Saturday, May 17, 2025

အဆင့်မြင့်သိပ္ပံနှင့်နည်းပညာဦးစီးဌာန၏ တက္ကသိုလ်များကို ဇွန် ၂...

သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ အဆင့်မြင့်သိပ္ပံနှင့်နည်းပညာဦးစီးဌာန၏ တက္ကသိုလ်များကို လာမည့် ဇွန် ၂ ရက်မှစတင်၍ ဖွင့်လှစ်ပို့ချသွားမည်ဖြစ်ကြောင်း ဦးစီးဌာနက ထုတ်ပြန်ခဲ့သည်။ နည်းပညာတက္ကသိုလ်များ၊ ကွန်ပျူတာတက္ကသိုလ်များ၊ Polytechnic University...

ငလျင်ကြီးကြောင့် ပျ-က်စီးသွားသော ရုံးအဆောက်အအုံနှင့် ဝန်ထမ်းအိမ်ရာများ...

မန္တလေး ငလျင်ကြီးကြောင့် ပျ-က်စီးသွားသည့် နေပြည်တော်ရှိ ရုံးအဆောက်အအုံနှင့် ဝန်ထမ်းအိမ်ရာများ အသစ်တည်ဆောက်ရန် Town Plan ရေးဆွဲနိုင်ရေး စီစဉ်ဆောင်ရွက်နေကြောင်း သိရသည်။ Town Plan...

ကိုယ်ဝန်ရခဲ့သယောင် လိ-မ်လ-ည်ငွေညှစ်မှုအတွက် ဆွန်ဟောင်မင်အမှုဖွင့်

အမျိုးသမီးတစ်ဦးက သူနှင့် ကိုယ်ဝန်ရခဲ့သယောင်ဇာတ်ခင်း၍ ခြိမ်းခြောက်ခဲ့သည်ဆိုသော မီဒီယာသတင်းများထွက်လာပြီးနောက် သူ့အပေါ်ယင်းသို့ လုပ်ကြံဇာတ်ဆင်ရန် ကြိုးပမ်းခဲ့မှုအတွက် တော့တင်ဟမ်ဟော့စပါးအသင်းခေါင်းဆောင် ဆွန်ဟောင်မင်က တောင်ကိုရီးယားရဲတပ်ဖွဲ့ထံ အမှုဖွင့်တိုင်ကြားခဲ့သည်ဟု ကစားသမား၏...

ဆိုလာနှင့်ဆက်စပ်ပစ္စည်းများထုတ်လုပ်သည့် လုပ်ငန်းများအပါအဝင် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း(၉)ခုကို ခွင့်ပြုပေးခဲ့

မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်မှ ဆိုလာနှင့်ဆက်စပ်ပစ္စည်းများထုတ်လုပ်သည့်လုပ်ငန်းများအပါအဝင် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း(၉)ခုကို မေ ၁၆ ရက်နံနက်ပိုင်းကကျင်းပသည့် မြန်မာနိုင်ငံရင်းနှီး မြှုပ်နှံမှုကော်မရှင်၏ (၃/၂၀၂၅)ကြိမ်မြောက် အစည်းအဝေး၌ခွင့်ပြုပေးခဲ့ကြောင်း သိရသည်။ အစည်းအဝေးသို့ နစက အဖွဲ့ဝင်၊...
HomeInternationalထိုင်းနိုင်ငံ၌ နိုင်ငံခြားခရီးသည်ဝင်ကြေးအား ဇွန်လမှစ၍ကောက်ခံမည်ဟုဆို

ထိုင်းနိုင်ငံ၌ နိုင်ငံခြားခရီးသည်ဝင်ကြေးအား ဇွန်လမှစ၍ကောက်ခံမည်ဟုဆို

ထိုင်းနိုင်ငံအတွင်း နိုင်ငံခြားခရီးသည်ဝင်ကြေးအား လာမည့် ဇွန်လမှစတင်၍ ကောက်ခံသွားမည်ဖြစ်ကြောင်း ဗန်ကောက်ပို့စ်၏ သတင်းတစ်ရပ်တွင် ဖော်ပြထားချက်အရသိရသည်။

