Wednesday, August 5, 2026

ဆည်တော်ကြီးဆည် ရေပြည့်ရန် ၁ပေခွဲခန့်သာ လိုတော့သဖြင့်...

ကျေးရွာအချို့နှင့် ကပ်လျက်ရှိသော ချောင်းဘောင်များမှ ရေများ ကျော်လွန်စီးဝင်နေဖြင့် ပြည်သူများ အရေးပေါ်ပြောင်းရွှေ့ရန် နှိုးဆော် မန္တလေးတိုင်းဒေသကြီးရှိ ဆည်တော်ကြီးဆည်၏ ကန်ရေမှာ ရေပြည့်အမှတ်သို့ (၁)ပေခွဲခန့်သာ လိုတော့သည့်အတွက်...

လေးမျက်နှာမြို့နယ်တွင် ဆက်သွယ်ရေးပြန်လည်ရရှိစေရန် B2B Satellite...

လေးမျက်နှာ၊ သြဂုတ်-၄ ငဝန်မြစ်ရေဝင်ရောက်မှုကြောင့် ဆက်သွယ်ရေးပြတ်တောက်နေသည့် လေးမျက်နှာမြို့နယ်တွင် ဆက်သွယ်ရေးဝန်ဆောင်မှုများ ပြန်လည်ရရှိစေရန် B2B Satellite Terminal ၂ စုံနှင့် Call on...

သမ္မတ ဦးမင်းအောင်လှိုင် ဩဂုတ်လ ၆...

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် သမ္မတ ဦးမင်းအောင်လှိုင်ဟာ ထိုင်းဝန်ကြီးချုပ် အနုတင် ချာန်ဗီရာကူးလ်ရဲ့ ဖိတ်ကြားချက်အရ ၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၆ ရက်ကနေ ၇...

မိုးညှင်းမြို့၌ မိုးသည်းထန်စွာရွာသွန်း၍ မြို့ပေါ်ရပ် ကွက်များအတွင်း...

ကချင်ပြည်နယ်၊ မိုးညှင်းမြို့၌ ယနေ့ သြဂုတ် ၄ ရက်နံနက်ပိုင်းမှစတင်ပြီး မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မြို့ပေါ်ရပ်ကွက်များအတွင်းရှိ နေအိမ်များနှင့် လမ်း များပေါ်သို့ ရေဝင်/ရေကျော်မှုများဖြစ်ပေါ်လျက်ရှိကြောင်း သိရသည်။ ရေလည်ကျွန်းရပ်ကွက်၊...
HomeNewsLocal Newsထိုင်းနိုင်ငံသို့ တရားမဝင်လုပ်သားများအဖြစ်ပို့ဆောင်ခံရမည့် လုပ်သား၂၀၀ကျော်ကို...

ထိုင်းနိုင်ငံသို့ တရားမဝင်လုပ်သားများအဖြစ်ပို့ဆောင်ခံရမည့် လုပ်သား၂၀၀ကျော်ကို အချိန်မီကယ်တင်

(Unicode)

ထိုင်းနိုင်ငံသို့ တရားမဝင်လုပ်သားများအဖြစ်ပို့ဆောင်ခံရမည့် လုပ်သား၂၀၀ကျော်ကို အချိန်မီကယ်တင်

ယခုရက်ပိုင်းအတွင်း ထိုင်းနိုင်ငံသို့ တရားမဝင်သွားရောက်မယ့် မြန်မာလုပ်သား၂၀၀ကျော်ကို အချိန်မီကယ်တင်နိုင်ခဲ့တာရှိတယ်လို့ ပြည်ပအလုပ်အကိုင်ဝန်ဆောင်မှုလုပ်ငန်းရှင်များအဖွဲ့ချုပ် (MOEAF)က သတင်းထုတ်ပြန်ပါတယ်။

