Saturday, December 13, 2025

ငလျင်ဒ-ဏ်သင့် ပြည်သူများအတွက် WFP ၏...

ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) မှ မြန်မာ့ငလျင်ဒ-ဏ်သင့်ဒေသများသို့စားနပ်ရိက္ခာအကူအညီများ ပေးအပ်ရာတွင် တရုတ်နိုင်ငံက အမေရိကန်ဒေါ်လာ လေးသန်းထောက်ပံခဲ့ကြောင်း သိရသည်။ ပြီးခဲ့သည့် မတ်လ(၂၈)ရက်နေ့ က မြန်မာနိုင်ငံ၌  ငလျင်လှုပ်ခတ်ပြီးနောက်...

တရုတ်ပြည်သူ့လုံခြုံရေးဝန်ကြီးဌာန လက်ထောက်ဝန်ကြီးနှင့်အဖွဲ့ကို ပြည်ထဲရေးပြည်ထောင်စုဝန်ကြီး တွေ့ဆုံ

Online Scam တိုက်ဖျက်ရေးနှင့် မူဆယ်-တယ်ဟုန်ခရိုင်အဆင့် ရဲတပ်ဖွဲ့များအကြား ပူးပေါင်းဆောင်ရွက်ရေး နားလည်မှုစာချွန်လွှာ(မူကြမ်း) ကိုလည်း ဆွေးနွေးခဲ့ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ပြည်သူ့လုံခြုံရေးဝန်ကြီးဌာန လက်ထောက်ဝန်ကြီး မစ္စတာလျိုကျုံးရိဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည်...

အနုပညာဗဟိုဌာနအား အနုပညာရပ်များပိုမိုဖွံ့ဖြိုးတိုးတက်စေရန် နိုင်ငံတော်မှအလေးထားဆောင်ရွက်နေဟု နိုင်ငံတော်...

ရန်ကုန်တိုင်း၊ အင်းစိန်မြို့နယ်၌ နိုင်ငံတကာအဆင့်မီအနုပညာဗဟိုဌာန(ရန်ကုန်)(Myanmar Art Center- Yangon)အဆောက်အအုံတည်ဆောက်လျက်ရှိရာ နိုင်ငံတော် ယာယီသမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ယနေ့ ဒီဇင်ဘာ...

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဘွဲ့ရအမျိုးသမီးဗိုလ်လောင်းသင်တန်းအမှတ်စဉ်(၁၂)သင်တန်းဆင်းဂုဏ်ပြုညစာစားပွဲတက်ရောက်

တပ်မတော်(ကြည်း)ဗိုလ်သင်တန်းကျောင်း(မှော်ဘီ)၏ ဘွဲ့ရအမျိုးသမီး ဗိုလ်လောင်းသင်တန်းအမှတ်စဉ်(၁၂) သင်တန်းဆင်းဂုဏ်ပြုညစာစားပွဲကို ယနေ့ ဒီဇင်ဘာ ၁၂ ရက်ညနေပိုင်းက ရန်ကုန်မြို့ရှိ တပ်မတော်(ကြည်း) ဗိုလ်သင်တန်းကျောင်း(မှော်ဘီ) ပြည်ထောင်စုခန်းမ၌ ကျင်းပရာ...
HomeNewsLocal Newsထိုင်းနိုင်ငံရှိ မြန်မာသံရုံး၌ ဗန်ကောက်ဘဏ်မှ...

ထိုင်းနိုင်ငံရှိ မြန်မာသံရုံး၌ ဗန်ကောက်ဘဏ်မှ ဝန် ဆောင်မှုကောင်တာဖွင့်လှစ်၍ ဘဏ်လုပ်ငန်းများဆောင်ရွက်ပေးမည်

ထိုင်းနိုင်ငံရှိ မြန်မာသံရုံး၌ ဗန်ကောက်ဘဏ်မှ ဝန် ဆောင်မှုကောင်တာဖွင့်လှစ်၍ ဘဏ်လုပ်ငန်းများဆောင်ရွက်ပေးမည်

ထိုင်းနိုင်ငံသို့ရောက်ရှိနေသည့် မြန်မာနိုင်ငံသားများ ဘဏ်လုပ်ငန်းဆောက်ရွက်ရာ၌အဆင်ပြေစေရန် ထိုင်းနိုင်ငံရှိ မြန်မာသံရုံးတွင် ဗန်ကောက်ဘဏ်မှ ဘဏ်ဝန်ထမ်းများလာရောက်၍ ဝန် ဆောင်မှုကောင်တာဖွင့်လှစ်ကာ ဘဏ်လုပ်ငန်းများဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ထိုသို့ ဝန်ဆောင်မှုကောင်တာဖွင့်လှစ်ရခြင်းမှာ ထိုင်းနိုင်ငံသို့ ရောက်ရှိနေသည့် ရဟန်းသံဃာများ၊မြန်မာလုပ်သားများ၊လုပ်ငန်းရှင်များ၊ဆေးရုံတက်လူနာများ၊ကျောင်းသား၊ကျောင်းသူများ သည် အကြောင်းအမျိုးမျိုးကြောင့် ဘဏ်စာရင်းဖွင့်ရန်လိုအပ်ပါက မြန်မာသံရုံး(ဗန်ကောက်)သို့ လာရောက်၍ ထောက်ခံစာရယူရသည်။

