Tuesday, May 19, 2026

မလေးရှားက နော်ဝေထံမှ လျော်ကြေး ဒေါ်လာသန်း...

မလေးရှားတိုက်ခိုက်ရေးသင်္ဘောများအတွက် ရည်ရွယ်ထားသော ရေတပ်တိုက်ခိုက်ရေးဒုံးကျည်စနစ်အတွက် ပို့ကုန် သဘောတူ အတည်ပြုချက်များကို အော်စလိုက  ရုတ်တရက် ဖျက်သိမ်းခဲ့ပြီးနောက် ရင်းဂစ် ၁ ဘီလျံ(ဒေါ်လာ ၂၅၁...

တရုတ်သို့ မြန်မာ့ဒူးရင်းသီး တင်ပို့နိုင်ရေး GACC...

မြန်မာ့ဒူးရင်းသီးမှာ ပြည်တွင်းစားသုံးမှုအပေါ် အဓိကမှီခိုနေရသော်လည်း ယခုနှစ်အတွင်း ပြည်ပဈေးကွက်သို့ အများအပြား တင်ပို့နိုင်ရန် ကြိုးပမ်းနေ ကမ္ဘာ့ဒူးရင်းသီး ဝယ်လိုအားအမြင့်ဆုံးရှိသည့် တရုတ်နိုင်ငံသို့ မြန်မာ့ဒူးရင်းသီးများ တင်ပို့နိုင်ရေးအတွက် တရုတ်အကောက်ခွန်အထွေထွေ...

ပြည်သူ့လိုအပ်ချက်များညှိနှိုင်းဖြေ‌ရှင်းပေးနိုင်ရန် မအူပင်မြို့၌ လွှတ်တော်ကိုယ်စားလှယ်များရုံး ဖွင့်လှစ်...

ပြည်သူများ၏ လိုအပ်ချက်များ တင်ပြနိုင်ရန်နှင့် အခက်အခဲရှိပါက ညှိနှိုင်းဖြေ‌ရှင်းပေးနိုင်ရန် ဧရာဝတီတိုင်း‌ဒေသကြီး မအူပင်မြို့ရှိ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီခြံဝန်းအတွင်းတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့​ဖြိုးရေးပါတီလွှတ်တော်ကိုယ်စားလှယ်များရုံးကိုမေလ (၁၉)ရက်၊နံနက်(၉)နာရီအချိန်က   ဖွင့်လှစ်ခဲ့ကြောင်းသိရသည်။        "ပြည်သူတွေက ဒီရုံးမှာလာပြီးတော့...

မေ ၂၆ ရက် တစ်ရက်အတွက်...

နေပြည်တော်-ရန်ကုန် နေ့စဥ်နံနက် ၁၀ နာရီတွင်ပြေးဆွဲနေသည့် အမှတ်(၃၂)အစုန် DEMU အမြန်ရထားခရီး စဉ်ကို လာမည့် မေ ၂၆ ရက်၌ပြေးဆွဲခြင်းမပြုဘဲ ရပ်နားမည်ဖြစ်ကြောင်း...
HomeNewsLocal Newsထိုင်းနိုင်ငံရှိ အီလက်ထရောနစ် စက်ရုံမှ...

ထိုင်းနိုင်ငံရှိ အီလက်ထရောနစ် စက်ရုံမှ အလုပ်ထုတ်ခံရသည့် မြန်မာ လုပ်သား ၁၀၀၀ ကျော်ကို လျော်ကြေးပေးပြီး နေရပ်ပြန်လိုသူများအား ပြန်ပို့မည်

ထိုင်းနိုင်ငံရှိ အီလက်ထရောနစ် စက်ရုံတွင် သွားရောက်အလုပ်လုပ်ကိုင်နေသည့် မြန်မာလုပ်သား ၁၀၀၀ ကျော်ကို ထိုင်းလုပ်ငန်းရှင်က လျှော်ကြေးပေးပြီး နေရပ်ပြန်လိုသူများအား မြဝတီနယ်စပ်သို့ ပြန်ပို့ပေးမည်ဖြစ်ကြောင်း သိရသည်။

ထိုင်းနိုင်ငံရှိ ဖစ်ဘူရီခရိုင်နှင့် စမွတ်စခွန်ခရိုင်တို့ရှိ Cal-Comp Electronics အီလက်ထရောနစ် စက်ရုံတို့တွင် အလုပ်လုပ်ကိုင်နေသည့် မြန်မာအလုပ်သမားများသည် အဆိုင်း (၃) ဆိုင်းဖြင့် လုပ်ကိုင်နေရာမှ (၂) ဆိုင်းဖြင့် လုပ်ကိုင်လိုခြင်းကြောင့် ဆန္ဒပြမှုများဖြစ်ပွားခဲ့ခြင်းကြောင့် ထိုင်းနိုင်ငံရှိ မြန်မာအလုပ်သမား သံအရာရှိရုံးက ကြားဝင်ညှိနှိုင်းပေးခဲ့ရခြင်း ဖြစ်သည်။