ရန်ကုန်မြို့မှာဖြစ်ပြီး ၂၀၂၂ ဇန်နဝါရီလ ၁၆ရက်နေ့က တစ်ကြိမ်၊၂၀၂၂ ဇန်နဝါရီ ၁၈ရက်နေ့ကတစ်ကြိမ် ဖြစ်ကာ ထိုင်းနိုင်ငံသို့တရားမဝင်ပို့ဆောင်ခြင်းခံရမယ့် စုစုပေါင်း၂၀၀ေကျော်ကို လူကုန်တားရဲတပ်ဖွဲ့နဲ့အတူ ကယ်တင်တားဆီးနိုင်ခဲ့ပြီး လွတ်မြောက်နေတဲ့ ပွဲစားတွေကို လိုက်လံဖမ်းဆီးလျက်ရှိတယ်လို့လည်း အဖွဲ့ချုပ်ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

အလိမ်ခံခဲ့ရတဲ့ထဲပါတဲ့ ဖြူးမြို့က လူငယ်တစ်ဦးက “ passport စာအုပ်ဖိုး ၁သိန်း၇သောင်းအရင်ပေးခဲ့ရတယ်။ မနေ့ကမှ ၁၈သိန်းသွင်းခဲ့တာပါ။ ထိုင်းနိုင်ငံက အီလက်ထရောနစ်စက်ရုံမှာ အလုပ်ရမယ်။ တနေ့ဘတ်၃၃၀ရမယ်။ရန်ကုန်မှာ စာချုပ်ချုပ်မယ်။ ခုလောလောဆယ် OWICကဒ်လုပ်ဘို့ ဒီအဆောင်မှာစောင့်ပါဆိုလို့ စောင့်နေတာပါ။ ရန်ကုန်ရောက်တာ ၁၀ရက်ကျော်ကြာပါပြီ”လို့ ပြောဆိုပါတယ်။

တားဆီးကယ်တင်နိုင်ခဲ့တာတွေအနေနဲ့ ဇန်နဝါရီ ၁၆ရက်နေ့က ရွှေတိဂုံစေတီတော်အရှေ့ဖက်မုဒ်အနီးနားက ဘုန်းတော်ကြီးကျောင်းတခုမှာ ပွဲစား၃ဦး စုဆောင်းထားတဲ့ ယောကျ်ား၊မိန်းမ ၁၆၀ကျော်၊ဇန်နဝါရီ ၁၈ရက်နေ့က ရန်ကုန်မြို့ ၊ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ်၊ ၄၃ရပ်ကွက်၊မင်းရဲကျော်စွာလမ်းက အဆောင်တခုအတွင်း ပွဲစားတွေ စုဆောင်းထားတဲ့ ယောကျာ်း၊မိန်းမ ၅၁ဦးတို့ကို ဖြစ်တယ်လို့ အဖွဲ့ချုပ်က ပြောပြီး လက်ရှိမှာပွဲစားတွေ သိမ်းဆည်းထားတဲ့ နိုင်ငံကူးလက်မှတ်တွေနဲ့ လိမ်လည်ခံရတဲ့ ငွေကြေးတွေ ပြန်လည်ရရှိအောင် လုပ်ဆောင်နေတာရှိပါတယ်။

ဖြစ်စဉ်၂ခုစလုံးမှ ပွဲစားတွေကို ဖမ်းဆီးရမိမှု မရှိသေးဘူးလို့ သိရပါတယ်။

ရဲတပ်ဖွဲ့ရဲ့ ဖော်ထုတ်ချက်အရ ပွဲစားတွေက တရားမဝင်လုပ်သားတွေကို ထားဝယ်၊ထီးခီးလမ်းမှတဆင့် တရားမဝင်ပို့ဆောင်ဖို့ စီစဉ်နေတာလို့ သိရပါတယ်။

အလိမ်ခံရတဲ့ထဲပါတဲ့ လူငယ်တစ်ဦးက “ ကျွန်တော်တို့ကတော့ ဝမ်းတွင်းနယ်ကဖြစ်ပါတယ်။ ထိုင်းကို လေယာဉ်နဲ့ တက်ရမယ်ဆိုလို့ သိန်း၂၀ပေးခဲ့ရပါတယ်။ရန်ကုန်ရောက်နေတာ ၁၀ရက်ကျော်ကြာပါပြီ။ပွဲစားကတော့ ထွက်ပြေးသွားပြီ။passportနဲ့ ပိုက်ဆံတွေပြန်ရအောင် ကူညီပေးပါ”လို့ ပြောတဲ့အကြောင်း အဖွဲ့ချုပ်က ဆိုပါတယ်။

