကကဏ္ဍတို့လည်း ဆွေးနွေးသွားရန် စီစဉ်ထားသည်။ ထိုင်း-ဗီယက်နမ် စီးပွားရေးဖိုရမ်ကိုလည်း ပူးတွဲဖွင့်လှစ်မည်ဖြစ်သည်။ ထိုင်းဝန်ကြီးချုပ်သည် မေလ ၁၅ ရက်က ဗီယက်နမ်နိုင်ငံ ဝန်ကြီးချုပ် က တည်ခင်းဧည့်ခံသည့်...

နိုင်ငံတကာပြိုင်ပွဲများအတွက်သက်တမ်းအလိုက် လေ့ကျင့်နေသည့် အမျိုးသား/အမျိုးသမီးဘောလုံးအသင်းများကို အဖွဲ့ချုပ်ဥက္ကဋ္ဌ တွေ့ဆုံအားပေး

နိုင်ငံတကာပြိုင်ပွဲများအတွက်သက်တမ်းအလိုက် လေ့ကျင့်နေသည့် မြန်မာအမျိုးသား /အမျိုးသမီးဘောလုံးအသင်းများကို အဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးဇော်ဇော်က တွေ့ဆုံအားပေးကာ မူရင်းလစာအပြင်ထပ်ဆောင်းငွေများ ချီးမြှင့်ပေးအပ်ခဲ့ကြောင်း သိရသည်။ ထိုသို့ ထောက်ပံ့‌ချီးမြှင့်ရာ၌ အမျိုးသမီးနှင့် လူငယ်အသင်း စုစုပေါင်း (၅)သင်းမှ ကစားသမား ၊ နည်းပြ/အုပ်ချုပ်(၁၈၆) ဦးအတွက် လစာအပြင် ထပ်ဆောင်းပံ့ပိုးငွေ တစ်ဦးလျင် ကျပ် တစ်သိန်းဖြင့် စုစုပေါင်း ကျပ် (၁၈၆) သိန်းအား ချီးမြှင့်ခဲ့ခြင်းဖြစ်သည်။ MFF အနေဖြင့် ကာလတို လေ့ကျင့်သည့် အမျိုးသား လက်ရွေးစင် အသင်းကြီးမှအပ ကာလရှည် နေထိုင်လေ့ကျင့်ရသည့် အမျိုးသမီးနှင့် လူငယ်အသင်းများအား...

နေပြည်တော် (၈)မြို့နယ်အတွင်းရှိ ငလျင်‌သင့်ပြည်သူများ နေထိုင်ရာ တည်းခိုရေးစခန်းများတွင် ကျန်းမာရေးစောင့်ရှောက်မှုနှင့် အသိပညာပေးခြင်းများ ဆောင်ရွက်

နေပြည်တော် (၈)မြို့နယ်အတွင်း ငလျင်‌ဘေးသင့်ပြည်သူများ နေထိုင်ရာတည်းခိုရေး စခန်းများတွင် ကျန်းမာရေးစောင့်ရှောက်မှုနှင့် အသိပညာပေးခြင်းလုပ်ငန်းများ ဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။ ထိုသို့ ဆောင်ရွက်ရာ၌ တည်းခိုရေးစခန်းများ၊ စုရပ်များ၊ ဘုန်းကြီးကျောင်းများ၊ စာသင်ကျောင်းများရှိ ပြည်သူ (၄၆၉) ဦးအား ကျန်းမာရေးစောင့်ရှောက်မှုပေးခဲ့သည့်အပြင် ပြည်သူ(၂၇၄၀)ဦးတို့အား ကျန်းမာရေးအသိပညာပေးခြင်းများဆောင်ရွက်ခဲ့ကြောင်း သိရသည်။ ထို့ပြင် ရေသန့်ဆေးပြား(၁၂၆၀)ပြား၊ ရေတွင်ရေကန်(၂၂၅) ခုအား ကလိုရင်းဆေးခတ်ခြင်းနှင့် အိမ်ထောင်စုများအား ရေမလို လက်သန့်ဆေးရည်(၁၀၆)ဗူးတို့ကိုလည်း ပေးဝေခဲ့ကြောင်း သိရသည်။ ထို့နည်းတူ တက္ကသိုလ်ဝင်တန်း စာမေးပွဲဖြေဆိုမည့် စခန်းသွင်းကျောင်းသား၊ ကျောင်းသူများအား ဆေးစိမ်ခြင်ထောင် (၁၆၄)ခုကို ပေးဝေခဲ့ကြောင်း သိရသည်။ အဆိုပါ လုပ်ငန်းစဉ်များကို...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071