Friday, June 20, 2025

ဒုံးကျည်များစွာ မြောက်ကိုရီးယား ပ-စ်ခ-တ်ခဲ့ကြောင်း တောင်ကိုရီးယား...

မြောက်ကိုရီးယားသည် ကြာသပတေးနေ့နံနက်တွင် မြို့တော်ပြုံယမ်းအနီးရှိ ဆူနန်မှ အနောက်မြောက်ဘက်ဆီသို့ ဒုံးကျည် ၁၂ စီးကျော် ပ-စ်ခတ်ခဲ့ကြောင်း တောင်ကိုရီးယားစစ်တပ်က ပြောကြားခဲ့သည်။ အသေးစိတ်အချက်အလက်များကို ချက်ချင်းထုတ်ပြန်ခြင်းမရှိသေးပေ။ မြောက်ကိုရီးယားစစ်တပ်က ပ-စ်လွှတ်သည့်...

တောင်ငူ ခပေါင်းချောင်းရေ မြင့်တက်လာ အနိမ့်ပိုင်းရပ်ကွက်အချို့...

စစ်တောင်းမြစ်ရေ မြင့်တက်လာမှုနှင့်အတူ တောင်ငူမြို့၏ ခပေါင်းချောင်းရေ မြင့်တက်လာခြင်းကြောင့် အနိမ့်ပိုင်းရပ်ကွက်အချို့ ရေဝင်ရောက်နေကြောင်း ဒေသခံသတင်းရင်း မြစ်တစ်ဦးက ပြောသည်။ စစ်တောင်းမြစ်ရေ၏ စိုးရိမ်ရေမှတ်သည် (၆၁၁) စင်တီမီ...

ငလျင်အလွန်မြန်မာနိုင်ငံ၏ပြန်လည်ထူထောင်ရေးတိုးတက်မှုနှေးကွေးနေ

ဇွန် ၁၉ မတ်လအတွင်းက လှုပ်ခတ်ခဲ့သော ပြင်းထန်သည့်ငလျင်ဒဏ်ကြောင့် ပျ-က်စီးဆုံးရှုံးမှုတန်ဖိုး အမေရိကန်ဒေါ်လာတစ်ဘီလျံရှိမည်ဟု ကမ္ဘာ့ဘဏ်က ခန့်မှန်းထားပြီး မြန်မာနိုင်ငံသည် ကပ်ရောဂါဖြစ်ပွားပြီး နောက်ပိုင်း အဆိုးရွားဆုံး အခြေအနေသို့...

ကလပ်စတာဗုံး တပ်ဆင်ထားသော ဒုံးကျည် အီရန်ပစ်လွှတ်ဟု...

အီရန်နိုင်ငံသည် ကြာသပတေးနေ့ (ဇွန် ၁၉ ရက်) တွင် အစ္စရေးလ်နိုင်ငံသို့ ဒုံးကျည်တစ်စင်း ပစ်လွှတ်ခဲ့ရာ ထိခို-က်‌ေ-သဆုံးမှုများ တိုးပွားစေရန် ရည်ရွယ်၍ ကလပ်စတာဗုံးများ...
HomeNewsထိုင်းနိုင်ငံ‌မြောက်ပိုင်းမြစ်များတွင်အဆိပ်သင့် သတ္တုပါဝင်မှုများ

ထိုင်းနိုင်ငံ‌မြောက်ပိုင်းမြစ်များတွင်အဆိပ်သင့် သတ္တုပါဝင်မှုများ

ချင်းရိုင်ခရိုင် ကော့က်မြစ်နှင့် စိုင်းမြစ်တို့တွင် အာဆင်းနစ်နှင့် ခဲဓာတ်များ ပါဝင်မှုမျာပြားနေသည်ကို တွေ့ရှိခဲ့ပြီး ရေသန့်ရှင်းရေး၊ ဒေသခံငါးများ နှင့် ဒေသခံပြည်သူများအတွက် ကျန်းမာရေးအန္တရာယ် ဖြစ်နိုင်ခြေရှိသဖြင့် စိုးရိမ်မှုများ မြင့်တက်လာကြောင်း မကြာသေးမီက အစိုးရ၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

ချင်းမိုင်မြို့ ပတ်ဝန်းကျင်နှင့် လေထုညစ်ညမ်းမှု ထိန်းချုပ်ရေး အဖွဲ့ ရုံး ၁ မှ ၂၀၂၅ ခုနှစ် မေလတွင် ပြုလုပ်ခဲ့သော ရေမျက်နှာပြင် အရည်အသွေး စစ်ဆေးခြင်းမှ တွေ့ရှိချက်များကို ကောက်၊ မဲခေါင်နှင့် စိုင်းမြစ်များ အတွင်းသို့ စီးဝင်သော မြစ်လက်တက်များ ဖြတ်ကျော်သည့် အချက်အချာကျသည့် နေရာရှစ်ခုမှ ရေနမူနာကိုကောက်ယူကာ တွေ့ရှိချက်ကိုသတင်း ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