တရားမဝင်လုပ်သားတွေအဖြစ် ပို့ဆောင်ခံရမယ့် လုပ်သား ၂၀၀ကျော်ဟာ သဲတော၊ဝမ်းတွင်း၊ ငပုတော၊ တောင်ငူ၊ ဖြူး ၊နေပြည်တော်၊လယ်ဝေး စတဲ့ နေရာစုံက လူငယ်တွေဖြစ်ကြပါတယ်။

လက်ရှိမှာတော့ မြန်မာပြည်ပအလုပ်အကိုင် ဝန်ဆောင်မှုလုပ်ငန်းရှင်များအဖွဲ့ချုပ် (MOEAF)က အမှုဆောင်တွေက ယင်းလုပ်သားတွေကို တရားဝင်လုပ်ငန်းစဉ်တွေ အသိပညာပေးနှစ်သိမ့်ဆွေးနွေးခဲ့ပြီး မိဘများထံပြန်လည်အပ်နှံတာနဲ့ နေရပ်အသီးသီးသို့ပြန်လည် ပို့ဆောင်နိုင်ဖို့ ကူညီနေပါတယ်။

လက်ရှိမှာ ပြည်တွင်းအလုပ်အကိုင်တွေ ခက်ခဲနေတာမှာ မြန်မာလူငယ်လူရွယ်အများအပြားဟာ ပြည်ပသို့ထွက်ခွာ အလုပ်လုပ်ကြဖို့ တာဆူနေပြီး တရားဝင်အေဂျင်စီများရဲ့ ထိုင်း၊မလေးရှားလုပ်သားတင်ပို့ခြင်းလုပ်ငန်းများလည်း ရပ်ဆိုင်းလျက်ရှိနေချိန် ထိုအခြေအနေမျိုးကို အခွင့်ကောင်းယူတဲ့ လူကုန်ကူးပွဲစားတွေဟာ တောရွာများက လူငယ်လူရွယ်များအား ထိုင်းနိုင်ငံသို့တရားဝင် ပို့ပေးမည်ဆိုလျှက် လူစုဆောင်းမှုတွေ၊ငွေကြေးကောက်ခံမှုတွေ၊ တရားမဝင်နယ်စပ်ဖြတ်ကျော်မှုတွေကို ပြောင်ပြောင်တင်းတင်း ကျူးလွန်လျက်ရှိနေတယ်လို့ ပြည်ပအလုပ်အကိုင်ဝန်ဆောင်မှုလုပ်ငန်းရှင်များအဖွဲ့ချုပ် (MOEAF)က သတင်းထုတ်ပြန်ပါတယ်။

(Zawgyi)

ထိုင္းႏိုင္ငံသို႔ တရားမဝင္လုပ္သားမ်ားအျဖစ္ပို႔ေဆာင္ခံရမည့္ လုပ္သား၂၀၀ေက်ာ္ကို အခ်ိန္မီကယ္တင္

ယခုရက္ပိုင္းအတြင္း ထိုင္းႏိုင္ငံသို႔ တရားမဝင္သြားေရာက္မယ့္ ျမန္မာလုပ္သား၂၀၀ေက်ာ္ကို အခ်ိန္မီကယ္တင္ႏိုင္ခဲ့တာရွိတယ္လို႔ ျပည္ပအလုပ္အကိုင္ဝန္ေဆာင္မႈလုပ္ငန္းရွင္မ်ားအဖြဲ႕ခ်ဳပ္ (MOEAF)က သတင္းထုတ္ျပန္ပါတယ္။

ရန္ကုန္ၿမိဳ႕မွာျဖစ္ၿပီး ၂၀၂၂ ဇန္နဝါရီလ ၁၆ရက္ေန႔က တစ္ႀကိမ္၊၂၀၂၂ ဇန္နဝါရီ ၁၈ရက္ေန႔ကတစ္ႀကိမ္ ျဖစ္ကာ ထိုင္းႏိုင္ငံသို႔တရားမဝင္ပို႔ေဆာင္ျခင္းခံရမယ့္ စုစုေပါင္း၂၀၀ေေက်ာ္ကို လူကုန္တားရဲတပ္ဖြဲ႕နဲ႔အတူ ကယ္တင္တားဆီးႏိုင္ခဲ့ၿပီး လြတ္ေျမာက္ေနတဲ့ ပြဲစားေတြကို လိုက္လံဖမ္းဆီးလ်က္ရွိတယ္လို႔လည္း အဖြဲ႕ခ်ဳပ္ရဲ႕ ထုတ္ျပန္ခ်က္မွာ ေဖာ္ျပပါတယ္။

