ထိုင်းနိုင်ငံမှ နာမည်ကြီးတက္ကသိုလ်များနှင့်တိုက်ရိုက်ဆွေးနွေးနိုင်မည့် (၁၀)ကြိမ်မြောက် ထိုင်းတက္ကသိုလ်ပေါင်းစုံပညာရေးပြပွဲအား ရန်ကုန်မြို့ရှိ နိုဗိုတယ်ဟို တယ်တွင် နို၀င်ဘာ ၂ ရက်နံနက် ၉ နာရီမှညနေ ၄ နာရီအထိ ဝင်ကြေးအခမဲ့ဖြင့်ကျင်းပသွားမည်ဖြစ်သည်။
အဆိုပါ ပြပွဲအား ထိုင်းတက္ကသိုလ်ဘွဲ့ရ မြန်မာကျောင်း သားများအသင်း(AMAUT)မှကြီးမှူး၍ မြန်မာနိုင်ငံဆိုင် ရာ ထိုင်းနိုင်ငံသံရုံး၏ကူညီပံ့ပိုးမှုဖြင့် ထိုင်းနိုင်ငံမှ နိုင်ငံ တကာအဆင့်မီ တက္ကသိုလ်(၂၂)ခုကပါဝင်ပြသသွားမည်ဖြစ်သည်။
ပြပွဲအတွင်း၌ ထိုင်းနိုင်ငံမှ နာမည်ကြီးတက္ကသိုလ်များဖြစ်သည့် Assumption Unviersity , Bangkok University , Dhurakij Pundit University (DPU) , Dusit Thani College , IRPC Technological College , Kasetsart University (Faculty of Business Administration) , King Mongkut’s University of Technology North Bangkok (KMUTNB) , King Mongkut’s University of Technology Thonburi (KMUTT) , Krirk University , North Bangkok University , North Chiangmai University , Payap University , Prince of Songkla University(PSU, Phuket Campus) , Prince of Songkla University(PSU) , Prince of Songkla University(PSU) , Faculty of Medicine၊ Raffles International College , Southeast Bangkok University , Sripatum University International College(SPUIC), Stamford University , Thammasat Business School , Thammasat University , Thammasat University(Faculty of Economics, PBIC & TBS) , University of the Thai Chamber of Commerce(UTCC)တို့မှလည်း လာရောက်လေ့လာသူများအား တိုက်ရိုက်ဆွေးနွေးမှုများပြုလုပ်သွားမည်ဖြစ်သည်။
တက္ကသိုလ်ဝင်တန်းဖြေဆိုထားသူများ၊ International students with O level, A level , တက္ကသိုလ်တက်ရောက်နေသူများ၊ မဟာဘွဲ့တက်ရောက်လိုသူများ၊ ပါရ ဂူဘွဲ့တက်ရောက်လိုသူများအတွက် ပညာသင်ထောက် ပံ့ကြေးပုံစံအမျိုးမျိုးဖြင့် ပညာသင်ယူရန်စိတ်ဝင်စားသူများအားလာရောက်လေ့လာနိုင်မည်ဖြစ်ကာ From Study to Success: Future-Ready Skills, Career Pathways, and Scholarship Opportunities in Thailand အကြောင်းအား AMAUT တာဝန်ရှိသူများက ဆွေးနွေးသွားမည်ဖြစ်သည်။