ခွန်၊ လာအို နှင့် စရုအေ မြစ်များမှ ရေနမူနာများသည် နိုင်ငံတော် ဘေးအန္တရာယ်ကင်းရှင်းရေးစံနှုန်းများနှင့် ကိုက်ညီသော်လည်း မဲခေါင်မြစ်များနှင့် စိုင်းမြစ်များအနီးရှိ နေရာအများအပြားတွင် အဆိပ်ရှိသောသတ္တုများပါဝင်မှုသည် များပြားနေသည်။ ဒေသခံငါးအများစုသည် အနာနှင့် ရောင်ရမ်းခြင်းလက္ခဏာများ ဖြစ်ပေါ်လျက်ရှိသည်။

ချင်းဆန်ခရိုင်ရှိ ကောက် မြစ်နှင့် မဲခေါင်မြစ်များဆုံရာ အနီးရှိ ကောက်ယူထားသော ရေနမူနာနှစ်ခုတွင် အာဆင်းနစ်ပါဝင်မှု ဝ.၀၃၁ မီလီဂရမ်/လီတာ နှင့် ဝ.၀၃၆ မီလီဂရမ်/လီတာ—တစ်နိုင်ငံလုံးအတိုင်းအတာ ကန့်သတ်ချက် ဝ.၀၁ မီလီဂရမ်/လီတာ ထက် ကျော်လွန်နေပါသည်။ ဤတွေ့ရှိချက်များက မဲခေါင်မြစ်၏ ဂေဟစနစ်ကို ထိခိုက်စေနိုင်သည့် အလားအလာရှိသော မြစ်ညာ‌ရေထုညစ်ညမ်းမှု အရင်းအမြစ်များကို ညွှန်ပြနေသည်။

အထူးသဖြင့် မယ်ဆိုင်ခရိုင်တွင် ပိုမိုဆိုးရွားသော ညစ်ညမ်းမှုကို တွေ့ရှိရသည်။ ဗန်ဟူးဖိုင်း တွင် ခဲပါဝင်မှုအဆင့်သည် ဝ.၀၅၈ မီလီဂရမ်/လီတာ နှင့် အာဆင်းနစ် ဝ.၄၄ မီလီဂရမ်/လီတာသို့ရောက်ရှိခဲ့သည်။ ဒုတိယမြောက် ထိုင်း-မြန်မာ ချစ်ကြည်ရေးတံတားတွင် ခဲပါဝင်မှုအား ဝ.၀၆၃ မီလီဂရမ်/လီတာ နှင့် အာဆင်းနစ်ပါဝင်မှု ဝ.၄၅ မီလီဂရမ်/လီတာရောက်ရှိနေကြောင်း တိုင်းတာခဲ့ပါသည်။ ခိုဟ်ချန် ခရိုင် ဗန်ပါစန်ငမ် တွင် ခဲပါဝင်မှုသည် ဝ.၀၆၆ မီလီဂရမ်/လီတာ ရောက်ရှိပြီး အာဆင်းနစ်ပါဝင်မှုသည် ဝ.၄၉ မီလီဂရမ်/လီတာ အထိ မြင့်တက်ခဲ့သည်။

အာဏာပိုင်များသည် ရေထုညစ်ညမ်းခြင်း၏ အရင်းအမြစ်ကို အတည်ပြုနိုင်ခြင်းမရှိသေးသော်လည်း လူထုကျန်းမာရေးနှင့် သဘာဝပတ်ဝန်းကျင်ကို ကာကွယ်ရန်အတွက် ချက်ခြင်းစုံစမ်းစစ်ဆေးရန်နှင့် ပြန်လည်ကုစားရေးကို ကြိုးပမ်းလုပ်ဆောင်ရန် သဘာဝပတ်ဝန်းကျင်အဖွဲ့များက တိုက်တွန်းထားသည်။

Ref: ဘန်ကောက်ပို့စ်

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ဒုံးကျည်များစွာ မြောက်ကိုရီးယား ပ-စ်ခ-တ်ခဲ့ကြောင်း တောင်ကိုရီးယား ပြောကြား