အလိမ္ခံခဲ့ရတဲ့ထဲပါတဲ့ ျဖဴးၿမိဳ႕က လူငယ္တစ္ဦးက “ passport စာအုပ္ဖိုး ၁သိန္း၇ေသာင္းအရင္ေပးခဲ့ရတယ္။ မေန႔ကမွ ၁၈သိန္းသြင္းခဲ့တာပါ။ ထိုင္းႏိုင္ငံက အီလက္ထေရာနစ္စက္႐ုံမွာ အလုပ္ရမယ္။ တေန႔ဘတ္၃၃၀ရမယ္။ရန္ကုန္မွာ စာခ်ဳပ္ခ်ဳပ္မယ္။ ခုေလာေလာဆယ္ OWICကဒ္လုပ္ဘို႔ ဒီအေဆာင္မွာေစာင့္ပါဆိုလို႔ ေစာင့္ေနတာပါ။ ရန္ကုန္ေရာက္တာ ၁၀ရက္ေက်ာ္ၾကာပါၿပီ”လို႔ ေျပာဆိုပါတယ္။

တားဆီးကယ္တင္ႏိုင္ခဲ့တာေတြအေနနဲ႔ ဇန္နဝါရီ ၁၆ရက္ေန႔က ေ႐ႊတိဂုံေစတီေတာ္အေရွ႕ဖက္မုဒ္အနီးနားက ဘုန္းေတာ္ႀကီးေက်ာင္းတခုမွာ ပြဲစား၃ဦး စုေဆာင္းထားတဲ့ ေယာက်္ား၊မိန္းမ ၁၆၀ေက်ာ္၊ဇန္နဝါရီ ၁၈ရက္ေန႔က ရန္ကုန္ၿမိဳ႕ ၊ဒဂုံၿမိဳ႕သစ္ေျမာက္ပိုင္းၿမိဳ႕နယ္၊ ၄၃ရပ္ကြက္၊မင္းရဲေက်ာ္စြာလမ္းက အေဆာင္တခုအတြင္း ပြဲစားေတြ စုေဆာင္းထားတဲ့ ေယာက်ာ္း၊မိန္းမ ၅၁ဦးတို႔ကို ျဖစ္တယ္လို႔ အဖြဲ႕ခ်ဳပ္က ေျပာၿပီး လက္ရွိမွာပြဲစားေတြ သိမ္းဆည္းထားတဲ့ ႏိုင္ငံကူးလက္မွတ္ေတြနဲ႔ လိမ္လည္ခံရတဲ့ ေငြေၾကးေတြ ျပန္လည္ရရွိေအာင္ လုပ္ေဆာင္ေနတာရွိပါတယ္။

ျဖစ္စဥ္၂ခုစလုံးမွ ပြဲစားေတြကို ဖမ္းဆီးရမိမႈ မရွိေသးဘူးလို႔ သိရပါတယ္။

ရဲတပ္ဖြဲ႕ရဲ႕ ေဖာ္ထုတ္ခ်က္အရ ပြဲစားေတြက တရားမဝင္လုပ္သားေတြကို ထားဝယ္၊ထီးခီးလမ္းမွတဆင့္ တရားမဝင္ပို႔ေဆာင္ဖို႔ စီစဥ္ေနတာလို႔ သိရပါတယ္။