အဆိုပါ ကောက်ခံမှုအား ထိုင်းနိုင်ငံလွှတ်တော်က အတည်ပြုခဲ့ခြင်းဖြစ်ကာ၊ နိုင်ငံခြားခရီးသည်ဝင်ကြေးကို ဘတ် ၁၅၀ နှင့် ဘတ် ၃၀၀ အသီးသီးကောက်ခံသွားမည်ဖြစ်ပြီး၊ နေ့ချင်းပြန် ခရီးသွားများကိုမူ ဝင်ကြေးကောက်ခံမည်မဟုတ်ကြောင်းဖော်ပြထားသည်။

နိုင်ငံခြားခရီးသည် ဝင်ကြေးကောက်ခံမှုတွင် လေကြောင်းမှဝင်ရောက်သူများအား ဘတ်ငွေ ၃၀၀ ၊ ရေကြောင်းနှင့် ကုန်းကြောင်းမှဝင်ရောက်သူများကို ဘတ်ငွေ ၁၅၀ ဟူ၍အသီးသီးကောက်ယူမည်ကြောင်းသိရသည်။

ထိုင်းနိုင်ငံအစိုးရအနေဖြင့် ယခုနှစ်အတွင်း နိုင်ငံခြားခရီးသည်ဝင်ရောက်မှုမှ ဘတ် ၃ ဒသမ ၉ ဘီလီယံ ရရှိမည်ဟုမျှော်လင့်ထားပြီး ယင်းဝင်ငွေအတွင်းမှ တစ်စိတ်တစ်ပိုင်းကို ခရီးသွားများ ထိုင်းနိုင်ငံအတွင်းနေထိုင်စဉ် ကျန်းမာရေးနှင့် မတော်တဆမှုများ၏ အာမခံအတွက်အသုံးပြုသွားမည်ဖြစ်ကြောင်း ထိုင်းခရီးသွားလုပ်ငန်းနှင့်အားကစားဝန်ကြီး Phiphat Ratchakitprakarn က ပြောကြားခဲ့သည်။

Phiphat က “အခုဝင်ကြေးက ခရီးသွားတွေကို စောင့်ရှောက်ဖို့အတွက်ပဲသုံးမှာပါ။၂၀၁၇ ခုနှစ်ကနေ ၂၀၁၉ ခုနှစ်အတွင်း ပြည်သူ့ဆေးရုံတွေမှာနိုင်ငံခြားခရီးသွားတွေအတွက်ကုန်ကျစရိတ်က ဘတ်သန်း ၃၀၀ ကနေ ၄၀၀ အထိရှိတာကြောင့်အခုလို ဝင်ကြေးကောက်လိုက်တဲ့ပိုက်ဆံတွေကနေပြန်ထေမိအောင်ပါ” ဟုဆိုခဲ့သည်။

ထိုင်းအစိုးရအနေဖြင့် ယခု ၂၀၂၃ ခုနှစ်အတွင်းနိုင်ငံခြားခရီးသွားများ သန်း ၃၀ အထိလာရောက်နိုင်ဖွယ်ရှိသည်ဟု ခန့်မှန်းထားပြီး၊ ယခင်နှစ်ထက် သုံးဆပိုများလာနိုင်သည်ဟုလည်း ခန့်မှန်းထားကြောင်းသိရသည်။

ကိုဗစ်ကပ်ရောဂါမတိုင်မီ ၂၀၁၉ ခုနှစ်၌ ထိုင်းနိုင်ငံအတွင်း နိုင်ငံခြားသားခရီးသွား သန်း ၄၀ အထိ ဝင်ရောက်ခဲ့‌ကြောင်း ဗန်ကောက်ပိုစ့်သတင်း၌ဖော်ပြထားသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

အဆင့်မြင့်သိပ္ပံနှင့်နည်းပညာဦးစီးဌာန၏ တက္ကသိုလ်များကို ဇွန် ၂ ရက်မှစတင်၍ဖွင့်လှစ်သွားမည်

သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ အဆင့်မြင့်သိပ္ပံနှင့်နည်းပညာဦးစီးဌာန၏ တက္ကသိုလ်များကို လာမည့် ဇွန် ၂ ရက်မှစတင်၍ ဖွင့်လှစ်ပို့ချသွားမည်ဖြစ်ကြောင်း ဦးစီးဌာနက ထုတ်ပြန်ခဲ့သည်။ နည်းပညာတက္ကသိုလ်များ၊ ကွန်ပျူတာတက္ကသိုလ်များ၊ Polytechnic University များ၏ ဘွဲ့ကြို၊ ဘွဲ့လွန်သင်တန်းများကို ဇွန် ၂ ရက်မှစတင်၍ဖွင့်လှစ်သွားမည်ဖြစ်ပြီး ကျောင်းအပ်လက်ခံခြင်းအား မေ ၂၂ ရက်မှစတင်သွားမည်ဖြစ်ကြောင်း အသိပေးခဲ့သည်။

ငလျင်ကြီးကြောင့် ပျ-က်စီးသွားသော ရုံးအဆောက်အအုံနှင့် ဝန်ထမ်းအိမ်ရာများ အတွက် Town Plan ရေးဆွဲ

မန္တလေး ငလျင်ကြီးကြောင့် ပျ-က်စီးသွားသည့် နေပြည်တော်ရှိ ရုံးအဆောက်အအုံနှင့် ဝန်ထမ်းအိမ်ရာများ အသစ်တည်ဆောက်ရန် Town Plan ရေးဆွဲနိုင်ရေး စီစဉ်ဆောင်ရွက်နေကြောင်း သိရသည်။ Town Plan ရေးဆွဲနိုင်ရေး ညှိနှိုင်းအစည်းအဝေးကိုလည်းနေပြည်တော် ဆောက်လုပ်ရေးဝန်ကြီးဌာန ရုံးအမှတ်(၁၁)ရှိ အစည်းအဝေးခန်းမ၌ ယမန်နေ့ မေ (၁၆)ရက်က ကျင်းပခဲ့သေးသည်။ အစည်းအဝေး တက်ရောက်လာသော ပြည်ထောင်စုဝန်ကြီးနှင့် နေပြည်တော်ကောင်စီ ဥက္ကဋ္ဌတို့သည် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ Town Plan အတွက် မြေနေရာရွေးချယ်ထားရှိမှု အခြေအနေကို မြေပြင်တွင် အသေးစိတ်ကွင်းဆင်းကြည့်ရှုစစ်ဆေးပြီး Town Plan ရေးဆွဲရာတွင် မြို့အင်္ဂါရပ်နှင့်အညီ ဆောင်ရွက်ရန်၊...

ကိုယ်ဝန်ရခဲ့သယောင် လိ-မ်လ-ည်ငွေညှစ်မှုအတွက် ဆွန်ဟောင်မင်အမှုဖွင့်

အမျိုးသမီးတစ်ဦးက သူနှင့် ကိုယ်ဝန်ရခဲ့သယောင်ဇာတ်ခင်း၍ ခြိမ်းခြောက်ခဲ့သည်ဆိုသော မီဒီယာသတင်းများထွက်လာပြီးနောက် သူ့အပေါ်ယင်းသို့ လုပ်ကြံဇာတ်ဆင်ရန် ကြိုးပမ်းခဲ့မှုအတွက် တော့တင်ဟမ်ဟော့စပါးအသင်းခေါင်းဆောင် ဆွန်ဟောင်မင်က တောင်ကိုရီးယားရဲတပ်ဖွဲ့ထံ အမှုဖွင့်တိုင်ကြားခဲ့သည်ဟု ကစားသမား၏ အေဂျင့်က ပြောကြားလိုက်သည်။ “ရဲတပ်ဖွဲ့က လောလောဆယ်မှာ စုံစမ်းစစ်ဆေးနေပါတယ်။ ဒါကြောင့် ရလဒ်တွေ ထွက်ပေါ်လာတာနဲ့ အမြန်ဆုံး အသိပေးသွားမှာပါ” ဟု သူ၏ အေဂျင်စီ Son & Football Limited ကသတင်း ထုတ်ပြန်ပြောဆိုခဲ့သည်။ “ဒီဖြစ်ရပ်မှာ ဆွန်ဟောင်မင်က သားကောင်ဖြစ်တယ်ဆိုတာကို ရှင်းရှင်းလင်းလင်း ပြောချင်ပါတယ်” ဟု သတင်း၌ ရေးသားဖေါ်ပြထားသည်။ ရဲတပ်ဖွဲ့က...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071