မြောက်ကိုရီးယားသည် ကြာသပတေးနေ့နံနက်တွင် မြို့တော်ပြုံယမ်းအနီးရှိ ဆူနန်မှ အနောက်မြောက်ဘက်ဆီသို့ ဒုံးကျည် ၁၂ စီးကျော် ပ-စ်ခတ်ခဲ့ကြောင်း တောင်ကိုရီးယားစစ်တပ်က ပြောကြားခဲ့သည်။ အသေးစိတ်အချက်အလက်များကို ချက်ချင်းထုတ်ပြန်ခြင်းမရှိသေးပေ။ မြောက်ကိုရီးယားစစ်တပ်က ပ-စ်လွှတ်သည့် ဒုံးကျည်များကို တောင်ကိုရီးယားက ပုံမှန်အားဖြင့် တာတိုပစ်ပဲ့ထိန်းဒုံးကျည်များအဖြစ် သတ်မှတ်‌လေ့ရှိသည်။ မြောက်ကိုရီးယားသည် ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ ဆုံးဖြတ်ချက်များအရ ပဲ့ထိန်းဒုံးကျည်များ အသုံးပြုခြင်းကို တားမြစ်ခြင်းခံထားရသည်။

တောင်ငူ ခပေါင်းချောင်းရေ မြင့်တက်လာ အနိမ့်ပိုင်းရပ်ကွက်အချို့ ရေဝင်ရောက်

စစ်တောင်းမြစ်ရေ မြင့်တက်လာမှုနှင့်အတူ တောင်ငူမြို့၏ ခပေါင်းချောင်းရေ မြင့်တက်လာခြင်းကြောင့် အနိမ့်ပိုင်းရပ်ကွက်အချို့ ရေဝင်ရောက်နေကြောင်း ဒေသခံသတင်းရင်း မြစ်တစ်ဦးက ပြောသည်။ စစ်တောင်းမြစ်ရေ၏ စိုးရိမ်ရေမှတ်သည် (၆၁၁) စင်တီမီ တာသတ်မှတ်ထားပြီး လက်ရှိတွင် (၅၀၀) စင်တီမီတာကျော်တွင်ရောက်ရှိနေကြောင်း ဆိုသည်။ ယနေ့ အစောပိုင်း နံနက် (၁) နာရီဝန်းကျင်၌ ခပေါင်းချောင်းရေမှာ အနိမ့်ပိုင်းရပ်ကွက် အချို့၏ မြစ်ကမ်းနဘေးဆောက်ထားသည့် အိမ်သာအချို့ ရေတို-က်စားသွားသည်ဟု ၎င်းက ပြောသည်။ "အခုတော့ အနိမ့်ပိုင်းရပ်ကွက်မှာ ခြေသလုံးလောက်တော့ ရေဝင်နေတာပေါ့။ မိုးကလည်းရွာနေတော့ စောင့်ကြည့်နေတယ်၊ ပြောင်း‌ရရွှေ့ရလောက်တဲ့အထိတော့ မဟုတ်သေးပါဘူး။ မိုးဆက်ရွာရင်တော့ ထပ်တက်မယ့်အခြေ...

ငလျင်အလွန်မြန်မာနိုင်ငံ၏ပြန်လည်ထူထောင်ရေးတိုးတက်မှုနှေးကွေးနေ

ဇွန် ၁၉ မတ်လအတွင်းက လှုပ်ခတ်ခဲ့သော ပြင်းထန်သည့်ငလျင်ဒဏ်ကြောင့် ပျ-က်စီးဆုံးရှုံးမှုတန်ဖိုး အမေရိကန်ဒေါ်လာတစ်ဘီလျံရှိမည်ဟု ကမ္ဘာ့ဘဏ်က ခန့်မှန်းထားပြီး မြန်မာနိုင်ငံသည် ကပ်ရောဂါဖြစ်ပွားပြီး နောက်ပိုင်း အဆိုးရွားဆုံး အခြေအနေသို့ ဦးတည်နေသည်ဟုဆိုသည်။ မတ်လ၂၈ ရက် နေ့က ပြင်းအား ၇ ဒသမ ၇ အဆင့်ရှိ ငလျင်လှုပ်ခတ်မှုကြောင့် လူ ၁၇ သန်းကျော် ထိခို-က်ခဲ့ပြီး မြန်မာ့ဂျီဒီပီ၏ သုံးပုံတစ်ပုံခန့်ရှိသည့် ဒေသများရှိ လူနေအိမ် အဆောက်အအုံများ၊ အများပြည်သူဆိုင်ရာ အခြေခံအဆောက်အဦးများနှင့် အမွေအနှစ်နေရာများ ပျ-က်စီးခဲ့ရသည်။ ငလျင်၏သက်ရောက်မှုသည် လူနေမှုဘဝနှင့် အသက်မွေးဝမ်းကျောင်းလုပ်ငန်းများကို အနှောင့်အယှက်ဖြစ်‌နေစေပြီး “ဘေးဒဏ်သင့်ဒေသများရှိ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071