အလိမ္ခံရတဲ့ထဲပါတဲ့ လူငယ္တစ္ဦးက “ ကြၽန္ေတာ္တို႔ကေတာ့ ဝမ္းတြင္းနယ္ကျဖစ္ပါတယ္။ ထိုင္းကို ေလယာဥ္နဲ႔ တက္ရမယ္ဆိုလို႔ သိန္း၂၀ေပးခဲ့ရပါတယ္။ရန္ကုန္ေရာက္ေနတာ ၁၀ရက္ေက်ာ္ၾကာပါၿပီ။ပြဲစားကေတာ့ ထြက္ေျပးသြားၿပီ။passportနဲ႔ ပိုက္ဆံေတြျပန္ရေအာင္ ကူညီေပးပါ”လို႔ ေျပာတဲ့အေၾကာင္း အဖြဲ႕ခ်ဳပ္က ဆိုပါတယ္။

တရားမဝင္လုပ္သားေတြအျဖစ္ ပို႔ေဆာင္ခံရမယ့္ လုပ္သား ၂၀၀ေက်ာ္ဟာ သဲေတာ၊ဝမ္းတြင္း၊ ငပုေတာ၊ ေတာင္ငူ၊ ျဖဴး ၊ေနျပည္ေတာ္၊လယ္ေဝး စတဲ့ ေနရာစုံက လူငယ္ေတြျဖစ္ၾကပါတယ္။

လက္ရွိမွာေတာ့ ျမန္မာျပည္ပအလုပ္အကိုင္ ဝန္ေဆာင္မႈလုပ္ငန္းရွင္မ်ားအဖြဲ႕ခ်ဳပ္ (MOEAF)က အမႈေဆာင္ေတြက ယင္းလုပ္သားေတြကို တရားဝင္လုပ္ငန္းစဥ္ေတြ အသိပညာေပးႏွစ္သိမ့္ေဆြးေႏြးခဲ့ၿပီး မိဘမ်ားထံျပန္လည္အပ္ႏွံတာနဲ႔ ေနရပ္အသီးသီးသို႔ျပန္လည္ ပို႔ေဆာင္ႏိုင္ဖို႔ ကူညီေနပါတယ္။

လက္ရွိမွာ ျပည္တြင္းအလုပ္အကိုင္ေတြ ခက္ခဲေနတာမွာ ျမန္မာလူငယ္လူ႐ြယ္အမ်ားအျပားဟာ ျပည္ပသို႔ထြက္ခြာ အလုပ္လုပ္ၾကဖို႔ တာဆူေနၿပီး တရားဝင္ေအဂ်င္စီမ်ားရဲ႕ ထိုင္း၊မေလးရွားလုပ္သားတင္ပို႔ျခင္းလုပ္ငန္းမ်ားလည္း ရပ္ဆိုင္းလ်က္ရွိေနခ်ိန္ ထိုအေျခအေနမ်ိဳးကို အခြင့္ေကာင္းယူတဲ့ လူကုန္ကူးပြဲစားေတြဟာ ေတာ႐ြာမ်ားက လူငယ္လူ႐ြယ္မ်ားအား ထိုင္းႏိုင္ငံသို႔တရားဝင္ ပို႔ေပးမည္ဆိုလွ်က္ လူစုေဆာင္းမႈေတြ၊ေငြေၾကးေကာက္ခံမႈေတြ၊ တရားမဝင္နယ္စပ္ျဖတ္ေက်ာ္မႈေတြကို ေျပာင္ေျပာင္တင္းတင္း က်ဴးလြန္လ်က္ရွိေနတယ္လို႔ ျပည္ပအလုပ္အကိုင္ဝန္ေဆာင္မႈလုပ္ငန္းရွင္မ်ားအဖြဲ႕ခ်ဳပ္ (MOEAF)က သတင္းထုတ္ျပန္ပါတယ္။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ယနေ့ မင်္ဂလာတောင်ညွှန့် နေအိမ်တိုက်ခန်းမီးလောင်မှုဖြစ်စဥ်၌ မွေးကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီးခိုးမွှန်၍ ဆေးရုံပို့ခဲ့ရ