ယင်းသို့ ညှိနှိုင်းရာတွင် အလုပ်သမားများ၏ ဆန္ဒအရ (၂) ဆိုင်းဖြင့် လုပ်ကိုင်မည်ဆိုပါက (၁) ဆိုင်းစာ ဦးရေအား လျှော့ချရမည်ဖြစ်ကြောင်း စက်ရုံဖက်မှ အသိပေးကြောင်း သိရသည်။

စက်ရုံဖက်မှ ယင်းကဲ့သို့ အသိပေးခဲ့သည့်အတွက် အလုပ်သမားများအကြား ဆန္ဒမဲပြုကြရာတွင် ဖစ်ဘူရီခရိုင် စက်ရုံမှ အလုပ်သမားများနှင့်ညှိနှိုင်းမှုအဆင်ပြေခဲ့ပြီး စမွတ်စခွန် ခရိုင်ရှိ စက်ရုံမှ အလုပ်သမားများ၏ ၈၅ ရာခိုင်နှုန်းက အဆိုင်း (၂) ဆိုင်းဖြင့် လုပ်ကိုင်ရန် ရွေးချယ်မှုကြောင့် အလုပ်သမား (၁၀၅၇) ဦးကို အလုပ်မှ ထုတ်ပယ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ စမုစခွန်ခရိုင်ရှိ စက်ရုံမှ အလုပ်ထုတ်ခံရသည့် မြန်မာလုပ်သား (၁၀၅၇) ဦးကို ဥပဒေနှင့် အညီ လျော်ကြေးပေးအပ်ခဲ့ရာ အနည်းဆုံး ဘတ် (၁၉၄၁၅) ဘတ်မှ အမြင့်ဆုံး (၉၆၃၆၉) ဘတ်အထိရရှိခဲ့ကြပြီး နေရပ်ပြန်လိုသူများကို အလုပ်ရှင်အနေဖြင့် မဲဆောက်နယ်စပ်အထိ ပို့ဆောင်၍ မြန်မာနိုင်ငံရှိ နေရပ်ဒေသ ခရီးအကွာအဝေးအလိုက် ခရီးစရိတ်များ ထောက်ပံ့ပေးမည်ဖြစ်ကြောင်း မြန်မာအလုပ်သမား သံအရာရှိရုံးမှ သိရသည်။

လက်ရှိတွင် ထိုင်း/မြန်မာ အေဂျင်စီများက ထိုင်းနိုင်ငံအတွင်းရှိ စက်ရုံများတွင် ပြန်လည်လုပ်ကိုင်လိုသူ၊ နေရပ်ပြန်လိုသူ၊ အလုပ်ပြောင်းရွှေ့စာရရှိလိုသူ(အလုပ်သစ်ရရှိလိုသူ၊ အခြားဆန္ဒရှိသူများ)စာရင်း ကောက်ခံလျှက်ရှိကြောင်း သိရသည်။

အဆိုပါ စာရင်းများရရှိပါက စာရင်းခွဲခြား၍ လိုအပ်သည်များကို ဆက်လက်ညှိနှိုင်းဆောင်ရွက်ပေးသွားမည်ဖြစ်သည့်အတွက် အလုပ်သမားများအနေဖြင့် ထိုင်း/မြန်မာအေဂျင်စီများထံ (မိမိတို့) ဆန္ဒရှိသည့်အတိုင်း စာရင်းပေးသွင်းနိုင်ကြောင်း အလုပ်သမားသံအရာရှိရုံးက ထုတ်ပြန်ထားသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

မလေးရှားက နော်ဝေထံမှ လျော်ကြေး ဒေါ်လာသန်း ၂၅၀ ကျော် တောင်း

မလေးရှားတိုက်ခိုက်ရေးသင်္ဘောများအတွက် ရည်ရွယ်ထားသော ရေတပ်တိုက်ခိုက်ရေးဒုံးကျည်စနစ်အတွက် ပို့ကုန် သဘောတူ အတည်ပြုချက်များကို အော်စလိုက  ရုတ်တရက် ဖျက်သိမ်းခဲ့ပြီးနောက် ရင်းဂစ် ၁ ဘီလျံ(ဒေါ်လာ ၂၅၁ ဒဿမ ၇၆ သန်း) ကျော် လျော်ကြေးပေးရန် နော်ဝေသို့ အကြောင်းကြားစာနို့တစ် ပေးပို့ခဲ့ကြောင်း မလေးရှားကာကွယ်ရေးဝန်ကြီးက အင်္ဂါနေ့တွင် ပြောကြားခဲ့သည်။ အော်စလို၏ ပို့ကုန်ထိန်းချုပ်မှုစည်းမျဉ်း စည်းကမ်းများတွင် အပြောင်းအလဲတစ်ခုကြောင့် မလေးရှားသို့ သီးခြားကာကွယ်ရေးနည်းပညာတင်ပို့မှု လိုင်စင်အချို့ကို ရုပ်သိမ်းခဲ့ကြောင်း နော်ဝေက ပြောကြားခဲ့သည်။ ယင်းဆုံးဖြတ်ချက်သည် မလေးရှားကို အံ့အားသင့်စေခဲ့ပြီး သံတမန်ရေးအငြင်းပွားမှုကို ဖြစ်စေခဲ့ကာ အဆိုပါလုပ်ရပ်သည်...

