Wednesday, August 5, 2026

ဆည်တော်ကြီးဆည် ရေပြည့်ရန် ၁ပေခွဲခန့်သာ လိုတော့သဖြင့်...

ကျေးရွာအချို့နှင့် ကပ်လျက်ရှိသော ချောင်းဘောင်များမှ ရေများ ကျော်လွန်စီးဝင်နေဖြင့် ပြည်သူများ အရေးပေါ်ပြောင်းရွှေ့ရန် နှိုးဆော် မန္တလေးတိုင်းဒေသကြီးရှိ ဆည်တော်ကြီးဆည်၏ ကန်ရေမှာ ရေပြည့်အမှတ်သို့ (၁)ပေခွဲခန့်သာ လိုတော့သည့်အတွက်...

လေးမျက်နှာမြို့နယ်တွင် ဆက်သွယ်ရေးပြန်လည်ရရှိစေရန် B2B Satellite...

လေးမျက်နှာ၊ သြဂုတ်-၄ ငဝန်မြစ်ရေဝင်ရောက်မှုကြောင့် ဆက်သွယ်ရေးပြတ်တောက်နေသည့် လေးမျက်နှာမြို့နယ်တွင် ဆက်သွယ်ရေးဝန်ဆောင်မှုများ ပြန်လည်ရရှိစေရန် B2B Satellite Terminal ၂ စုံနှင့် Call on...

သမ္မတ ဦးမင်းအောင်လှိုင် ဩဂုတ်လ ၆...

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် သမ္မတ ဦးမင်းအောင်လှိုင်ဟာ ထိုင်းဝန်ကြီးချုပ် အနုတင် ချာန်ဗီရာကူးလ်ရဲ့ ဖိတ်ကြားချက်အရ ၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၆ ရက်ကနေ ၇...

မိုးညှင်းမြို့၌ မိုးသည်းထန်စွာရွာသွန်း၍ မြို့ပေါ်ရပ် ကွက်များအတွင်း...

ကချင်ပြည်နယ်၊ မိုးညှင်းမြို့၌ ယနေ့ သြဂုတ် ၄ ရက်နံနက်ပိုင်းမှစတင်ပြီး မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မြို့ပေါ်ရပ်ကွက်များအတွင်းရှိ နေအိမ်များနှင့် လမ်း များပေါ်သို့ ရေဝင်/ရေကျော်မှုများဖြစ်ပေါ်လျက်ရှိကြောင်း သိရသည်။ ရေလည်ကျွန်းရပ်ကွက်၊...
HomeNewsLocal Newsထိုင်းနိုင်ငံဖက် လှိုဏ်ဂူအတွင်းပုန်းအောင်းနေသည့် မြန်မာနိုင်ငံသား...

ထိုင်းနိုင်ငံဖက် လှိုဏ်ဂူအတွင်းပုန်းအောင်းနေသည့် မြန်မာနိုင်ငံသား ၈၃ ဦးအားဖမ်းဆီးရမိ

(Unicode)

ထိုင်းနိုင်ငံဖက် လှိုဏ်ဂူအတွင်းပုန်းအောင်းနေသည့် မြန်မာနိုင်ငံသား ၈၃ ဦးအားဖမ်းဆီးရမိ

ထိုင်းနိုင်ငံ၌ အလုပ်လုပ်ကိုင်ရန် တရားမဝင်နယ် စပ်လမ်းကြောင်းမှတဆင့်ဝင်ရောက်လာသည့် မြန်မာနိုင်ငံသားများအား ဇန်နဝါရီ ၂၀ ရက်က ထောင်ဖာဖွန်ခရိုင်အတွင်း၌ဖမ်းဆီးရမိခဲ့သည်ဟု ထိုင်းဘုရင့်တပ်မတော်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ထုတ်ပြန်ခဲ့ကြောင်း ဒေသတွင်းသတင်းများတွင်ရေးသားဖော်ပြခဲ့သည်။

မြန်မာနိုင်ငံသား အမျိုးသား ၆၀ ဦး၊အမျိုးသမီး ၂၃ ဦး(စုစုပေါင်း ၈၃ ဦး)နှင့်လမ်းပြအဖြစ်ခေါ်ဆောင်လာသူ တစ်ဦးတို့အား ထောင်ဖာပွန်ခရိုင်အတွင်း၊ခေါင်လမ်အမျိုးသားဥယျာဥ်အတွင်းရှိ လှိုဏ်ဂူတစ်ခုအတွင်း၌ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။