ရန်ကုန်တိုင်း၊ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်ရှိ နေအိမ်တိုက်ခန်းတစ်ခု၏ ဒုတိယထပ်တွင် ဖေဖော်ဝါရီ ၁၅ ရက်(ယနေ့)မွန်းလွဲပိုင်းက Level 1 အဆင့်မီးလောင်မှုဖြစ်စဥ်တွင် မွေး ကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီုးခိုးမွှန်သွား၍ ဆေးရုံသို့ပို့ဆောင်ပေးခဲ့ရကြောင်း သိရသည်။ ယနေ့မွန်းလွဲ ၂ နာရီ ၅၀ မိနစ်ခန့်က မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်၊ (၁၂၂)လမ်း ၏ နေအိမ်တိုက်ခန်းတစ်ခု၏ဒုတိယထပ်ရှိ လျှပ်စစ်ပစ္စည်းဆိုင်မှ မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ် သည်။ မီးလောင်မှုအား တာမွေမြို့နယ်မီးသတ်စခန်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်မီးသတ်စခန်းတို့မှတပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းများက Level 1 အဆင့်ဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြသဖြင့် နေ့လည်...

ကောလင်းနှင့် ဘုတလင်တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂)ပါးနှင့် ကလေးငယ်(၂)ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ကောလင်းနှင့် ဘုတလင်မြို့တို့တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂) ပါးနှင့် ကလေး(၂) ဦး ထိမှန်ဒဏ်ရာရရှိခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီ (၁၃) ရက် မွန်းတည့်ပိုင်းက လက်နက်ကိုင်အဖွဲ့ဝင်များမှ ခေါပြင်ချောင်း တံတားအနီးမှ ကောလင်းမြို့၊ ကောလင်းမြို့အတွင်းသို့ ဗုံးပစ်လောင်ချာများဖြင့် ပစ်ခတ်ခဲ့သည့်အတွက် ကောလင်းမြို့၊ ကျော်ဇေယျာရပ်ကွက်ရှိ သုနန္ဒာရာမ ဘုန်းတော်ကြီးကျောင်းအတွင်းရှိ သာသနာရေးဝန်ကြီးဌာန၊ အမှတ်(၂)ဘုန်းတော်ကြီးသင်ပညာရေးကျောင်းစာသင်ဆောင်ပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။ ထိုသို့ ပေါက်ကွဲမှုကြောင့် စာသင်ဆောင်အတွင်း စာသင်ကြားနေသည့် ကိုရင်ရှင်အာသဖ(၁၄)နှစ်၊ ဝါတော်(၂)ဝါ၊ မောင်ဇင်ဝဏ္ဏဖြိုး(၁၃)နှစ်နှင့်မောင်ဝေလင်းအောင်...

ပုဂ္ဂလိကဆေးရုံအသစ်များ လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေဟု ကျန်းမာရေးဝန်ကြီးပြော

မြန်မာနိုင်ငံတွင်း ယခုဖေဖော်ဝါရီလအထိ ပုဂ္ဂလိကဆေးရုံပေါင်း ၂၇၀ ကိုလိုင်စင်ချထားကာ ဖွင့်ခွင့်ပြုထားပြီး ထပ်မံဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် ပုဂ္ဂလိကဆေးရုံအသစ်တွေကို လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေကြောင်း ကျန်းမာရေးဝန်ကြီးဒေါက်တာသက်ခိုင်ဝင်းက ပြောကြားခဲ့သည်။ ပုဂ္ဂလိက ကျန်းမာရေးကဏ္ဍဖွံဖြိုးတိုးတက်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနတွင် ပြုလုပ်သည့် အစည်းအဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းတွေကို တည်ဆဲဥပဒေ/နည်းဥပဒေများနဲ့အညီ စဉ်ဆက်မပြတ် ကြပ်မတ်နေပြီး လိုင်စင်အသစ်လျှောက်ထားသည့် အမှုတွဲတွေကို အမြန်ဆုံးလုပ်ငန်းလိုင်စင် ခွင့်ပြုနိုင်ရန် နေပြည်တော် အပါအဝင် တိုင်းဒေသကြီးအလိုက်တာဝန်ပေးထားသည့် ကျန်းမာရေးဌာနရှိ အထူးအဖွဲ့တွေက ကွင်းဆင်းစစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း၊ ယင်းကြောင့် ဆေးရုံသစ်ဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် လုပ်ငန်းရှင်တွေက လိုအပ်ချက်တွေကို အဆင်သင့်ပြင်ဆင်ဆောင်ရွက်ရန်လိုကြောင်း ၎င်းကဆိုသည်။ ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းများ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071