ထိုင်းနိုင်ငံတွင် ကျင်းပမည့် မြားပ-စ်အားကစားနည်း ပူးတွဲလေ့ကျင့်မှုအစီအစဉ်နှင့် ချစ်ကြည်ရေးပြိုင်ပွဲကို ဝင်ရောက်ပြိုင်မည့် လက်ရွေးစင်ကစားသမားများ ယနေ့ အောက်တိုဘာ (၂)ရက်တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်မှထွက်ခွာသွားကြပြီဖြစ်ကြောင်း သိရသည်။
ပြိုင်ပွဲအား အောက်တိုဘာလ(၃)ရက်နေ့မှ (၉)ရက်အထိ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တွင် ကျင်းပသွားမည်ဖြစ်သည်။
ခရီးစဉ်သို့ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန၊ အားကစားနှင့် ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဒေါ်ကေသီ၊ အသင်းအုပ်ချုပ်သူ၊ နည်းပြ(၂) ဦး၊ အားကစားသမား(၉)ဦး စုစုပေါင်းအဖွဲ့ဝင်(၁၂)ဦးတို့ လိုက်ပါသွားကြောင်း သိရသည်။
အာဆိပါ မြန်မာမြားပစ်ကစားသမားများနှင့်အဖွဲ့အား အားကစားနှင့် ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦးနှင့် တာဝန်ရှိသူတို့က ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ လိုက်လံပို့ဆောင်နှုတ်ဆက်ခဲ့ကြောင်းသိရသည်။