ဘုရားသုံးဆူ၊မော်လမြိုင်၊ရန်ကုန်၊ပဲခူးနှင့်ထား ဝယ်မြို့တို့မှလာရောက်သူများဖြစ်ကာ တစ်ဦးလျင်နယ်စပ်ဖြတ်ကျော်၍ ထိုင်းနိုင်ငံရှိ စမွတ်စာခွန်၊ရက်ချဘူရီ၊ကန်ချဘူရီနှင့်ဘန်ကောက်တို့တွင် အလုပ်လုပ်ကိုင်ရန် ပွဲစားများအား တစ်ဦးလျင် ထိုင်းဘတ်ငွေ ၁ သောင်းမှ ၂ သောင်းခွဲထိ ပေးရကြောင်း သိရသည်။

အဆိုပါ မြန်မာနိုင်ငံသားများအား ကန်ချနဘူရီခရိုင်၊ထွန်ဖာဖူမြို့နယ်၊ထားခနူကျေးရွာအနီးရေ ပြင်၌ ကင်းလှည့်နေသည့် ထိုင်းဘုရင့်ရေတပ်မတော်၊ထိုင်းရဲတပ်ဖွဲ့၀င်များ၊ကျန်းမာရေးအဖွဲ့၀င်များနှင့်ကျေးရွာအုပ်ချုပ်ရေးအဖွဲ့တို့ပါ၀င်သည့် ပူးပေါင်းအဖွဲ့က ဖမ်းဆီးရမိခဲ့ပြီး ထွန်ဖာဖူရဲစခန်းသို့ လွှဲပြောင်းပေးခဲ့သည်ဟု ဒေသတွင်းသတင်းများ၌ရေးသားဖော်ပြထားသည်။

“ကျွန်တော်တို့တတ်နိုင်တဲ့ဖက်ကအကောင်းဆုံးကူညီပေးသွားမှာပါ လက်တလောအခုလိုပုံစံမျိုးနဲ့ဝင်လာတဲ့ မြန်မာတွေအများကြီးရှိတယ် ပွဲစားတွေရဲ့ တာဝန်ယူမှုတာဝန်ခံမှုမရှိတဲ့အတွက် အခုလိုအဖြစ်မျိုးကြုံရတာပါ တရားဝင်လမ်းကြောင်းကနေလာပြီး တခြားနိုင်ငံမှာအလုပ်လုပ်တာက တော့အကောင်းဆုံးပါပဲ”ဟုမြန်မာအလုပ်သမားများအရေးဆောင်ရွက်ပေးနေသည့် ထိုင်းနိုင်ငံရောက်မြန်မာအမျိုးသားတစ်ဦးကပြောသည်။

ထိုင်းနိုင်ငံမှ ၎င်းတို့နိုင်ငံအတွင်းတရားမဝင်လမ်းကြောင်းများမှဝင်ရောက်လာသူများအား စစ် ဆေးမှုများပြုလုပ်ပြီးနောက် နေရပ်သို့ပြန်လည်ပို့ဆောင်မှုများပြုလုပ်လျက်ရှိသည်။

(Zawgyi)

ထိုင္းႏိုင္ငံဖက္ လႈိဏ္ဂူအတြင္းပုန္းေအာင္းေနသည့္ ျမန္မာႏိုင္ငံသား ၈၃ ဦးအားဖမ္းဆီးရမိ

ထိုင္းႏိုင္ငံ၌ အလုပ္လုပ္ကိုင္ရန္ တရားမဝင္နယ္ စပ္လမ္းေၾကာင္းမွတဆင့္ဝင္ေရာက္လာသည့္ ျမန္မာႏိုင္ငံသားမ်ားအား ဇန္နဝါရီ ၂၀ ရက္က ေထာင္ဖာဖြန္ခ႐ိုင္အတြင္း၌ဖမ္းဆီးရမိခဲ့သည္ဟု ထိုင္းဘုရင့္တပ္မေတာ္ျပည္သူ႔ဆက္ဆံေရးဦးစီးဌာနက ထုတ္ျပန္ခဲ့ေၾကာင္း ေဒသတြင္းသတင္းမ်ားတြင္ေရးသားေဖာ္ျပခဲ့သည္။