တရုတ်သို့ မြန်မာ့ဒူးရင်းသီး တင်ပို့နိုင်ရေး GACC တွင် မှတ်ပုံတင်မည်

မြန်မာ့ဒူးရင်းသီးမှာ ပြည်တွင်းစားသုံးမှုအပေါ် အဓိကမှီခိုနေရသော်လည်း ယခုနှစ်အတွင်း ပြည်ပဈေးကွက်သို့ အများအပြား တင်ပို့နိုင်ရန် ကြိုးပမ်းနေ ကမ္ဘာ့ဒူးရင်းသီး ဝယ်လိုအားအမြင့်ဆုံးရှိသည့် တရုတ်နိုင်ငံသို့ မြန်မာ့ဒူးရင်းသီးများ တင်ပို့နိုင်ရေးအတွက် တရုတ်အကောက်ခွန်အထွေထွေ အုပ်ချုပ်မှုအာဏာပိုင်အဖွဲ့ (GACC) တွင် မှတ်ပုံတင်နိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။ မေလ ၁၉ ရက်တွင် ကျင်းပပြုလုပ်ခဲ့သည့် “မြန်မာ့ဒူးရင်းသီးပွဲတော် ၂၀၂၆” အခမ်းအနား၌ စိုက်ပျိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က မြန်မာ-တရုတ် ချစ်ကြည်ရေးလမ်းကြောင်းများ ပိုမိုဖွံ့ဖြိုးလာမှုနှင့်အတူ တရုတ်ဒူးရင်းသီးဈေးကွက်တွင် ဝေစုရရှိနိုင်ရေး ရည်မှန်း၍ ဆောင်ရွက်နေကြောင်း ပြောကြားခဲ့သည်။ လက်ရှိတွင် မြန်မာ့ဒူးရင်းသီးဈေးကွက်မှာ ပြည်တွင်းစားသုံးမှုအပေါ် အဓိကမှီခိုနေရသော်လည်း...

ပြည်သူ့လိုအပ်ချက်များညှိနှိုင်းဖြေ‌ရှင်းပေးနိုင်ရန် မအူပင်မြို့၌ လွှတ်တော်ကိုယ်စားလှယ်များရုံး ဖွင့်လှစ်  

ပြည်သူများ၏ လိုအပ်ချက်များ တင်ပြနိုင်ရန်နှင့် အခက်အခဲရှိပါက ညှိနှိုင်းဖြေ‌ရှင်းပေးနိုင်ရန် ဧရာဝတီတိုင်း‌ဒေသကြီး မအူပင်မြို့ရှိ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီခြံဝန်းအတွင်းတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့​ဖြိုးရေးပါတီလွှတ်တော်ကိုယ်စားလှယ်များရုံးကိုမေလ (၁၉)ရက်၊နံနက်(၉)နာရီအချိန်က   ဖွင့်လှစ်ခဲ့ကြောင်းသိရသည်။        "ပြည်သူတွေက ဒီရုံးမှာလာပြီးတော့ သူတို့ရဲ့အခက်အခဲတွေ ၊ လိုအပ်ချက်တွေကိုလာရောက်တင်ပြလို့ရပါတယ် ၊ ကျွန်တော်တို့ကိုယ်စားလှယ်တွေက တင်ပြတဲ့အခက်အခဲတွေကိုဖြေရှင်းပေးမယ် ၊ ညှိနှိုင်းပေးမယ်´´ဟု မအူပင်မြို့နယ် တိုင်းဒေသကြီးလွှတ်‌တော်ကိုယ်စားလှယ် ဦးစောသောင်းဒန်က ပြောသည်။ အဆိုပါလွှတ်တော်ကိုယ်စားလှယ်ရုံးတွင်  အမျိုးသားလွှတ်တော်ကိုယ်စားလှယ်နှင့်၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်နှစ်ဦးတို့ ရုံးထိုင်မည်ဖြစ်ကြောင်း သိရသည်။ ``ကျွန်တော်တို့လွှတ်တော်ကိုယ်စားလှယ်တွေ ဒီနေ့ကစပြီး ရုံးထိုင်နေပါပြီ ။ ပြည်သူတွေအနေနဲ့သိချင်တာရှိရင် လာရောက်မေးမြန်းလို့ရပါတယ် ၊ လိုအပ်တာရှိရင်လည်း လာရောက်တင်ပြလို့ရပါတယ်  " ဟု...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071