နိုင်ငံအလိုက်အဆင့်ရပ်တည်မှုကို ဆက်လက်ထိန်းနိုင်ခဲ့
ပြီးခဲ့သည့် ဒီဇင်ဘာလတွင် ထိုင်းနိုင်ငံ၌ ကျင်းပသည့် ၃၃ ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင် မြန်မာနိုင်ငံအနေဖြင့် အားကစားနည်း (၃၈) နည်းဖြင့် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြောင်း သိရသည်။
အဆိုပါပြိုင်ပွဲတွင် ရွှေတံဆိပ် (၃) ခု၊ငွေတံဆိပ် (၂၁) ခုနှင့် ကြေးတံဆိပ် (၄၈) ခု စုစုပေါင်း (၇၂) ခု ရရှိခဲ့ပြီး နိုင်ငံအလိုက်အဆင့်ရပ်တည်မှုကို ဆက်လက်ထိန်းနိုင်ခဲ့ကြောင်း အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်က ပြောသည်။
ယမန်နေ့က ကျင်းသည့် ၃၃ ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်နှင့် ပတ်သက်ပြီး ပြန်လည်သုံးသပ်ညှိနှိုင်းအစည်းဝေးတွင် ပြည်ထောင်စုဝန်ကြီးက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။
အားကစားနည်းများအလိုက်ပြိုင်ပွဲများ ဝင်ရောက်ယှဉ်ပြိုင်ရာ၌ နောက်ကျမကျန်စေခဲ့ဘဲ့ အမြော်အမြင်များစွာဖြင့် သုံးသပ်ယှဉ်ပြိုင်ကြပြီး အောင်မြင်မှုဆုတံဆိပ်များရရှိအောင် ဆက်လက်ကြိုးစာကြရန်လည်း ပြည်ထောင်စုဝန်ကြီး ကပြောသည်။
လာမည့်၃၄ ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင် ယခုပြိုင်ပွဲက အားနည်းချက်များကို ပြန်လည်သုံးသပ်ပြင်ဆင်ဆောင်ရွက်ကြရန်လည်း ပြည်ထောင်စုဝန်ကြီးက ပြောကြားခဲ့သည်။
၂၀၂၇ ခုနှစ် စက်တင်ဘာလတွင် ၃၄ ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲကို မလေးရှားနိုင်ငံ၌ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။