ျမန္မာႏိုင္ငံသား အမ်ိဳးသား ၆၀ ဦး၊အမ်ိဳးသမီး ၂၃ ဦး(စုစုေပါင္း ၈၃ ဦး)ႏွင့္လမ္းျပအျဖစ္ေခၚေဆာင္လာသူ တစ္ဦးတို႔အား ေထာင္ဖာပြန္ခ႐ိုင္အတြင္း၊ေခါင္လမ္အမ်ိဳးသားဥယ်ာဥ္အတြင္းရွိ လႈိဏ္ဂူတစ္ခုအတြင္း၌ ဖမ္းဆီးရမိခဲ့ျခင္းျဖစ္သည္။

ဘုရားသုံးဆူ၊ေမာ္လၿမိဳင္၊ရန္ကုန္၊ပဲခူးႏွင့္ထား ဝယ္ၿမိဳ႕တို႔မွလာေရာက္သူမ်ားျဖစ္ကာ တစ္ဦးလ်င္နယ္စပ္ျဖတ္ေက်ာ္၍ ထိုင္းႏိုင္ငံရွိ စမြတ္စာခြန္၊ရက္ခ်ဘူရီ၊ကန္ခ်ဘူရီႏွင့္ဘန္ေကာက္တို႔တြင္ အလုပ္လုပ္ကိုင္ရန္ ပြဲစားမ်ားအား တစ္ဦးလ်င္ ထိုင္းဘတ္ေငြ ၁ ေသာင္းမွ ၂ ေသာင္းခြဲထိ ေပးရေၾကာင္း သိရသည္။

အဆိုပါ ျမန္မာႏိုင္ငံသားမ်ားအား ကန္ခ်နဘူရီခ႐ိုင္၊ထြန္ဖာဖူၿမိဳ႕နယ္၊ထားခႏူေက်း႐ြာအနီးေရ ျပင္၌ ကင္းလွည့္ေနသည့္ ထိုင္းဘုရင့္ေရတပ္မေတာ္၊ထိုင္းရဲတပ္ဖြဲ႕၀င္မ်ား၊က်န္းမာေရးအဖြဲ႕၀င္မ်ားႏွင့္ေက်း႐ြာအုပ္ခ်ဳပ္ေရးအဖြဲ႕တို႔ပါ၀င္သည့္ ပူးေပါင္းအဖြဲ႕က ဖမ္းဆီးရမိခဲ့ၿပီး ထြန္ဖာဖူရဲစခန္းသို႔ လႊဲေျပာင္းေပးခဲ့သည္ဟု ေဒသတြင္းသတင္းမ်ား၌ေရးသားေဖာ္ျပထားသည္။

“ကြၽန္ေတာ္တို႔တတ္ႏိုင္တဲ့ဖက္ကအေကာင္းဆုံးကူညီေပးသြားမွာပါ လက္တေလာအခုလိုပုံစံမ်ိဳးနဲ႔ဝင္လာတဲ့ ျမန္မာေတြအမ်ားႀကီးရွိတယ္ ပြဲစားေတြရဲ႕ တာဝန္ယူမႈတာဝန္ခံမႈမရွိတဲ့အတြက္ အခုလိုအျဖစ္မ်ိဳးႀကဳံရတာပါ တရားဝင္လမ္းေၾကာင္းကေနလာၿပီး တျခားႏိုင္ငံမွာအလုပ္လုပ္တာက ေတာ့အေကာင္းဆုံးပါပဲ”ဟုျမန္မာအလုပ္သမားမ်ားအေရးေဆာင္႐ြက္ေပးေနသည့္ ထိုင္းႏိုင္ငံေရာက္ျမန္မာအမ်ိဳးသားတစ္ဦးကေျပာသည္။

ထိုင္းႏိုင္ငံမွ ၎တို႔ႏိုင္ငံအတြင္းတရားမဝင္လမ္းေၾကာင္းမ်ားမွဝင္ေရာက္လာသူမ်ားအား စစ္ ေဆးမႈမ်ားျပဳလုပ္ၿပီးေနာက္ ေနရပ္သို႔ျပန္လည္ပို႔ေဆာင္မႈမ်ားျပဳလုပ္လ်က္ရွိသည္။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ယနေ့ မင်္ဂလာတောင်ညွှန့် နေအိမ်တိုက်ခန်းမီးလောင်မှုဖြစ်စဥ်၌ မွေးကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီးခိုးမွှန်၍ ဆေးရုံပို့ခဲ့ရ