ယင်းသို့ ရယူပြီးထိုင်းဘဏ်များသို့ သွားရောက် ၍ ငွေစာရင်းဖွင့်လှစ်ရာ၌ ငွေကုန်ကျမှုရှိခြင်း၊စာ ရင်းမဖွင့်တတ်သူများမှာ ပွဲစားများနှင့်လုပ် ဆောင်ရခြင်း၊နေ့ချင်းပြီးမရရှိခြင်းများဖြစ်ပေါ်နေသဖြင့် မြန်မာသံရုံးနှင့်ဗန်ကောက်ဘဏ်တာဝန် ရှိသူများညှိနှိုင်းကာ မြန်မာသံရုံး၏ ရုံးဖွင့်ရက်များတွင် ဗန်ကောက်ဘဏ်၏ ဝန်ဆောင်မှုကောင်တာဖွင့်လှစ်ရန် သဘောတူညီခဲ့ကြသည်။

ဗန်ကောက်ဘဏ်၏ ဝန်ဆောင်မှုကောင်တာတွင် စုငွေစာရင်းဖွင့်လှစ်ခြင်း(Saving Account)၊ ATM ကဒ်ပြုလုပ်ခြင်း(ATM Debit Cards)၊ဖုန်းသို့ SMS ပို့ခြင်း(SMS Account Alert)နှင့် Online Banking/ Mobile Banking ပြုလုပ်ခြင်း ဝန်ဆောင်မှုများအားပြုလုပ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ ဗန်ကောက်ဘဏ်၏ ဝန်ဆောင်မှုကောင် တာ၌ တစ်ရက်လျှင်လူ ၅၀ ဦးခန့်အားပြုလုပ်ပေးနိုင်မည်ဖြစ်ကာ ဘဏ်စာအုပ်/ဘဏ်ကဒ်အတွက် ကျသင့်ငွေသာပေးချေရမည်ဖြစ်ပြီး ဘဏ်ဝန် ဆောင်မှုအဖွဲ့နှင့်မြန်မာသံရုံးဝန်ထမ်းများအား အ ခကြေးငွေ ပေးရန်မလိုအပ်ကြောင်း သိရသည်။

ဘဏ်ငွေစာရင်းဖွင့်လှစ်လိုသူများအနေဖြင့် မူရင်းနိုင်ငံကူးလက်မှတ်စာအုပ်၊သံရုံး၏ ဘဏ်စာရင်းဖွင့်ခွင့်ထောက်ခံစာ(မြန်မာလုပ်သားများအနေ ဖြင့်အလုပ်လုပ်ခွင့်သက်တမ်းမကုန်သေးပါက Work Permit ပြ၍လုပ်ကိုင်နိုင်ခြင်း)၊ထိုင်းနိုင်ငံ၌ နေထိုင်/အလုပ်လုပ်ကိုင်နေရာ၏ နေရပ်လိပ်စာနှင့်ထိုင်းနိုင်ငံ၌ အသုံးပြုလျက်ရှိသည့် ဖုန်းနံပါတ်တို့လိုအပ်ကြောင်း သိရသည်။

ထိုသို့ ဘဏ်ငွေစာရင်းဖွင့်လှစ်ထားခြင်းကြောင့် မြန်မာနိုင်ငံသားများအနေဖြင့် ငွေအားအလွယ်တ ကူမသုံးမိခြင်း၊လခရရှိသည်နှင့် ATM မှတဆင့် ကဒ်အတွင်းသို့ထည့်၍စုဆောင်းခြင်း၊မြန်မာနိုင်ငံသို့ ငွေလွှဲပြောင်းရန်လွယ်ကူခြင်း၊ Online မှလွယ် ကူစွာငွေပေးချေနိုင်ခြင်း၊ငွေသားမဟုတ်၍ ထိန်း သိမ်းရန်လွယ်ကူခြင်း၊မိမိဖုန်းအတွင်းမှ ငွေလက် ကျန်အားနေ့စဉ်စစ်ဆေးနိုင်ခြင်း အကျိုးကျေးဇူးများ ရရှိနိုင်မည်ဖြစ်သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ငလျင်ဒ-ဏ်သင့် ပြည်သူများအတွက် WFP ၏ စားနပ်ရိက္ခာအကူအညီများပေးအပ်မှု၌ တရုတ်နိုင်ငံက အမေရိကန် ဒေါ်လာ လေးသန်းပါဝင်ထောက်ပံ့

ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) မှ မြန်မာ့ငလျင်ဒ-ဏ်သင့်ဒေသများသို့စားနပ်ရိက္ခာအကူအညီများ ပေးအပ်ရာတွင် တရုတ်နိုင်ငံက အမေရိကန်ဒေါ်လာ လေးသန်းထောက်ပံခဲ့ကြောင်း သိရသည်။ ပြီးခဲ့သည့် မတ်လ(၂၈)ရက်နေ့ က မြန်မာနိုင်ငံ၌  ငလျင်လှုပ်ခတ်ပြီးနောက် တရုတ်နိုင်ငံသည် Global Development and South-South Cooperation Fund မှတစ်ဆင့် WFP သို့ အမေရိကန်ဒေါ်လာ ၄ သန်း ထောက်ပံ့ခဲ့ပြီး ငလျင်ဒ-ဏ်သင့်ဒေသများရှိ ပြည်သူလူထုအတွက် စားနပ်ရိက္ခာအကူအညီများ ပံ့ပိုးကူညီပေးအပ်ခဲ့ခြင်းလည်း ဖြစ်သည်။ အဆိုပါ ရန်ပုံငွေဖြင့် (၅၁၆၂) တန်ဝယ်ယူနိုင်ခဲ့ပြီး ပြည်သူ‌ပေါင်း( ၃၇၉,၀၀၀) အကျိုးခံစားခွင့်ရရှိခဲ့ပြီး ယခုအချိန်တွင်...

တရုတ်ပြည်သူ့လုံခြုံရေးဝန်ကြီးဌာန လက်ထောက်ဝန်ကြီးနှင့်အဖွဲ့ကို ပြည်ထဲရေးပြည်ထောင်စုဝန်ကြီး တွေ့ဆုံ

Online Scam တိုက်ဖျက်ရေးနှင့် မူဆယ်-တယ်ဟုန်ခရိုင်အဆင့် ရဲတပ်ဖွဲ့များအကြား ပူးပေါင်းဆောင်ရွက်ရေး နားလည်မှုစာချွန်လွှာ(မူကြမ်း) ကိုလည်း ဆွေးနွေးခဲ့ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ပြည်သူ့လုံခြုံရေးဝန်ကြီးဌာန လက်ထောက်ဝန်ကြီး မစ္စတာလျိုကျုံးရိဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင် နှင့် ယမန်နေ့ က နေပြည်‌တော်၌ တွေ့ဆုံခဲ့ကြောင်း သိရသည်။ Online Scam တိုက်ဖျက်ရေးနှင့်ပတ်သက်ပြီး နှစ်နိုင်ငံနှင့် ဒေသတွင်းနိုင်ငံများအကြား ပေါင်းစပ်ညှိနှိင်း ဆောင်ရွက်ရေး၊ Online Scam ကို အကြောင်းပြ၍ ပြည်ပနိုင်ငံများမှဝင်ရောက်စွက်ဖက်မှု လက်မခံရေး၊ အွန်လိုင်းလိမ်လည်မှုနှင့် အွန်လိုင်းလောင်းကစားမှုများတိုက်ဖျက်ရေး ကြီးကြပ်မှုဗဟိုကော်မတီ၏ လုပ်ငန်းစဉ်များကို...

အနုပညာဗဟိုဌာနအား အနုပညာရပ်များပိုမိုဖွံ့ဖြိုးတိုးတက်စေရန် နိုင်ငံတော်မှအလေးထားဆောင်ရွက်နေဟု နိုင်ငံတော် ယာယီသမ္မတပြော

ရန်ကုန်တိုင်း၊ အင်းစိန်မြို့နယ်၌ နိုင်ငံတကာအဆင့်မီအနုပညာဗဟိုဌာန(ရန်ကုန်)(Myanmar Art Center- Yangon)အဆောက်အအုံတည်ဆောက်လျက်ရှိရာ နိုင်ငံတော် ယာယီသမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ယနေ့ ဒီဇင်ဘာ ၁၂ ရက်မွန်းလွဲပိုင်းကကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။ နိုင်ငံတကာအဆင့်မှီ အနုပညာဗဟိုဌာန(ရန်ကုန်)အဆောက်အအုံတည်ဆောက်ခြင်းလုပ်ငန်းများနှင့်ပတ်သက်၍ နိုင်ငံတော် ယာယီသမ္မတအား ပြန်ကြားရေးဝန် ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးမောင်မောင်အုန်းက ရှင်းလင်းတင်ပြရာ နိုင်ငံတော် ယာယီသမ္မတမှ နိုင်ငံတကာအဆင့်မီ အနုပညာဗဟိုဌာန(ရန်ကုန်)အား မူလရည်မှန်းချက်များနှင့်အညီဖြစ်စေရေး ဆက်လက်အကောင်အထည်ဖော်တည်ဆောက်ရန်၊ ထိုသို့ တည်ဆောက်ရာ၌ အဆင့်မီသည့်ဆက်တင်များ၊ Lighting စနစ်များ၊ အသံစနစ်များကို စနစ်တကျတွက်ချက်ထည့်သွင်းတည်ဆောက်ရန်မှာကြားခဲ့ကြောင်း သိရသည်။ ထို့ပြင် ယခုအနုပညာဗဟိုဌာနအတွင်း အော်ပရာပြဇာတ်များတင်ဆက်ပြသနိုင်သည့်အဆင့်ဖြစ်အောင်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071