ရန်ကုန်တိုင်း၊ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်ရှိ နေအိမ်တိုက်ခန်းတစ်ခု၏ ဒုတိယထပ်တွင် ဖေဖော်ဝါရီ ၁၅ ရက်(ယနေ့)မွန်းလွဲပိုင်းက Level 1 အဆင့်မီးလောင်မှုဖြစ်စဥ်တွင် မွေး ကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီုးခိုးမွှန်သွား၍ ဆေးရုံသို့ပို့ဆောင်ပေးခဲ့ရကြောင်း သိရသည်။ ယနေ့မွန်းလွဲ ၂ နာရီ ၅၀ မိနစ်ခန့်က မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်၊ (၁၂၂)လမ်း ၏ နေအိမ်တိုက်ခန်းတစ်ခု၏ဒုတိယထပ်ရှိ လျှပ်စစ်ပစ္စည်းဆိုင်မှ မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ် သည်။ မီးလောင်မှုအား တာမွေမြို့နယ်မီးသတ်စခန်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်မီးသတ်စခန်းတို့မှတပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းများက Level 1 အဆင့်ဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြသဖြင့် နေ့လည်...

ကောလင်းနှင့် ဘုတလင်တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂)ပါးနှင့် ကလေးငယ်(၂)ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ကောလင်းနှင့် ဘုတလင်မြို့တို့တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂) ပါးနှင့် ကလေး(၂) ဦး ထိမှန်ဒဏ်ရာရရှိခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီ (၁၃) ရက် မွန်းတည့်ပိုင်းက လက်နက်ကိုင်အဖွဲ့ဝင်များမှ ခေါပြင်ချောင်း တံတားအနီးမှ ကောလင်းမြို့၊ ကောလင်းမြို့အတွင်းသို့ ဗုံးပစ်လောင်ချာများဖြင့် ပစ်ခတ်ခဲ့သည့်အတွက် ကောလင်းမြို့၊ ကျော်ဇေယျာရပ်ကွက်ရှိ သုနန္ဒာရာမ ဘုန်းတော်ကြီးကျောင်းအတွင်းရှိ သာသနာရေးဝန်ကြီးဌာန၊ အမှတ်(၂)ဘုန်းတော်ကြီးသင်ပညာရေးကျောင်းစာသင်ဆောင်ပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။ ထိုသို့ ပေါက်ကွဲမှုကြောင့် စာသင်ဆောင်အတွင်း စာသင်ကြားနေသည့် ကိုရင်ရှင်အာသဖ(၁၄)နှစ်၊ ဝါတော်(၂)ဝါ၊ မောင်ဇင်ဝဏ္ဏဖြိုး(၁၃)နှစ်နှင့်မောင်ဝေလင်းအောင်...

ပုဂ္ဂလိကဆေးရုံအသစ်များ လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေဟု ကျန်းမာရေးဝန်ကြီးပြော

မြန်မာနိုင်ငံတွင်း ယခုဖေဖော်ဝါရီလအထိ ပုဂ္ဂလိကဆေးရုံပေါင်း ၂၇၀ ကိုလိုင်စင်ချထားကာ ဖွင့်ခွင့်ပြုထားပြီး ထပ်မံဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် ပုဂ္ဂလိကဆေးရုံအသစ်တွေကို လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေကြောင်း ကျန်းမာရေးဝန်ကြီးဒေါက်တာသက်ခိုင်ဝင်းက ပြောကြားခဲ့သည်။ ပုဂ္ဂလိက ကျန်းမာရေးကဏ္ဍဖွံဖြိုးတိုးတက်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနတွင် ပြုလုပ်သည့် အစည်းအဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းတွေကို တည်ဆဲဥပဒေ/နည်းဥပဒေများနဲ့အညီ စဉ်ဆက်မပြတ် ကြပ်မတ်နေပြီး လိုင်စင်အသစ်လျှောက်ထားသည့် အမှုတွဲတွေကို အမြန်ဆုံးလုပ်ငန်းလိုင်စင် ခွင့်ပြုနိုင်ရန် နေပြည်တော် အပါအဝင် တိုင်းဒေသကြီးအလိုက်တာဝန်ပေးထားသည့် ကျန်းမာရေးဌာနရှိ အထူးအဖွဲ့တွေက ကွင်းဆင်းစစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း၊ ယင်းကြောင့် ဆေးရုံသစ်ဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် လုပ်ငန်းရှင်တွေက လိုအပ်ချက်တွေကို အဆင်သင့်ပြင်ဆင်ဆောင်ရွက်ရန်လိုကြောင်း ၎င်းကဆိုသည်။ ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းများ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071